အပိုင်း(၅)......J

607 77 6
                                    

Unicode

ကျောင်းတက်မည့်ရက်မို့ ဂျောင်ကု စောစောထကာ ရေမိုးချိုးပြီး ထွက်လာသော် ဂျီမင်းအဆင်သင့်ပင်အဝတ် အစားတွေထုတ်ပေးထားကာ ခုတင်နား မတ်တပ်ရပ် စောင့်နေသည်။
တပတ်ကို ခါးလောက်မှ စ၍ပတ်ထားသော ရေချိုးခန်းမှ ခေါင်းသုတ်ထွက်လာတဲ့သူကို ဂျီမင်း မြင်တော့ မမြင်ချင် ယောင်ဆောင်ကာ ချက်ချင်းအကြည့်လွှဲလိုက်သည်။ မိုမောက်နေသော ပါးနှစ်ဖက်မှာလည်း နီရဲလို့။

"ကိုကိုလေး.......ဒီမှာပါ"
ခေါင်းငုံ့ထားလျက်နှင့် ကမ်းပေးလာသော လက်တစ်စုံ။

ရိပ်မိသွားသော ဂျောင်ကု တမင်တကာပင် ဂျီမင်းလက်ထဲမှ အင်္ကျီအားဆွဲယူလိုက်သည်။ ထို့နောက် အရိပ်ကလေးကိုယ်ရှေ့တိုးကာ သူ့ကိုမကြည့်ကြည့်မိအောင်ပင် ဝင်သက် ထွက်သက် နီးကပ်လာသည်အထိ ပိတ်ရပ်လိုက် သည်။
အပေါ်မှ ငုံ့မိုးကြည့်နေသောကြောင့် အနေရခက်သော အရိပ်ကလေးမှာလည်း ခေါင်းမဝံ့တဝံ့ မော့ကြည့်လိုက် သော် အကြည့်ချင်းဆုံမိသွားသည်။

ဒီလိုမျိုး မပြုစားပါနဲ့.....ကိုကိုလေးရယ်။ အခြေအနေအမှန်တွေ အကုန်မေ့ပြီး ကျွန်တော်ဆိုတဲ့ကောင်က အရမ်းပျော်နေမိတတ်လို့ပါ။

"ပြီးသွားပြီလား"
ရင်ခုန်နှုန်းများ မရပ်တန့်သေးခင် မေးလာသော စကားကြောင့် ဂျီမင်း ထိုအခါမှအသိစိတ်ပြန်ကပ်သွားသည်။
ခန္ဓာကိုယ်နှစ်ခုကတော့ ခုနကလို ပူးကပ်ဆဲ။

"ဗျာ........"
"ရာသီလာတာ ပြီးပြီလားလို့......."
​ဂျီမင်း လေးရက်တိတိ လာတတ်ကြောင်း မှတ်ထားတတ် သော ကောင်လေးက ပွင့်ပွင့်လင်းလင်းမေးမြန်းလာပြန် တော့ ဂျီမင်း ထိုနေရာမှာပင် အရှက်တွေကြီးကာ အသက်ရှူကျပ်လာသည်။ ဂျီမင်းအကြောင်းကိုဆို မျက်နှာအမူအရာဟန်ပန် တွေကအစ အကုန်သိတာ။

"ဟုတ်......"
တစ်လုံးတည်းသာ​ဖြေနိုင်တော့သည်လေ။ ခေါင်းကတော့ ငုံ့ထားစမြဲ။ ဂျီမင်း​၏ မျက်နှာအမူအရာတွေကို အပေါ်စီးမှတောက်လျှောက်ကြည့်နေသော ဂျောင်ကု မကျယ်မလောင် ရယ်မိလိုက်သည်။

"ကောင်းတယ်~မင်းကို ခိုင်းစရာတွေ အများကြီး"
တို့နောက် ဘာမှမဖြစ်ခဲ့သလိုပင် ကျောင်းသွားရန် ပြင်ဆင် ပြီး အောက်ဆင်းလာသည်။ ဪ......သံယောဇဉ်ရှိတဲ့သူကသာ အမျိုးမျိုးခံစားနေရတာ။ မသိတဲ့သူကတော့ လုံးဝကိုမသိတာ။ဂျီမင်းလည်း လိုက်ဆင်းကာ နံနက်စာ စားနေသော ဂျောင်ကုကို ဘေးမှ ရပ်စောင့်ပေးလိုက်သည်။

Dear Jeon(ချစ်သောဂျွန်....)[Discontinued]Where stories live. Discover now