အပိုင်း (၁)......D

1.8K 96 2
                                    

Unicode

ထိုနေ့က မိုးသည်းသည်းရွာနေခဲ့သည်။
မိုးဦး ပင်ရှိသေးစေကာမူ အပြင်းအထန်ရွာချနေသော မိုးရေတို့က အငြှိုးဖြင့်ပင် လောကကြီးကို တိုက်ခိုက်နေဟန်ရှိသည်။ မီးပြတ်တောက်သွားသဖြင့် အိမ်ထဲ တွင် မှောင်မိုက်နေလျက် အလင်း ဟူ၍ အိမ်ရှေ့ တံခါးဝမှ အနည်းငယ်သာ မြင်တွေ့ရသည်။
မိုးချုန်းသံများကို ကြောက်ရွံ့တတ်သော ငါးနှစ်သာသာ ကလေးလေး တစ်ယောက် အဝါရောင်ဘဲပေါက်ရုပ်လေးအား တင်းတင်းသာ ဖက်တွယ်ထားကာ ရှိုက်ငိုမိတော့သည်။
မေမေ ကြာလိုက်တာ ပြန်လာပါတော့ သားသား အရမ်းကြောက်နေပြီ။.......
ရင်ထဲမှ တမ်းတစွာ ခေါ်နေမိသော်လည်း အမေဖြစ်သူ အတန်ကြာသည်အထိ ရောက်မလာခဲ့ပေ။ ကလေးသာသာပင် ရှိသေးသော်ငြားလည်း မမွေးခင်ကပင် ဖခင်ဖြစ်သူ ဆုံးပါးသွားသဖြင့် အဖေ ဟူ၍တစ်ခါမှ ခေါ်ခွင့် မရခဲ့ပါ။
အငို ကြာလာသောအခါ ဖောင်းအိအိ ပါးနှစ်ဖက် မှာ အနည်းငယ် ရဲတက်လာသည်။ သူ့မျက်ရည်ကို သူ လက်ပုပုလုံးလုံးလေးဖြင့်သာ သုတ်နေတော့သည်။
ထိုစဉ် အိမ်ရှေ့ တံခါးဝမှ ရှေ့တိုးလာသော ခြေသံများ စတင် ကြားရတော့ သည်။ မေမေ ပြန်လာလောက်ပြီ ဟု အထင် နှင့် ပြုံးပြုံး ကလေးပင်ပြေးလွှားသွားသော ကလေးလေး တစ်ယောက်။
"မေမေ!!!!"

မော့ကြည့်လိုက်သော် စောင့်ဆိုင်းနေခဲ့ရသော မိခင်ဖြစ်မနေခဲ့ပါ။
ထိုသူ့နေရာတွင် အရပ်အမောင်းရှည်လွန်းသော စမတ်ကျကျ အင်္ကျီနှင့် လူကြီးနှစ်ယောက်ပင်ဖြစ်သည်။
အံ့အားလည်းသင့် ကြောက်လည်းကြောက်နှင့် အရုပ်လေးသာ ပိုက်ကာ မော့ကြည့်နေသည်ကို ရုတ်တရက် မချီသွားခြင်းခံရသောကြောင့် ကလေးသံသာသာနှင့် ရုန်းကန် အော်ဟစ်နေတော့သည်။ အင်အားချင်းမမျှ
သဖြင့်အလွယ်တကူပင် ကလေးငယ်အား
ကားနက်ရှည်ကြီး​၏နောက်ခန်းတွင် ထိုးထည့်လိုက်သည်။

ကားပေါ်တွင် ကလေးအား အငိုတိတ်ရန်ပင် မချော့မော့ ဘဲ ကိုယ့်အထာနှင့် ကိုယ်ပင် ထိုင်နေကြပြန်သည်။

"သား အမေ ဘယ်မှာလဲ? ဦးလေး သားမေမေ့ဆီ ပြန်ချင်တယ် လိုက်ပို့ပေးပါနော်....."

Dear Jeon(ချစ်သောဂျွန်....)[Discontinued]Where stories live. Discover now