Ep-19

12.9K 1.3K 60
                                    

Unicode

တစ်​ယောက်တည်း ထိုင်ရမလို ထရမလိုနဲ့ ရှောင်းကျန့် လည်း ဟိုဟိုဒီဒီ လျှောက်နေချိန်မှာပဲ ရေချိုးခန်း တံခါးဖွင့်သံကြောင့် သူ ကုတင်ပေါ်တက်ပြေးမိကာ ငုတ်တုတ်လေး

"အဟမ်း!"

ဝမ်ရိပေါ်ရဲ့ ချောင်းဟန့်သံကြောင့် မျက်လုံးလေးစွေကာ ကြည့်လာ၏ ။ အောက်ပိုင်းကို တဘတ်အဖြူလေးနဲ့တော့ ပတ်ထားလေသည် ။ နားရွက်တွေလည်း နီရဲလို့....လက်ဖြင့် လည်ပင်းလေးကို ပွတ်သပ်နေသေးသည် ။ ကြည့်ရတာ သူလည်း ရှက်ပြီးအနေခက်နေမှာပေါ့ ။

"ပြီး...ပြီးသွားပြီလား"

အရေးရဲ့အကြောင်းဆိုစကားကလာထစ်နေ​တယ်။
ရှောင်းကျန့် ဖြတ်ရိုက်ချင် စိတ်တောင်ပေါက်တယ်
ဝမ်ရိပေါ် ကိုမရဲတရဲလေး လှမ်းကြည့်လိုက်ရင်း

"ဒါဆို...ငါ ဝင်လို့ရပြီလား"

"အင်း"

ထို့နောက် ရှောင်းကျန့် က ကုတင်ပေါ်မှထလို့လာသည် ။ ဘေးမှ ဝမ်ရိပေါ် ကို မကြည့်မိအောင် တမင်တကာပင် ရှောင်ကာ ပေစောင်းစောင်းနဲ့ ဝင်သွားတော့၏။

မနက်ခင်းကြီးက အဆင်မပြေလိုက်တာ …

.......................

ရေမိုးချိုးပြီးလို့ အဝတ်အစားဝတ်ဆင်ကာ ရှောင်းကျန့် တစ်ယောက် အခန်းထဲမှ ထွက်လာလျက် ။ ရိပေါ်ကတော့ အရင်သွားနှင့်ပြီ ဖြစ်ကြောင်း သူ့ဆီစာလေး လှမ်းပို့လို့ထားသေးသည် ။

"ကျန့်ကျန့်"

အခန်းထဲမှအထွက် ရှေ့ခန်းမှ မမေရီကလည်း သူ့ကိုလှမ်းခေါ်ကာ ထွက်လို့လာသည် ။

"မမလည်း အခုမှနိုးတာ အတော်ပဲ အတူတူသွားကြတာပေါ့"

"ဟုတ်"

သူ့လက်မောင်းလေးကိုအားရပါးရကြီးလာချိတ်လို့ အတူတူယှဥ်တွဲကာ ထွက်လာကြတော့သည် ။ မမေရီက အနည်းငယ်ဝပြီး ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ အရပ်ကလည်း ရှောင်းကျန့် နဲ့ယှဥ်ရင် အတော်ကွာသေးသည် ။ အခုလို တွဲလျှောက်ရင်ပိုဆိုး ။

သူ့အနေနဲ့ ကိစ္စမရှိပေမယ့် ချန်ဖေသာ မြင်ရင်
မျက်စောင်းကြီး ထိုးလို့ ကြည့်အုံးမည်။ မမေရီကလည်း မမေရီပဲ သူ့ဆို တကျန့်ထဲ ကျန့်နေတာ ။
သူ့ကို့ကြည့်ပြီး အသည်းယားသည်က ပါသေးတယ်

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Tempat cerita menjadi hidup. Temukan sekarang