Chapter 1🍍

2.2K 46 4
                                    

Unicode

"အမှောင်ကို ကြိုက်တာလား မင်းကအလင်းကိုကြောက်တာလား......
ဘာပဲကာစီးကာစီးနင်းဖြိုပစ်မှာငါ
ရှေ့ဆက်ရမယ့်ခရီးမှာလည်းမင်းအလိုလိုက်မှာပါ........
ရွှေလည်တိုင်ကိုသောက်သုံးရင်းနဲ့
အတင်းကိုရှိုက်တာများတော့အရာထင်တာချည်းပဲဒါ markingရာငြိတွယ်....
မကြောက်နဲ့ဒီလိုယောကျာ်းကောင်းတွေရာဇ၀င်မှာရှိတယ်.....
အောက်နှုတ်ခမ်းကိုကိုက်ထားပြီးတော့နာကျင်တာသိလဲမင်းရဲ့ဆန္နပြီးမြောက်စေချင်လို့ကိုငါကြင်နာမိတယ်.........
ပန်းချိုးတာမဟုတ်ဘူးကိုယ်ကပန်းပျိုးနေတာ....."

Phone ringtone သံကြောင့်ကျွန်တော်အိပ်ရာကနေထပြီးဖုန်းကိုင်လိုက်တော့တစ်ဖက်အသံပိုင်ရှင်က

