အပိုင်း-၇

626 98 24
                                    

Unicode

အခန်း-၁

အအေးဓာတ်လွှမ်းခြုံထားတဲ့မနက်ခင်းမှာ
နမ်ဂျွန်နိုးထလာတော့ ပထမဆုံးသတိရမိတာ
ဂျီမင်းကိုဖြစ်သည်။ မင်းသားတစ်ယောက်ဖြစ်တဲ့အတွက်ဘဝမှာ လိုအပ်ချက်မရှိခဲ့ပေ
မယ့် ကံကောင်းတယ်လို့မခံစားခဲ့ရ။ ဂျီမင်အချစ်ကို ပိုင်ဆိုင်လိုက်ရချိန်မှာတော့ ဒီကမ္ဘာမှာ ကိုယ့်လောက် ကံကောင်းတဲ့သူမရှိတော့ဘူးတောင်ထင်မိတာ။

ဂျီမင်းဟာ  အမြဲတမ်းချွဲနွဲ့နေတာမျိုးမဟုတ်ပေယ့် ပြုံးပြီးစကားလေးပြောလိုက်ရင်ကို အလိုလိုချစ်စရာကောင်းနေတော့လည်း
နမ်ဂျွန်မှာအသည်းတယားယားဖြစ်ရလေသည်။

မြင်နေရတာကိုတောင် လွမ်းနေမိတဲ့ သူ့နှလုံးသားဟာ အနည်းငယ်တော့ ထူးဆန်းတယ်။ ဖြစ်နိုင်ရင် ဂျီမင်းလေးကို သွားလေရာ အိပ်ကပ်ထဲထည့်ပြီးသယ်သွားချင်တာ။

အခုလည်း စာသင်ဆောင်သွားတဲ့လမ်းမှာထယ်ယောင်းနဲ့ ညကကြားရတဲ့ ငှက်အော်သံက ဘာငှက်လဲဆိုတာ ငြင်းခုံနေတဲ့ ဂျီမင်းဟာဘူဟွာတောင်က ပြန်လာပြီးကတည်းက
နမ်ဂျွန်တို့သုံးယောက်နဲ့ ပိုရင်းနှီးလာခဲ့တာဖြစ်သည်။

ဟိုဆော့ကို အစ်ကိုတစ်ယောက်လို ချစ်ကြောက်ရိုသေပေမယ့် ရွယ်တူဖြစ်တဲ့
ထယ်ယောင်းနဲ့တော့ သူငယ်ချင်းဖြစ်ကာ အခုလိုပဲ မကြာခဏငြင်းခုံကြလေသည်။

"ဒါဆိုငါတို့ ~ဒီည ငှက်အော်သံကြားတာနဲ့ အစ်ကိုနမ်ဂျွန်နဲ့ အစ်ကိုဟိုဆော့ကိုပါနှိုးပြီး သွားကြည့်ကြမလား~ထယ်ယောင်း"

"အေး~သွားကြည့်ကြမယ်...ရှုံးတဲ့သူက နိုင်တဲ့သူခိုင်းတာ လုပ်ပေးကြေးနော်"

အခဲမကြေသလိုပြောလာတဲ့ ဂျီမင်းကို ထယ်​ယောင်းကပြန်စိန်ခေါ်လေသည်။

အလောင်းအစားတောင် လုပ်နေသေးတဲ့
အငယ်နှစ်ယောက်ကို ကြည့်ပြီး နမ်ဂျွန်နဲ့
ဟိုဆော့ အသာခေါင်းရမ်းရင်း ပြုံးမိတော့တယ်။

အခန်း-၂

"အစ်ကိုနမ်ဂျွန်...အစ်ကိုနမ်ဂျွန်..."

ခပ်ဖွဖွလှုပ်နှိုးသံကြောင့် ကြည့်လိုက်တော့
ဂျီမင်းလေး။
အချိန်က သန်းခေါင်ယံရောက်လုပြီကို ဘာဖြစ်လို့ပါလိမ့်။

Beyond the Pain(Completed)Where stories live. Discover now