Unicode
လက်မှပတ်တီးအဖွေးသားနဲ့ ထွက်လာတဲ့ သူကိုကြည့်၍ ကျိုးချန် စိတ်မသက်သာစွာ သက်ပြင်းကိုချမိလိုက်၏ ။ အနားကို ရှီးချန်က ရောက်လာတော့ သူလည်း ထိုင်နေရာမှ ထလိုက်တော့သည် ။ သူကသာ မျက်နှာမကောင်းတာ ဒဏ်ရာရတဲ့လူက မျက်နှာကတော့ ပြုံးလို့ ။
"အရိုးကိုမထိဘူးတဲ့ နည်းနည်းဒဏ်ဖြစ်သွားတာ
ပတ်တီးကတော့ တစ်ပတ်လောက်ထိ စည်းထားရမယ်""အင်း ဆေးသွားထုတ်လိုက်အုံးမယ်"
သူ ခေါင်းလေးသာ ညိမ့်ပြလိုက်သည် ။ ချစ်ရသူလေးရဲ့ ကျောပြင်ကိုအသာငေးကြည့်မိလျက်…ဒီလိုသာ ဂရုစိုက်မှုရတယ်ဆို အစောကြီးထဲက ထိခဲ့မိသင့်တာ ။
ခဏကြာတော့ ကျိုးချန်က ပြန်ရောက်လို့လာသည်။ မျက်နှာလေးက မကြည်သေးပေမယ့် သူ့ကြောင့် ဖြစ်ရတယ်ဆိုပြီး စိတ်မကောင်းတော့ဖြစ်နေတဲ့ပုံပါရသည်။
ဒီညတော့ ရှီးချန်တစ်ယောက် ချစ်ရသူ အိမ်ပြန်လိုက်ပို့တာကို အပြည့်အဝ ပျော်ပြီးလိုက်ပါလို့ လာရတယ်
........................
ဟိုတယ်၌ ။
မနက်ခင်းထဲက ထွက်သွားတဲ့ တောက်တက်အဖွဲ့က ညနေ၄နာရီလောက်မှာ ပြန်ရောက်လာကြသည်။ ဝမ်ရိပေါ် လည်း သတင်းကြားပြီးတာနဲ့ ချက်ချင်း ရှောင်းကျန့် ကိုခေါ်ရန် ရောက်လာ
သည်။ဟိုရောက်တော့ အားလုံးက ရှုပ်ယှက်ကိုခတ်နေကြလို့ ကြည့်ရတာ ပြသာနာတစ်ခုခုတော့ ဖြစ်နေပြီ ။ လူတစ်စုကလည်း တစ်နေရာသွားဖို့ စီစဥ်နေကြသည်ထင် ။
"အစ်ကိုရှောင်းကို မတွေ့သေးဘူး CEO"
ချန်ဖေ ကိုယ်တိုင် လိုက်ရှာတာလည်းနှံ့နေပြီ ။ တောင်ပေါ်ကနေ ဆင်းလာတဲ့ လူတွေမှာလည်းမတွေ့ပေ။ ဝမ်ရိပေါ် က ထိုတာဝန်ရှိတဲ့သူကို သွားလို့မေးတော့သည် ။
"မနက်က လိုက်လာတဲ့ ဧည့်သည်ကောင်လေး မှတ်လား အခုအဲ့တာ တောင်ပေါ်မှာ ပျောက်သွားလို့
ကျန်တဲ့တစ်ဝက်က နေခဲ့ပြီး ရှာနေတယ် ဒီကလူတွေ ထပ်ဖြည့်ပြီးသွားမလို့"ကြားလိုက်ရတဲ့စကားကြောင့် လူက ခေါင်းထဲချာချာလည်အောင် မူးဝေလို့သွားသည် ။ ဘေးမှ ချန်ဖေ လည်း တကယ်ကိုရှော့ခ် ရသွားပုံ
ESTÁS LEYENDO
𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》
Romance(Both Unicode and Zawgyi Version) This is RTWY 's season-2. You should read season-1 first.