အပိုင်း-၉

678 87 21
                                    

Unicode

အခန်း-၁

စသိလာတဲ့အချိန်ကတည်းက အခုထိ
အစ်ကိုဟိုဆော့ အရက်မူးတာ တစ်ခါမှမမြင်ဖူးတဲ့ ထယ်ယောင်းအဖို့တော့ အခုညကျင်းပမယ့် ဆန်အရက်ပွဲတော်ဟာ အထူးခြားဆုံးပင်။

ပွဲမစခင်ကတည်းက အရက်ကိုမှောက်အောင်မသောက်ရန် သတိပေးလာတဲ့
အစ်ကိုဟိုဆော့ဟာ အခုလည်း အနားမှာထိုင်ကာ စောင့်ကြည့်နေတာဖြစ်သည်။

ဘတ်ဂျယ်မှာ ကိုယ်ရံတော်အဖြစ်တာဝန်ထမ်းဆောင်ခါစက အရက်သောက်ပြီး လူမှန်းမသိအောင်မူးကာ ပြဿနာရှာမိသည်မှစ၍ ထယ်ယောင်းအရက်မသောက်ဖြစ်တာ တော်တော်ကြာခဲ့ပြီ။

အရသာကို မကြိုက်တာလည်း
ပါတာကြောင့် အရက်မသောက်ရတာကို
ထူးထူးခြားခြား ခံစားမှုရှိမနေ။ သူ့အနားမှာ
အစ်ကိုဟိုဆော့ကို ရှိစေချင်လို့သာ အရက်သောက်ချင်ဟန်ဆောင်နေရတာ။

စကားပြောရင်း အတူတူအရက်သောက်ပေးနေတဲ့ အစ်ကိုဟိုဆော့ဟာ သုံးခွက်မြောက်ကို
သောက်ပြီးချိန်မှာတော့ မျက်နှာကနီလာပြီးသိသာစွာ ငြိမ်ကျသွားတော့တာဖြစ်သည်။ မေးသမျှကို ခေါင်းငြိမ့်ခေါင်းသာအဖြေပေးပြီး ဘာစကားသံမှကို ထွက်မလာတော့တာကြောင့် အစ်ကို့နားကိုကပ်ကာ ထယ်ယောင်းတိုးတိုးလေးမေးမိတယ်။

"အစ်ကိုမူးနေပြီလားဟင်"

ခေါင်းပြန်ငြိမ့်ပြတဲ့ အစ်ကိုဟိုဆော့ဟာ တကယ်မူးနေပုံရလေသည်။ အရသာကိုမကြိုက်လို့ မသောက်ပေမယ့် ဆန်အရက်သုံးခွက်လောက်နဲ့ မမူးတတ်တဲ့ ထယ်ယောင်းမှာ အစ်ကို့ကိုကြည့်ရင်းပြုံးမိတော့တယ်။

"ဒါဆိုပြန်ကြမယ်လေနော်~ကျွန်တော်အိပ်ဆောင်ကိုလိုက်ပို့ပေးမယ်"

ပွဲကျင်းပရာ ခန်းမမှာ အစ်ကိုနမ်ဂျွန်နဲ့ ဂျီမင်းကိုရှာကြည့်တော့မတွေ့ရ။ ကြည့်ရတာပြန်သွားပြီထင်ပါတယ်လေ။

အိပ်ဆောင်ရောက်တဲ့အထိ ​လမ်းဖြောင့်ဖြောင့်လျှောက်လာတဲ့ အစ်ကိုဟိုဆော့ဟာ ခုတင်ပေါ်ရောက်တာနဲ့ လှဲချလိုက်လေသည်။ အဝတ်အစားမလဲဘဲ အိပ်ရာပေါ်တက်လေ့မရှိပေမယ့် အခုတော့ ခုတင်ပေါ်မှာ လှဲလျှက်နဲ့
ထယ်ယောင်းကို ကြည့်နေတယ်။

Beyond the Pain(Completed)Where stories live. Discover now