Unicode
အခန်း-၁
နေဝင်ပြီဆိုတာနဲ့ အအေးပိုကဲလာရုံမက ပတ်၀န်းကျင်တစ်ခုလုံး မြူဆိုင်းနေတဲ့ရာသီဥတုဟာ ဆောင်းရောက်ပြီဖြစ်ကြောင်း သတိပေးနေဟန်ရှိသည်။
"ကျောင်းအပြင်ထွက်မှာ မနက်ဖြန်မနက်လား
နမ်ဂျွန်"စာသင်ချိန်ပြီးလို့ အိပ်ဆောင်ပြန်တဲ့လမ်းမှာ ဟိုဆော့ကမေးလာတယ်၊
"ဟုတ်တယ် ဟိုဆော့~မနက်ဖြန် နေမထွက်ခင် သွားဖြစ်မယ်"
ဟိုဆော့က သူ့စကားကို ခေါင်းငြိမ့်ရင်း
"ကျောင်းအပြင်မှာ နှစ်ရက်နေမှာဆိုတော့ ဂရုစိုက်ကြ~ နမ်ဂျွန့်စကားကို နားထောင်နော် ဂျီမင်း"
"ဟုတ်ကဲ့ပါ အစ်ကိုဟိုဆော့ရယ်၊ ကျွန်တော် လိမ်လိမ်မာမာနေပါ့မယ်"
ဂျီမင်းက ပြုံးပြီး ပြန်ဖြေတယ်။
နှင်းကြည့်ရတော့မှာမို့ ပျော်နေပုံရတဲ့ ဂျီမင်းမျက်နှာလေးကိုမြင်ရတော့ စာမေးပွဲမှာပထမရဖို့ နေ့နေ့ညညကြိုးစားခဲ့ရတာတွေက ထိုက်တန်တယ်လို့ခံစားမိတယ်။
တကယ်ဆို စာမေးပွဲမှာထိပ်ဆုံးက
အောင်မြင်ဖို့ နမ်ဂျွန် စိတ်မ၀င်စားလှပါ။
ဂျီမင်းဆန္ဒကို ဖြည့်ဆည်းပေးချင်ပေမယ့် ကျောင်းအပြင်ကို ခိုးထွက်ဖို့လည်း
မလုပ်ချင်တာကြောင့် ခွင့်ပြုချက်ရဖို့ စာမေးပွဲမှာ ထိပ်ဆုံးကအောင်မြင်အောင်ကြိုးစားခဲ့ခြင်းသာ။ဂျီမင်းရဲ့ ဆန္ဒတွေ၊ ပျော်ရွှင်မှုတွေကို
အမြဲဖြည့်ဆည်းပေးတဲ့နိုင်တဲ့သူ ဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲ~အခန်း-၂
အိပ်ဆောင်ပြန်ရောက်တော့ နမ်ဂျွန်နဲ့
ထယ်ယောင်းစကားဆက်ပြောဖြစ်ကြတယ်"ဂျီမင်းကို ဘယ်လိုမြင်လဲ ထယ်ယောင်း~"
အဆက်စပ်မရှိမေးလာတဲ့ သူ့စကားကို
ထယ်ယောင်းက အံ့သြသွားဟန်ရှိသည်။"ဂျီမင်းက လျှို့ဝှက်တယ် အစ်ကိုနမ်ဂျွန်~
စသိလာကတည်းက အခုချိန်ထိ
ကျွန်တော်တို့နောက်ကြောင်းကိုမမေးသလို၊ သူ့အကြောင်းကိုလည်းမပြောပြဘူး"
YOU ARE READING
Beyond the Pain(Completed)
FanfictionMy Love is Beyond the Pain Main Couple - Minjoon Side Couple - Vhope 27.6.20 (Sat)