"Ai Gulf;မင်းအခုထိအိပ်ယာ မထသေးဘူးလားကွ....မင်းဒီနေ့အလုပ်စဆင်းရမှာမဟုတ်လား....ငါသာဖုန်းဆက်မနှိုးရင်မင်း ဘယ်လိုလုပ်မလဲ..မင်းတော့အလုပ်စဆင်းတဲ့နေမှာတင်တစ်ခါတည်း
နှုတ်ထွက်စာ ပါတင်ရတော့မယ်.....ဟေ့ကောင် ထတော့"
ဟုစက်သေနတ်ပစ်သလိုပြောလာတော့ကျွန်တော်လည်း
"ခွေးကောင်ရ.....တော်တော့ဟ....ငါခုနှိုးပြီလေ....လခွမ်းတဲ့မှ....မင်းပြောနေမှငါနောက်ကျတော့မယ် ဒါပဲ"ဟုပြောပြီးဖုန်းချပစ်လိုက်တယ်....ကျွန်တော့်ကိုမနက်စောစောခုလိုစကားကောင်းလေးတွေပြောပေးသွားတာက ကျွန်တော့်
သူငယ်ချင်း Techno; သူနဲ့ကျွန်တော်ခင်တာ အလယ်တန်းနောက်ဆုံးနှစ်ထဲကဆိုတော့ အတော်ကြာပြီလေညီအစ်ကိုတွေလိုဖြစ်နေကြတာမလို့တစ်ယောက်နဲ့တစ်ယောက်ကပြောမနာဆိုမနာတွေလေ...
ကျွန်တော့်အကြောင်းကိုလဲအကုန်သိတဲ့ကောင်ပေါ့ ခုလဲကျွန်တော်နောက်ကျမှာဆိုးလို့ဖုန်းဆက်ပြီးလှမ်းနှိုးတာလေ
သူကကျွန်တော့်ကိုအမြဲ ဆဲနေပေမယ့်လည်းကျွန်တော့်အတွက်အမြဲတွေးပေးတဲ့ သူငယ်ချင်းကောင်းကြီးပေါ့....ကျွန်တော့်ဘက်ကအမြဲရပ်တည်ပေးတဲ့
ကျွန်တော်အခင်တွယ်ရဆုံးလူတစ်ယောက်ပေါ့ဗျာ.......
ကျွန်တော်ရေမိုးချိုးပြီး အလုပ်ပထမဆုံးနေ့အတွက် စိတ်လှုပ်ရှားနေမိတယ် ကျွန်တော်ကခုမှဘွဲ့ရပြီးကာစဆိုတော့လုပ်ငန်းအတွေ့အကြုံ လည်းမရှိသေးတော့ အခုလို Ocean Electric
Engineering co.Ltd လိုနေရာကြီးမှာအလုပ်၀င်ခွင့်ရမယ့်လို့ စိတ်တောင်မကူးထားမိဘူးလေ.....ဒီလိုပဲ interview ဖြေတာအတွေ့ကြုံရအောင်ဆိုပြီးလာဖြေလိုက်တာပဲ ကျွန်တော်ဘာလို့
interviewအောင်သွားလဲ ကျွန်တော်လဲမသိဘူးဗျ.....ဘာပဲဖြစ်ဖြစ် ကျွန်တော်
အလုပ်လုပ်ချင်တဲ့ company မှာအလုပ်လုပ်ရတော့မှာမလို့ ကျွန်တော်
အရမ်းပျော်တယ်...
ကျွန်တော်အတွေးလွန်နေတာနဲ့
companyရှေ့ရောက်နေမှန်းတောင်သတိမထားမိဘဲ ကားမောင်းတဲ့ဦးလေးကြီးက "သား.....ရောက်ပြီ"လို့ပြောမှကျွန်တော်ရဲ့အတွေးနယ်ချဲ့နေတာတွေကို ပြန်ရုပ်သိမ်းပြီး " ကျေးဇူးတင်ပါတယ်ခင်ဗျ"လို့ပြောပြီး ကားပေါ်ကဆင်းလာခဲ့တယ် ကျွန်တော်၀န်ထမ်းကဒ်ထုတ်ပြီးတော့ ၀န်ထမ်းရေးရာဌာနရဲ့P' က ကျွန်တော်အလုပ်ဆင်းရမယ့်ဌာနကိုလိုက်ပို့ပေးမယ် ဆိုပြီးခေါ်လာလို့
သူမနောက်ကနေလိုက် လာခဲ့လိုက်တယ်
ကျွန်တော်ကြားဖူးထားတာထက်တောင်
companyကပိုပြီးကြီးကျယ်ခမ်းနား
နေတယ်ဗျ ဘယ်လောက်ကြီးကျယ်ခမ်းနားလဲဆိုတာ companyထဲဝင်လိုက်တာနဲ့ကိုနန်းတော်ကြီးလို ခံစားနေရတယ်ဗျ......ပြီးတော့ဒီ company ရဲ့
CEO ကအသက်ငယ်ငယ်ရွယ်ရွယ်နဲ့
အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်တဲ့.......ရုပ်ကလည်းချောမောခန့်ညားချက်က မင်းသားတွေထက်တောင်သာတယ်တဲ့ လူတိုင်းကြိုက်နိုင်တဲ့နှင်းဆီပွင့်ကြီးတဲ့.....ဟုတ်လားမဟုတ်လားတော့ကျွန်တော်လည်းမသိဘူး
သူများပြောတာကြားဖူးတာ....ကျွန်တော်ကြားရသလောက်ကတော့ အဲ့ဒီCEO ဆိုတဲ့ငနှဲက အမြဲရေခဲရိုက်ထားသလိုမျက်နှာနဲ့အသေချေမိုးနေတာတဲ့......သူ့အဆင့်အတန်းနဲ့တော့ ဒီလိုမျိုးဖြစ်သင့်တယ်လို့ကျွန်တော်ကတော့ တွေးတယ်
ဗျ....သူ့ကိုသမက်တော်ချင်တဲ့လုပ်ငန်းရှင်တွေလဲ အများကြီးပဲတဲ့သူ့ကိုသဘောကျတဲ့ကောင်မလေး တွေလည်းအများကြီးပဲတဲ့.....ဒါတွေထားလိုက်ပါလေကျွန်တော်အလုပ်လာလုပ်တာ သူ့အကြောင်းလာစပ်စုတာမှမဟုတ်တာ
