Ep-13

13.8K 1.4K 78
                                    

Unicode

ရှောင်းကျန့် အခြေအနေကို သတိထားမိကာမှ မိမိပါးပေါ် ထိတွေ့နေတဲ့ လက်ကို အနောက်လေးဆုတ်ကာ ရှောင်ဖယ်လိုက်တော့၏ ။ ထိုအခါမှ ရိပေါ်က သူ့လက်ကို ပြန်ရုတ်သွားသည်

"မတွေ့ရတာ ကြာပြီနော်"

ရှောင်းကျန့် ဘာမှပြန်မပြောဘဲ သူ ထိုနေရာ၌ဆက်၍ မနေချင်တော့သောကြောင့် ထွက်လာလိုက်တယ် ။ ပန်းချီကား ကိုနှမြောမိပေမယ့်လည်း နောက်မှ ပြန်လာရမှာပေါ့ ။

"ရှောင်းကျန့်! ရှောင်းကျန့် နေဦး"

ဝမ်ရိပေါ်မှလည်း အနောက်မှလိုက်၏ ။ သူကလည်းခပ်မြန်မြလျှောက်၍သာ နောက်ဆုံး ကားရှိရာ ရောက်ခါနီးမှ သူ့ရဲ့လက်ကို ရိပေါ် ဆွဲတာခံလိုက်ရတော့သည် ။

"ဘယ်သူလဲ ကျွန်တော် ခင်ဗျားကိုမသိဘူး"

ရုပ်တည်လေးနဲ့ ခပ်ဆက်ဆက်ပြန်ဖြေလာပုံလေးကိုက အသည်းထဲ ကလိကလိကိုဖြစ်လို့ ။ ဝမ်ရိပေါ် မနည်း ကိုယ့်ကိုယ်ကို ထိန်းလိုက်ရင်း

"ကိုယ့်နာမည်က ဝမ်ရိပေါ် ပါ"

"အဲ့တာ ဘာလုပ်ရမှာလဲ"

"ကိုယ့်ကောင်လေး လုပ်လေ"

ကြားရတဲ့ စကားက ရိပေါ်ဆီမှ ဟုတ်ရဲ့လားဟု သူမနည်း သေချာကြည့်ရသည် ။ အရင်က တစ်လောကလုံးကို ချေမိုးလာတဲ့ ဝမ်ရိပေါ် ဘယ်ရောက်သွားပါလိမ့်။

"လွှတ်နော် ငါမင်းကို ရဲခေါ်လိုက်ရမလား"

"အဲ့လောက် လိုလို့လား"

မထိတထိပြုံး ပြုံးနေတဲ့ ရိပေါ် ကို သူ ကုတ်ဖဲ့ပစ်လိုက်ချင်သည် ။ မတွေ့ရတဲ့ နှစ်အတွင်းမှာ လူတစ်ယောက် က အဲ့လောက်ထိ ပြောင်းလဲသွားတာလား

"တောက်ခ်!! ငါမင်းကို ဆွဲထိုးမှာနော် ငါ့အဆိုးမဆိုနဲ့"

"ဒေါသကလည်း ကြီးလိုက်တာ"

လက်ကို ဆွဲထားပြီး လူကိုလာကလိနေတာ ။ ရှောင်းကျန့် တကယ်ကို စိတ်ကိုလာချေပြီ။ မရမက ရိပေါ်လက်မှရုန်းထွက်ဖို့ ကြိုးစားလိုက်၏

"အဲ့လောက်မရုန်းနဲ့လေ လက်တွေနာကုန်မှာပေါ့"

"မင်းစောက်ကြောင်းမပါဘူး"

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Where stories live. Discover now