အပိုင်း(၆).......E

746 81 6
                                    

Unicode

ဂျောင်ကု p.o.v.

ဒီနေ့ နံနက် (၁၀) နာရီလောက်မှာ အမေအိမ်ပြန်ရောက်မယ် ဆိုလို့ ကျွန်တော် လက်စသတ်စရာအလုပ်အနည်းငယ်ကို ညကတည်းကပင် ပြီးစီးအောင် လုပ်ထားခဲ့သည်။ နာရီကို တစ်ချက်ကြည့်တော့ ၈:၁၅......။
အောက်ထပ်ဆင်း၍ နံနက်စာစားရန် ဝင်ထိုင်လိုက်သည်။ ဂျီမင်းကိုတော့ ခုထိမတွေ့မိသေး။ ဒီကောင်လေး ဘယ်ရောက်ပြန်ပြီလဲ......တွေးနေရင်းမှာပင် မီးဖိုခန်းထဲမှ ထွက်လာသည်။

"ကိုကိုလေး.....ဆင်းလာပြီလား။ ဂျီမင်းတို့ အကုန် ပြင်ဆင်ပြီးပြီ"

​မေးရန်ပင်မလို အလိုက်သတိဝင်ဖြေလိုက်ကာ ဘေးမှာရပ် စောင့်နေသောအရိပ်လေး။ ကျွန်တော် သူဖျော်ပေးထားသောကော်ဖီပြင်းပြင်းတစ်ခွက်ကို မော့ပြီး ခေါင်းညိတ်ပြလိုက်သည်။ ကော်ဖီခါးခါးသာ နှစ်သက်သော ကျွန်တော် တစ်ခါတစ်လေတော့ အချိုအရသာကိုမြည်းစမ်းမိချင် သည်။ သို့သော် ကြိုးစားတိုင်း မနှစ်သက်သည့် ရလဒ်မှ မပြောင်းလဲခဲ့ပါ။

"သူဌေးက ရောက်တော့မှာလားဟင်"

"၁၀:၀၀ နာရီရောက်မှာ"

"အော်.....ရောက်တော့မှာပဲ"

"ပတ်ခ်ဂျီမင်း.....မင်းရေရောချိုးပြီးပြီလား"

အမေပြန်ရောက်မည့်နေ့တွင် အစွန်းကွက်အချို့နှင့်အင်္ကျီအဝါဖျော့ရောင် ဝတ်ဆင်ထားသော စုတ်ပြတ်နေသည့် သူ့ပုံစံကိုကြည့်၍ ကျွန်တော် အတော်စိတ်ပျက်မိသည်။ ကျွန်တော်ပြောလိုက်မှ သူ့ကိုယ်သူပြန်ကြည့်ပြီး နားမလည်သည့်ဟန် ခေါင်းညိတ်ပြသည်။

"ဟုတ်....ချိုးပြီးပါပြီ...ကိုလေး။ ဘာလို့လဲဟင်"

"မင်းစုတ်ပြတ်နေတာကလည်း တော်ရုံမဟုတ်ဘူး....သွား!! အဲ့ထက်ကောင်းတာ ဝတ်လာခဲ့"

ငေါက်လိုက်ခါမှ မျက်နှာလေး တငယ်ငယ်နှင့် သူ့အခန်းငယ်ထဲ လဲရန်ဝင်သွားတော့သည်။ ကျွန်တော့်စိတ်ကလည်း အမြင်မတော်တာတွေတွေ့ရင် အဲ့လိုဆတ်တာ။ ဟုတ်တယ်လေ......အမေဆိုပေမယ့်ဒီမှာအမြဲနေတာမှ မဟုတ်ဘဲ။ တစ်ခါတလေလာတာကို နည်းနည်းတော့ သန့်သန့်ပြန့်ပြန့် ဝတ်ရမှာပေါ့။
~~~~~

Dear Jeon(ချစ်သောဂျွန်....)[Discontinued]Donde viven las historias. Descúbrelo ahora