အပိုင်း (၂)......E

662 83 3
                                    

Unicode

ထို နေ့ နောက်ပိုင်းမှစ၍ ဂျောင်ကု အလိုကျပင် ကလေးလေးမှာ ပါးနပ်စွာ နေထိုင်ခဲ့ရသည်။
ဂျီမင်းမှာ စံအိမ်​၏နောက်ဘက်တွင်ရှိသော အခန်းမကျဉ်းမကျယ်လေးတွင် နေသည်။ ကလေးနှင့်ပင် မတူအောင် အလိုက်သိလွန်းသဖြင့် နံနက်ဆိုလျှင် ဂျောင်ကု မနိုးမီပင် စောစောထ၍ လှေကားထစ်များအား ကြမ်းတိုက်လေသည်။ အလုပ်ကြိုးစားရင် အိမ်ကလူတွေပိုချစ်မယ်မျှော်လင့်ချက်ကလေးနဲ့ပေါ့။......

ကလေးဆိုရုံသာရှိသေးသဖြင့် တတ်နိုင်
သလောက်သာ ကူညီလုပ်ကိုင်ရသည်။
ယနေ့ ကျောင်းတက်ရမည့် နေ့ဖြစ်သောကြောင့် အပေါ်ထပ်သို့တက်သွားသည်။
အလုပ်သမား ဆိုသော ပညတ်ချက်ဖြင့် ဂျီမင်းအား ကျောင်းမထားပေးခဲ့ကြပါ။ဂျီမင်းလေးမှာတော့ လွယ်အိတ်လေးလွယ်ပြီး ကျောင်းနေ့တိုင်းသွားနေတဲ့ ဂျောင်ကုကျောပြင်လေးကို ငေးပြီး အားကျခဲ့ရလေသည်။ ထို့ကြောင့် အားလျှင် အားသလို ဂျောင်ကု လွှင့်ပစ်ထားသော စာအုပ်လေးများနှင့် ရောင်စုံခဲတံလေးများအား စုဆောင်းကာ တိတ်တိတ်လေး ပုံဆွဲလေ့ရှိသည်။သင်ပေးမည့်သူ မရှိသဖြင့် စာ မရေးတတ်သော်လည်း စိတ်ကူးထွက်သလိုပင် ရုပ်ပုံလေးများအား ဆွဲနိုင်သည်။

အခန်းရှေ့ရောက်သော် ဂျောင်ကု အခန်းတံခါးလေးအား အသာအယာ ခေါက်လိုက်သည်။

"ကိုကိုလေး..... ထချိန်တန်ပြီ"
...........
​အဖြေ မကြားရသဖြင့် တံခါးအား တိုးတိုးသာသာ ဖွင့်လိုက်သော် အအိပ်မပျက်သော ဂျောင်ကုကိုသာ တွေ့မြင်ရသောအခါ ဂျီမင်း ပါးပြင်ထက်တွင် အပြုံးများ သမ်းလာသည်။ ငယ်စဉ်ကပင် အကြောင်းပြချက်မဲ့ ဂျောင်ကု အား သံယောဇဉ်တွယ်တာသွားသည်။ ဂျောင်ကု ဆိုးသမျှ ခံရသည့် နောက်ကွယ်တွင် သူဌေးသားလေးအား အလွန်ချစ်ခင်သွားရသည်။

"ကိုကိုလေး~.... "
အသာအယာ လှုပ်နှိုးလိုက်သော် ဂျောင်ကုလက်ကြောများဆန့်ကာ အိပ်ချင်မူးတူး မျက်နှာလေးနှင့် ငြီးလာတော့သည်။ဂျီမင်းခင်မျာ ရယ်ချင်စိတ်များ ထိန်းထားရသည်။

"ဘယ်အချိန်ရှိပြီလဲ?"

"(၇) နာရီ ပါ ကိုကိုလေး..."

Dear Jeon(ချစ်သောဂျွန်....)[Discontinued]Where stories live. Discover now