အပိုင်း-၁၁

499 83 10
                                    

Unicode

အခန်း-၁

"ကျွန်တော်မျိုးရောက်ရှိပါပြီ အရှင့်သား"

"ရောက်လာပြီလား ဂျီမင်း~"

ဂျီမင်းကို ကြည့်ရင်း ယိုဟန်မင်းသားကပြောတယ်။

"ငါစောင့်ကြည့်ခိုင်းထားတဲ့ ကိစ္စအခြေအနေကိုသိချင်တယ် ဂျီမင်း"

"ကျွန်တော် စောင့်ကြည့်သလောက်တော့ မင်းကြီးနဲ့ နမ်ဂျွန်မင်းသားတို့ကြားမှာ လျှို့ဝှက်ဆက်ဆံရေး ရှိပုံမရပါဘူး
အရှင့်သား"

ဂျီမင်းစကားကို ယိုဟန်မင်းသားက ခေါင်းငြိမ့်ရင်း စဥ်းစားဟန်ပြုတယ်။

"မကြာခင်မှာ ရှီလာတိုင်းပြည်နဲ့ မဟာမိတ်ပြုဖို့ရှိတယ် ဂျီမင်း၊ ခမည်းတော်ကတော့ ပြောလာတာမဟုတ်ပေမယ့် မဟာမိတ်ပြုဖို့အတွက်ဆိုရင် ရှီလာမင်းသမီးနဲ့ ထိမ်းမြားရလိမ့်မယ်"

စားပွဲမှာငှဲ့ထားတဲ့ ရေနွေးကြမ်းကို
တစ်ငုံသောက်ပြီးမှ ယိုဟန်မင်းသားဟာ စကားဆက်လာတယ်။

"ဘတ်ဂျယ်ထီးနန်းကို ပိုင်ဆိုင်ဖို့အတွက်ဆို
ရှီလာမင်းသမီးနဲ့ လက်ဆက်နိုင်ဖို့လိုတယ်၊ ခမည်းတော်က နမ်ဂျွန့်ကို အိမ်ရှေ့စံဖြစ်စေချင်တယ်လို့ ငါသံသယရှိတယ်၊ မင်း ဆက်ပြီးတော့ နမ်ဂျွန့်ကို စောင့်ကြည့်ထား
ဂျီမင်း၊ အခုတော့မင်းရဲ့သရုပ်မှန်ကို ဘယ်သူမှမရိပ်မိအောင်နေ၊ လိုအပ်ရင် ငါဆက်သွယ်မယ်"

"ဒါဆို ကျွန်တော်မျိုးကို သွားခွင့်ပြုပါဦး
အရှင့်သား"

အရှင်မင်းကြီးရဲ့ သားတော်အကြီးဆုံးဖြစ်တဲ့ ယိုဟန်မင်သားဟာ
ထီးနန်းကို ပိုင်ဆိုင်လိုသူဖြစ်သည်။အရှင်မင်းကြီးဟာ မိဖုရားခေါင်ကြီးဖြစ်တဲ့အစ်ကိုနမ်ဂျွန်၏ မယ်တော်ကို အလွန်ပင်ချစ်မြတ်နိုးပြီး သားတော် သုံးပါးတွင်လည်း အစ်ကိုနမ်ဂျွန်ကို အရေးအပေးဆုံးဖြစ်သည်။

မင်းကြီးက အစ်ကိုနမ်ဂျွန်ကို ထီးနန်း လွှဲအပ်လိုပုံရတာကို ရိပ်မိသိရှိတဲ့
ယိုဟန်မင်းသားဟာ  ဂျီမင်းကို အစ်ကို့ထံသူလျှိုအဖြစ်စေလွှတ်ခဲ့တာဖြစ်သည်။ မင်းသားတစ်ပါးဟာ ထီးနန်းကိုမပိုင်ဆိုင်ရရင် ရှေ့ဆက်ရမယ့်အနာဂတ်ဟာ အလွန်ပင်ခက်ခဲနိုင်တာမို့ မင်းသားတစ်ပါးဖြစ်တဲ့ အစ်ကိုနမ်ဂျွန်ဟာလည်း ထီးနန်းကိုပိုင်ဆိုင်ချင်မှာပင်။

Beyond the Pain(Completed)Where stories live. Discover now