Unicode
ဝမ်ရိပေါ် တစ်ယောက် သူ့ကိုကျောခိုင်းပစ်သွားတဲ့
ယုန်ပေါက်ကြောင့် ပါးစပ်ကိုပိတ်ရင်းကြိတ်ရယ်တယ် ။ စတာလေးကိုစိတ်ဆိုးသွားတယ်တဲ့ ။" အဟမ်း!! "
ချောင်းဟန့်ရင်း မသိမသာအနားကပ် ခါးသိမ်သိမ်လေးပေါ်လက်တင်ကာဆွဲဖက်မယ်ကြံတော့ ဖယ်ချတာခံလိုက်ရသည်လေ ။ တကယ်စိတ်ဆိုးနေတာပဲ ။
" ပေါင်ပေါင်း… "
အသံက မာယာအပြည့် …
အနားကိုထပ်တိုးကပ်ရင်း ဒီတစ်ခါတော့အလွတ်မပေး ခပ်တင်းတင်းဖက်လိုက်၏ ။ ထိုအခါသူ့လက်တွေကိုမရမကဆွဲဖြုတ်ရင်း ရှောင်းကျန့်က ရုန်းတယ် ။
" မင်း ကုတင်အောက်ဆင်းအိပ်ချင်နေလား
ဖယ်စမ်း! ဝမ်ရိပေါ် "" ကိုယ်ကစတာကိုး "
ပုခုံးပေါ် မေးတင်လာရင်း လည်ပင်းနားကိုပါဖိကပ်နမ်းတယ် ။ ထိုအခါရှောင်းကျန့်လည်း မရုန်းတော့ ငြိမ်ကျသွားသည်
အခွင့်အရေးကိုအသုံးချပြီး လည်ပင်းလေးတစ်လျှောက် ခပ်ဖွဖွဖိကပ်အနမ်းပေးနေတော့၏။
မျက်လုံးတို့မှိတ်ရင်း နှုတ်ခမ်းလေးတင်းတင်းစေ့ရင်း သူပြုသမျှ ငြိမ်နေရှာတယ် ။ပုခုံးနှစ်ဖက်မှဆွဲကိုင်ပြီး အပေါ်မှအုပ်မိုးကာ ရိပေါ်ကနေရာယူလိုက်၏ ။ မရဲတရဲမော့ကြည့်လာတဲ့ ရှောင်းကျန့်က ဒီအခြေအနေကို မရင်ဆိုင်ရဲသေးဟန် ခေါင်းစောင်းကာ တစ်ဖက်သို့လှည့်သွားတယ်
" ကိုယ့်ကိုကြည့် "
နှုတ်ဖျားကထွက်လာတဲ့အသံက တကယ့်ကို ကြင်နာနှုးညံ့မှုအပြည့် ။ မေးဖျားလေးမှကိုင်ကာ သူ့ကို ကြည့်စေလိုက်တော့ အောက်နှုတ်ခမ်းကိုဖိကိုက်ထားပြန်တယ်
နားရွက်ဖျားတင်မက မျက်နှာတွေပါရဲလာတဲ့ အကောင်ပေါက်လေးကြောင့် သူမနမ်းပဲမနေနိုင်။
ငုံ့ကိုင်းရင်း နှုတ်ခမ်းတွေဆီ ထိတယ်ဆိုရုံလေးနမ်းပေး၏" ဒီနေ့ညက ဘာလဲသိတယ် မှတ်လား "
တိုးကပ်စွာ ဆံပင်ကိုးသပ်ပေးရင်းမေးတော့ ယုန်ပေါက်က ခေါင်းသာခပ်ဆတ်ဆတ်ညိမ့်ပြလာတယ်။ ဟင်း သူ့ယုန်ပေါက်က တကယ်ကိုရှက်နေတာပဲ ။ တကယ်တန်း စမယ်ဆိုရော အရှက်ကြီးပါပေ့
ВЫ ЧИТАЕТЕ
𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》
Любовные романы(Both Unicode and Zawgyi Version) This is RTWY 's season-2. You should read season-1 first.