အပိုင်း(၃)......A

617 72 1
                                    

Unicode

ဆယ့်သုံးနှစ်ကြာသော်......

ဂျီမင်း p.o.v

ရာသီတွေ အလီလီပြောင်းလဲသွားတယ်။ စံအိမ်ကြီးထဲမှာတော့ မပြောင်းလဲဘဲ ကျွန်တော် ဆက်နေထိုင်နေတယ်.....သွားစရာနေရာမရှိသလို သွားချင်စိတ်တွေလည်း ကုန်ခမ်းသွားခဲ့လို့ပေါ့။
တစ်ခါတစ်လေ အမေ့ကို အရမ်းသတိရမိပေမယ့် အဲ့ဒါထက် ဂျောင်ကုဆိုတဲ့သူ နဲ့ ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို ပိုပြီး ကျေးဇူးတင်နေမိတယ်။
ကံကြမ္မာက အရာအားလုံးကို စီစဉ်ထားသလိုပဲ သူနဲ့ တွေ့ခဲ့တာ မတော်တဆမဖြစ်နိုင်ပါ။
အတူတူ ဖြတ်သန်းလာတဲ့ ဆယ်သုံးနှစ် အတွင်းမှာပဲ မထင်မှတ်ထားတဲ့ ခံစားချက်တွေ၊ ရင်ခုန်သံတွေ ကျွန်တော် ခံစားတတ်လာသည်။
ထို သံယောဇဉ်ကြိုးသည် အပြင်ပိုင်း အဆင့်အတန်း၊ ဂုဏ်၊ ဖြစ်တည်မှုတွေကို မေ့ထားပြီး ကျွန်တော်မရိပ်မိခင်မှာပင် သူ့အလိုလို နှလုံးသားထဲက တွယ်ငြိသွားရသည်။
မတားဆီးနိုင်ခဲ့ပေမယ့် ဖွင့်ဟ၍တော့ မပြောခဲ့ပါ။
ထို သံယောဇဉ်ကြိုးကို အချစ်ဟု အရှက်မဲ့စွာ ကျွန်တော် အမည်ပေးခဲ့သည်။
ကျွန်တော့် အချစ်တွေကို သူ့ စိတ်တိုင်းကျ နေပေးခြင်းဖြင့်သာ အမြဲပေးဆပ်ခဲ့သည်။ သူ ပျော်လျှင် ကျွန်တော် မသိလိုက်ခင်မှာပင် ရင်ထဲ ကြည်နူးနွေးထွေးနေတတ်သည်။ ပေးဆပ်ချင်လာသည်.....။

သူနဲ့ ပတ်သက်တဲ့ အရာရာကို ကျွန်တော် မြတ်နိုးတယ်။..........

ပြုံးလိုက်လျှင် ခန့်ညားပြီးသား မျက်နှာလေးမှာ ပို၍ပင် သက်ဝင် ချောမောလာသည်။
ရှည်လွန်းတဲ့ အရပ်အမောင်းရဲ့ လက်မောင်း အော
က်နားသာ ကျွန်တော့်ခေါင်းမီသည်။
သဘောကျသည်...........အေးစက်စက် အပြုအမူများနှင့် လိုက်ဖက်လွန်းသူကို။
ပညာအရည်အချင်း လည်း ရှိ၊ အသိုင်းအဝိုင်းကောင်းလည်း ရှိ၊ ရုပ်ရည်လည်း အလွန် တည်ကြည် ခန့် ညားနေသူမို့ ပတ်ဝန်းကျင်​၏ အလေးပေးခြင်းကို ခံရစမြဲသာ။

သူ ဒီနှစ်ဆို အထက်တန်း နှောက်ဆုံးနှစ်တောင် ရောက်နေပြီ။ သူက ကြိုးစားတဲ့သူဆိုတော့ အောင်မြင်မှုရမှာတထစ်ချပါပဲ။ တစ်ခါတလေ အံ့ဩမိတယ်...... ဘဝမှာ သူ့လောက်ပြည့်စုံတဲ့သူ မတွေ့ဖူးဘူးမို့။
ကျွန်တော် ကြယ်ကြွေတိုင်း ဆုတောင်းမိတယ်။
ချစ်ရသူ အမြဲ ပျော်ရွှင်နိုင်ပါစေလို့။ သူ ဘယ်လောက်ပဲကျွန်တော့်ကို နှိပ်စက်ခဲ့ပါစေ.....သူ့အပေါ်ထားတဲ့ ကျွန်တော့် အချစ်တွေကို ကိုယ့်ကိုယ်ကို သံသယ မဖြစ်ဖူးပါ။
အချစ်က အရမ်းခမ်းနားနေဖို့ မလိုပါဘူး........။
ထာဝရချစ်နေနိုင်ဖို့ပဲ မဟုတ်လား.....။

Dear Jeon(ချစ်သောဂျွန်....)[Discontinued]Where stories live. Discover now