အပိုင်း(၄)...... R

614 75 3
                                    

Unicode

ဂျောင်ကု p.o.v

ကျွန်တော် ဒီမနက်နိုးတော့ မနေ့က သောက်ထားတဲ့ အရှိန်နဲ့ နည်းနည်းတော့ ခေါင်းကိုက်နေသေးတယ်။အကြောဆန့်ကာ ရေချိုးမယ်လုပ်တော့ ဖုန်းရုတ်တရက် မြည်လာသည်။

"ဟယ်လို အမိန့်ရှိပါ"
အိပ်ချင်မူးတူးနှင့် သာဖြေလိုက်သည်။ စနေနေ့ဖြစ်၍ ကျောင်းပိတ်ရက်မို့ အနည်းငယ် စိတ်သက်သာရာရသည်။

"ဂျောင်ကု... နိုးပြီလား သား"
အခြားလူ မဟုတ်၊ ကျွန်တော့်အဖေပင်ဖြစ်သည်။ အဖေသည် ကုမ္ပဏီတစ်ခုတည်း ကြီးကြပ်ရသည်မဟုတ်၊ လုပ်ငန်းစု ပိုင်ရှင်ဖြစ်သောကြောင့် အိမ်ပြန်လာသည်ကား အလွန်ရှားသည်။ ကျွန်တော်တို့ စံအိမ်နှင့် ဝေးသော Jeon resort တစ်ခုတွင်သာ နေထိုင်သည်။ ထိုနေရာတွင် အစည်းအဝေးများလည်း မကြာခဏ ကျင်းပတတ်သည်။ ထို့ကြောင့် အဖေ့ဆီ မလည်ဖြစ်သည်ကား နှစ်လတိတိပင်ရှိနေပြီ။

"ဘာကိစ္စရှိလို့လဲ အဖေ"

"မင်း အမေ နောက်ပတ်ပြန်လာမှာ သိတယ်မလား"

"နောက်ပတ်လား"
မေမေကတော့ အခုလောလောဆယ် Switzerland တွင်နေသည်။ ကျွန်တော် အထက်တန်းပထမနှစ်မှာ သူ့ကိုယ်ပိုင် ဖက်ရှင်တံဆိပ် တည်ထောင်ပြီးနောက် Switzerland တွင် ရုံးစိုက်သောကြောင့် မအားလပ်နိုင်တော့ပါ။ အမြဲပင် ခရီးသွားနေရ၍ အများအားဖြင့် ရက်ရှည်ခရီးပင်ဖြစ်သည်။ အခုတစ်ခေါက်မှာမူ သုံးလပင်ပြည့်နေပြီဖြစ်သောကြောင့် ပြန်လာရန် ပြင်နေခြင်းဖြစ်မည်။

"အင်.....ဗုဒ္ဓဟူးနေ့။ အဲ့ဒါကြောင့် အိမ်ဖော်တွေကို အစားအသောက်တွေ ကောင်းကောင်း ပြင်ဆင်ထားခိုင်းလိုက်ဦး။ အဖေလည်းပြန်လာမှာ..."

"သိပါပြီ....ပြင်ဆင်ထားလိုက်မယ်"

ကျွန်တော် ဆိုကာ ဖုန်းအရင်ချလိုက်သည်။ ထို့နောက် ရေမိုးချိုးလိုက်သည်။

နံနက်စာစားရန် အိမ်အောက်ဆင်းတော့ အဆင်သင့်စောင့် နေရမည့်သူကို မတွေ့သဖြင့် ပူထူသွားသည်။ အတန်တန် သတိပေးသော်လည်း သတိလက်လွတ် အိပ်ရာထ နောက်ကျလျှင် အပြစ်ပေးရဦးမည်။ ဂျီမင်း.....မင်းတော့ သေဖို့သာပြင်ထား။

Dear Jeon(ချစ်သောဂျွန်....)[Discontinued]Where stories live. Discover now