Unicode
မျက်ရည်တွေရွှဲလို့ သူ့ကိုတစ်လှည့် ကုတင်ပေါ်ကိုတစ်လှည့် ကြည့်နေတဲ့ ယုန်ပေါက်ရယ် ။ ရိပေါ် အနားကို လျှောက်လာရင်း ပုခုံးအား ဖက်လိုက်ကာ အနားကို ဆွဲကပ်လိုက်၏ ။ ရှေ့က သေဆုံးသွားတဲ့လူနာရှင်မိသားစုကို ခေါင်းလေးငုံ့ကာ တောင်းပန်စကားဆိုသည် ။
ထိုအခါ ရှောင်းကျန့်ကလည်း သွားလေးစိကာ ရယ်ပြလို့ တောင်းပန်ပြန်တယ် ။ ဟိုက မိသားစုဝင်ကွယ်လွန်သွားလို့ ဝမ်းနည်းနေကျတာ အခုသူ့ပေါင်ပေါင်းက မျက်နှာပြောင်သလိုဖြစ်နေမှာစိုးလို့ နေရာက အမြန်ခေါ်ထုတ်လာလိုက်ရတော့တယ် ။
"ရိပေါ် မင်းဘာမှမဖြစ်ဘူး အင့်...ငါ...ငါက မင်းတစ်ခုခု ဖြစ်ပြီ ထင်နေတာ အီးးးးဟီးးးး"
အပြင်ရောက်တော့လည်း သူ့ရင်ဘတ်ကို ထုထုပြီးငိုတယ် ။ ဝမ်ရိပေါ် အလျင်အမြန်ပင် ရှောင်းကျန့်ကိုယ်လေးကို ဆွဲဖက်ပြီး ကျောကို ခပ်ဖွဖွပွတ်ပေးကာ ချော့မော့ရသည် ။
"မဖြစ်ပါဘူး ချုံချင်းက ယာဥ်တိုက်မှုကို မင်းသတင်းကြားပြီး စိတ်ပူနေတာ လား"
"အင်း မင်းက ချိန်းထားတဲ့နေရာကိုလည်း ရောက်မလာဘူး အင့်...မမေရီကလည်း ဖုန်းလှမ်းဆက်တော့...ငါလည်း...."
"အော....ဟုတ်တယ် လမ်းမှာ ကယ်ရီသမားနဲ့ညိတာလေ ကိုယ်ကဘာမှမဖြစ်ပေမယ့် ချန်ဖေ က ထိသွားလို့"
"အစ်ကိုချန်ရော အဆင်ပြေလား"
"အင်း အများကြီးမထိပါဘူး အခုမမေရီအနားမှာ ရှိနေပေးတယ်"
ဒါကြောင့် မမေရီ ဖုန်းဆက်တာကိုး ။ ရှောင်းကျန့် ယခုမှပဲ စိတ်သက်သာရတော့တယ် ။ ခုန ဆေးရုံထဲ အော်ငိုခဲ့တာ ပြန်တွေးမိတိုင်း အငွေ့ပျံချင်တဲ့စိတ်တောင် ပေါက်သည်။
"အ! ဘာလို့ရိုက်တာလဲ"
ရုတ်တရပ်အထုခံလိုက်ရတော့ ရိပေါ် မျက်လုံးလေးပင့်လို့ မေးသည် ။ ရိုက်ပြီး မသိချင်ယောင်ဆောင်လို့ပေါင်ပေါင်း တစ်ယောက်ကတော့
"ရိုက်ချင်လို့ရိုက်တာ....လာ သွားမယ် ငါဗိုက်ဆာနေပြီ မင်းကြောင့် ငိုရတာနဲဲ့ ပိုဆာတယ်"
YOU ARE READING
𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》
Romance(Both Unicode and Zawgyi Version) This is RTWY 's season-2. You should read season-1 first.