သူ့အကြောင်းကကျွန်တော်နဲ့ဘာဆိုင်တာမှတ်လို့လဲ ကျွန်တော့်အတွေးတွေကိုလက်စသတ်ရင်း ဆက်လျှောက်လာခဲ့တယ်......
ကျွန်တော်တို့လမ်းလျှောက်လာရင်းနဲ့ပဲ သူမကကျွန်တော့်ကို "ဒီကမောင်လေး နာမည်က...?" ဆိုပြီးမေးတော့ ကျွန်တော်လည်းတစ်ချက်ပြုံးပြပြီး "ဟုတ်ကဲ့ဗျ........Gulf
Kanawatပါဗျ.....Nong Gulf:လို့ခေါ်လို့
ရပါတယ်ဗျ"လို့ပြန်ဖြေလိုက်တော့ သူမကကျွန်တော့်ကို "သြော်......နာမည်လေးကကောင်းတာပဲ မောင်လေးလိုပဲ
ချစ်စရာလေး....ပြီးတော့အစ်မနာမည်က Pond; HRဌာနက.....Nongအလုပ်မှာ
မသိတာ နားမလည်တာရှိရင်P'ကိုမေးနော်"ဟုဆက်ပြောလာတာကြောင့်
ကျွန်တော်လည်း "ဟုတ်ကဲ့....ကျေးဇူးတင်ပါတယ်ဗျာ.....ကူညီပေးပါဦး"လို့ပြောပြီး
ခေါင်းညိမ့််ပြလိုက်တယ်
ပြီးတော့ ကျွန်တော်ကပဲ "P'Pond ခင်ဗျ.....ကျွန်တော်ကဘယ်ဌာနမှာအလုပ်လုပ်ရမှာလည်းဗျ"ထပ်မေးလိုက်တော့သူမက ကျွန်တော့် "Nong Gulfက CEO
ရုံးခန်းမှာလေ "လို့အဖြေပြန်ပေးလိုက်တာကြောင့် ကျွန်တော် တအံ့တသြနဲ့
"ဗျာ"လို့ပြန်ပြောလိုက်တော့သူမကအံ့သြနေတဲ့ကျွန်တော့ကိုကြည့်ပြီး " Nong ဘာဖြစ်လို့လဲ"ဟုမေးတာကြောင့်
"ဟိုလေ ကျွန်တော်က engineering
နဲ့ကျောင်းပြီးတာလေ ပြီးတော့ကျွန်တော်အလုပ်လျှောက်တုန်းကလဲ
Production team မှာလျှောက်ထားတာမလို့ ဒါနဲ့ကျွန်တော်က CEO ရုံးခန်းမှာဘာလုပ်ရမှာလဲဗျ" ဟုပြုံးပြပြီး
ပြန်မေးလိုက်တော့သူမက
"အဲ့တာတော့ P' လဲမသိဘူးလေ
CEO ကမောင်လေးကို သူ့ရုံးခန်းမှာအလုပ်ဆင်းရမယ်လို့ပြောတယ် "ပြန်ဖြေလာတယ် ကျွန်တော်လည်း "သြော်........ဟုတ်ကဲ့ဗျ"ဟုပြန်ပြောလိုက်တယ်.......ဘာလို့ CEO ကျွန်တော့်ကိုသူ့ရုံးခန်းမှာအလုပ်ဆင်းခိုင်းမှန်းက ကျွန်တော်လဲမသိဘူး ကျွန်တော်တို့စကားပြောလာရင်းCEO ရုံစခန်းနား
ရောက်လာတယ်
"Knock..................Knock" (တံခါးခေါက်သံ) P'Pond ကတံခါးခေါက်လိုက်တော့
အထဲကနေ အာန္တာတိတိုက်ကရေခဲတောင်ထက်ပိုပြီး အေးစက်မာကြောတဲ့အသံသြသြတစ်ခုက အာဏာရှင်ဟစ်တလာသေလို့များ၀င်စားလေသလားမသိတဲ့အသံနဲ့ "၀င်ခဲ့"
လို့တိုတိုပြတ်ပြတ်သာပြန်ဖြေလာတယ်
ကျွန်တော်စိတ်ထဲကနေတွေးမိတယ်
လခွန်းတဲ့မှ....ငါကြားထားတာထက်ပိုဆိုးမလားမသိဘူး ငါတော့သေတော့မှာပဲလို့တွေးရင်းသက်ပြင်းတစ်ချက်ချကာ
ခေါင်းယမ်းလိုက်တော့ P'Pondကကျွန်တော့်ကိုတစ်ချက်ကြည့်ပြီး ဝင်ရအောင်ဆိုရဲ့သဘောနဲ့မျက်လုံး
တစ်ချက်ပင့်ပြတော့ကျွန်တော် လည်းခေါင်းညိမ့်ပြပြီး တံခါးဖွင့်ကာအထဲဝင်
လိုက်တယ်......ကျွန်တော်စိတ်ထဲကနေထပ်တွေးမိလိုက်တယ် ငါကြားထားတာထက်ပိုဆိုးရင်ရော လခွမ်း.....ခုတော့ရုပ်တောင်မမြင်ရသေးဘူး အသံကြားတာနဲ့ရိုက်သတ်ချင်စရာ ကောင်းလိုက်
တာနော်.......မျက်နှာမြင်ရရင်ဘယ်လိုနေမလဲ မသိဘူး....shit......
ငါတော့အဲ့ CEO ဆိုတဲ့
ငနှဲနဲ့ ဘယ်လိုစခန်းသွားရမလဲမသိဘူးကွာ...".ဘုရားသခင်ကောင်းချီးပေးတော်မူပါ.."......လို့သာစိတ်ထဲမှရေရွတ်ရင်း
သက်ပြင်းတစ်ချက်ချကာ ၀င်လာလိုက်တယ်................

Mr.CEO and His Candy🍬🍬Where stories live. Discover now