Ep-25

12.1K 1.2K 11
                                    

Unicode

" Romantic Cafe " ၌ ရှောင်းကျန့် ရောက်လို့နေသည် ။ မတွေ့​တာလည်း ကြာပြီမို့ ယွီပင်း ရော ကျိုးချန် နဲ့ပါ အတူရှိနေကြသည် ။ အခုလို တွေ့တာက သူနဲ့ ရိပေါ် အကြောင်းပါ အသိပေးချင်တာမျိုးလည်း ပါတယ်

"ဒါဆို မင်းတို့က လက်ထပ်တော့မှာပေါ့ "

ယွီပင်းက မေးတော့ ကျိုးချန် က မျက်လုံးလှန်ကာ သူ့ကိုကြည့်လာသည် ။ ရှောင်းကျန့် တစ်ယောက် ခပ်ဟဟလေးအသံထွက်လို့ ရယ်လိုက်ရင်း

"လိုပါသေးတယ် … အဲ့လောက်ထိတော့
မဟုတ်သေးပါဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် မင်းအခုလိုပျော်နေတာမြင်ရတော့ ငါတို့လည်း ဝမ်းသာပါတယ် နော် ကျိုးချန်"

"အင်း"

ယွီပင်းရဲ့ တံတောင်နဲ့တွတ်ပြီး မေးသည်ကို သူ အင်းတစ်လုံးဖြင့် ပြန်ဖြေ၏ ။ ရှောင်းကျန့် အနေနဲ့ ကျိုးချန် ကို ပြောစရာစကားတွေလည်း အများကြီး ရှိသည် ။ အခုနောက်ပိုင်း သူတို့သူငယ်ချင်း ဆက်ဆံရေးက ပြတ်တောင်းနေသလိုပဲ ။

စကားတွေပြောကြပြီး သောက်စားပြီးမှ ပြန်ကြသည် ။ ရိပေါ်ဆီကိုတော့ စာပဲ လှမ်းပို့လိုက်တော့တယ် ။ ပြန်တော့ သူ ကျိုးချန် နဲ့စကားပြောချင်သေးတာကြောင့် တမင်သက်သက်ပင် လမ်းလျှောက်မည်ဟု ပြောလိုက်ရတယ်။

ညဘက်လေအေးတို့က တဖြူးဖြူးနဲ့ ၊ ရှောင်းကျန့် တစ်ယောက် ဘေးမှ ကျိုးချန် ကို ကြည့်ပြီး ပြောမယ့်စကားစ ရှာနေရသည် ။

"မင်း ငါ့ကို တစ်ခုခုပြောစရာရှိတယ် မှတ်လား ပြောလေ"

"ဟမ် မင်းငါ့စိတ်ကို ဖတ်နိုင်တာလား"

ရှောင်းကျန့် ရဲ့မျက်လုံးလေးပြူးလို့ မေးသံကြောင့် ကျိုးချန် ဆီမှ ရယ်သံထွက်လာသည် ။ သူကပါ လိုက်လံရယ်မောလိုက်တော့၏ ။ အင်း နည်းနည်းတော့ ပေါ့သွားသလို။

"ငါ မင်းကို ကျေးဇူးတင်တယ်လို့ ငါ့အနားမှာ အမြဲရှိနေပေးတဲ့ သူငယ်ချင်းကောင်း တစ်​ယောက်ဖြစ်ပေးလို့ အဲ! မဟုတ်သေးဘူး မင်းကငါ့ရဲ့ညီအစ်ကိုပဲ"

"အခုမှ ဘာလာဖြစ်နေတာလဲ"

"အစ်ကိုကြီး ကလည်းကွာ"

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Donde viven las historias. Descúbrelo ahora