အပိုင်း-၄

768 109 10
                                    

Unicode

အခန်း -၁

အေးမြနေသောမနက်ခင်းအချိန်တွင် နမ်ဂျွန်တို့ ထမင်းစားဆောင်သို့ ထွက်လာခဲ့ကြသည်။  ဆောင်းပုံရိပ် ပိုပီပြင်လာတဲ့
ရာသီဥတုကြောင့်  ပတ်၀န်းကျင်တစ်ခုလုံး မြူတွေ ရစ်သိုင်းလျှက်ရှိသည်။ ဒီအတိုင်းဆို မကြာခင် နှင်းကျတော့မည့်ပုံပေါ်သည်။

"ဟတ်......ချိုး"

နှာခေါင်းထိပ်လေးနီပြီး နှာရည်တရှုံ့ရှုံ့ဖြစ်နေတဲ့ ဂျီမင်းဟာ အအေးမိနေပုံရတယ်။ ဂျီမင်းက သူ့အပြစ်သူသိတာကြောင့် ဟိုဆော့ကို မျက်နှာချိုသွေးရင်း ရယ်ပြတယ်။

မနေ့ညနေက ရေချိုးဆောင်သွားကြတော့
အအေးဓာတ်ပိုလာတဲ့ရာသီဥတုကြောင့် 
ရေမြန်မြန်ချိုးရန် ဟိုဆော့ကပြောသော်လည်း  ဂျီမင်းဟာ 
စကားနားမထောင်။နောက်ဆုံးတော့ ဟိုဆော့ဆူတာခံရတော့သည်။

အခုလည်း ဟိုဆော့က ဆူဖို့ပြင်နေပြီ။

"အစ်ကိုဟိုဆော့ ကျွန်တော်တို့ ဒီည စာကျက်ရဦးမှာလား" 

ထယ်ယောင်းအမေး​ကို
 ဟိုဆော့ အာရုံပြောင်းသွားတာကြောင့်
ဂျီမင်းအဆူမခံရတော့။

" အခုထဲက စာကျက်မှဖြစ်မှာပေါ့
ထယ်ယောင်းရယ် ....."

ထယ်ယောင်းနဲ့ ဟိုဆော့ စကားပြောနေချိန်တွင် ဂျီမင်းက နမ်ဂျွန်နားကို ကပ်လာရင်း တိုးတိုးလေးပြောတယ်။

"အစ်ကိုနမ်ဂျွန် ညနေကျရင် ငါးသွားဖမ်း
ကြမလား"

ဂျီမင်းက စကားကိုရပ်ထားရင်း
ဟိုဆော့ကို ခိုးကြည့်တယ်။

"အစ်ကိုဟိုဆော့က မသွားရဘူးတဲ့ ၊ ကျွန်တော် ငါးကင်စားချင်လို့"

ဂျီမင်းကမျက်နှာငယ်လေးနဲ့ဆက်ပြောတယ်။

ဂျီမင်းကိုကြည့်ပြီး နမ်ဂျွန်ပြုံးမိတယ်။

"သွားကြမယ်လေ ဂျီမင်း"

သူ့အဖြေကို
ကျေနပ်သွားတဲ့ ဂျီမင်းဟာမျက်လုံးလေးတွေမှိတ်သွားအောင်ပြုံးပြတယ်။

အတန်းအားလုံးပြီးတော့ ညနေခင်းရောက်နေပြီ။ထယ်ယောင်း စာသင်ဆောင်မှ
အစ်ကိုဟိုဆော့နဲ့အတူထွက်လာရင်း ပြောမိတယ်။

Beyond the Pain(Completed)Where stories live. Discover now