Unicode
ကျွန်တော်တို့တံခါးဖွင့်ပြီး အထဲဝင်လိုက်တော့ sofaပေါ်မှာထိုင်နေတဲ့လူက ကျွန်တော်တို့ကိုတစ်ချက်လှမ်းကြည့်ပြီးနောက် သူ့ရဲ့ကြည့်လက်စ file ဆီကိုအကြည့်တွေပြန်ရောက်သွားပြီး
"ထိုင်လေ"
လို့ပြောလာတာကြောင့်ကျွန်တော်နဲ့ P'Pond လည်းတစ်ဖက်ခြမ်းမှာရှိတဲ့လွတ်နေတဲ့နေရာမှာ ၀င်ထိုင်လိုက်ပြီး P'Pondက
"မဂင်္လာပါရှင့်CEO;Nong Gulf
ရောက်ပါပြီ"
လို့ပြောတော့ရေခဲရိုက်ထားသလို
အေးစက်မာကြောနေတဲ့မျက်နှာနဲ့
အနှီလူသားက
"အင်း..... ....မင်းလုပ်စရာရှိတာသွားလုပ်တော့"
လို့ပြောလိုက်တာကြောင့် P'Pondက္
"ဟုတ်ကဲ့ CEO"
ဟုဆိုကာကျွန်တော့်ကို လှမ်းပြုံးပြပြီး
အားတင်းထားနော် ဆိုတဲ့အကြည့်နဲ့ကြည့်ပြီးထွက်သွားတော့ကျွန်တော်လည်းသူမနောက်ကျောကို ငေးကြည့်နေရင်း
ကျွန်တော့်ကို အရှေ့ဘက်ကနေသားရဲတစ်ကောင်ကကြည့်နေသလို ခံစားရလို့
အရှေ့ဘက်ကျသောအရပ်က လူကတော့ကျွန်တော့်ကို စူးစိုက်ပြီးကြည့်နေတာမလို့ ကျွန်တော်ကြက်သေသေသွားမိတယ်.....သူကကျွန်တော့်ကိုဘာမှမပြောဘဲ သူ့လုပ်လက်စအလုပ်ကိုဆက်လုပ်နေတော့ ရုံးခန်းကတရားစခန်းလိုပဲကျွန်တော့်ရှေ့ကရေခဲမင်းသားရဲ့ စာရွက်လှန်နေတဲ့အသံကလွဲပြီး တိတ်ဆိတ်ငြိမ်သက်နေတယ်
ကျွန်တော်လည်းဘာမှမပြောတော့ဘဲ ကျွန်တော့်ရှေ့ကလူကိုသေချာ
ကြည့်မှပဲ ကျွန်တော်ကြားဖူးတာထက်တောင်ပိုချောတာလဲ လို့မှတ်ချက်ပေးမိတယ် အခုလဲရိုးရိုး shirt အဖြူရောင်လေးပဲဝတ်ထားတာတောင် သူရဲ့ကိုယ်ရောင်တွေကတောက်ပလွန်းနေတယ်
ဆံပင်ကိုလည်းသပ်သပ်ရပ်ရပ် ဖြီးထားတာမျိုးမဟုတ်ဘဲ မှိုလုံးကေလေးနဲ့တောင်မှသူနဲ့က လိုက်ဖက်လွန်းနေတယ်
မသိရင်လူကြီးပုံစံဖမ်းနေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လိုပဲ ထင်ရတယ်ဗျသူကအသက်အရွယ်ထက်ကို ပိုနုပျိုတာပ
ဒါကြောင့်လည်းကောင်မလေးတွေ
ဝိုင်းနေတာ မထူးဆန်းပါဘူးလေလို့
ကျွန်တော့်စိတ်ထဲမှာတွေးနေမိတယ်
ဒီလောက်ရုပ်ချောပေမယ့် အဲ့ငနှဲကစကားပြောရတာအချိုးကိုမပြေဘူးဗျ
စကားကိုချိုချိုသာသာလေး ပြောပြီး
အေးစက်မာကြောနေတဲ့ မျက်နှာထားလေးကိုသာ နည်းနည်းလေးလျော့လိုက်ရင်သူ့ကို ကျွန်တော်သဘောကျမိမှာအမှန်ပဲဗျ.......ဟေး.....ကျွန်တော်သဘောကျတယ်ဆိုတာက ကျွန်တော့်ရဲ့ role model တစ်ယောက်လိုပြောတာနော် ခင်ဗျားတို့ထင်သလိုမဟုတ်ဘူးနော်.......
ကျွန်တော်တို့နှစ်ယောက်ကြားက
အေးစက်နေတဲ့အနေအထားကို ကျွန်တော့်ဘက်ကပဲစဖြိုခွင်း ရမယ်လိုတွေးမိတဲ့အတွက်ကြောင့်
"CEOခင်ဗျ......ကျွန်တော်ဘာလုပ်ပေးရမလဲဗျ"
လို့မေးလိုက်တော့ ကျွန်တော့်ရဲ့အရှေ့ဘက်ကမျက်နှာချောချောလေးမှာ အပြုံးသေးသေးလေးကို ကျွန်တော်မြင်လိုက်ရတယ်ပြီးတော့အနှီလူသားကကျွန်တော့်ကို
"ရတယ်.....ကိုယ်ဒီ files တွေကိုပြီးအောင်ကြည့်ပြီးရင်မနက်စာသွားစားမယ် "
လို့ပြုံးပြပြီးပြန်ပြောတော့ကျွန်တော်လည်း
"ဟုတ်ကဲ့"
လို့ပြန်ဖြေလိုက်တော့သူကခေါင်းညိမ့်ပြပြီး ကျွန်တော်တို့နှစ်ယောက်ကြားမှာ
တစ်ဖန်ထပ်ပြီး တိတ်ဆိတ်နေခဲ့ပြန်ပြီ
ကျွန်တော်လည်း CEO အလုပ်လုပ်နေတာကိုမနှောင့်ယှက်တော့ဘူး လို့
ဆုံးဖြတ်ပြီး တိတ်တိတ်လေးထိုင်နေရင်း စဥ်းစားမိတယ်သူများတွေပြောသလိုတကယ်ဘ၀င်မြင့်နေတဲ့ လူ့ပေါ်ကြော့ဆိုတာ ဟုတ်ရဲ့လားဆိုပြီးတော့ဘာကြောင့်လဲဆိုတော့ အနှီအချေကိုယ်တော်ကစောနက ကျွန်တော့်ကို
ချိုချိုသာသာလှိုက်လှိုက်လှဲလှဲ ပြုံးပြတယ်ဗျ (အာ့တာမင်းတစ်ယောက်ထဲကိုပဲပြုဲးပြတာနော်အချေကိုကိုက)ကျွန်တော် စောင့်နေရင်း45မိနစ်
လောက်ကြာတော့ သူကကျွန်တော့်ကိုပြုံးပြရင်း
"သွားကြရအောင်"
လို့ပြောပြီးတံခါးဖွင့်လိုက်တာကြောင့်
ကျွန်တော့်အတွေးတွေကို ရုပ်သိမ်းပြီး
သူ့နောက်ကိုထလိုက်လာခဲ့တယ် သူကနောက်ကိုလှည့်ကြည့်ပြီး ပြုံးပြပြန်ပြီ
အာ.....ဒီလူကျွန်တော့်ကို ပြုံးပြတာ
နှစ်ခါရှိပြီ....ဒီနေ့နေဘယ်ကထွက်တာလဲမသိဘူး တစ်ခုခုတော့မှားနေပြီလို့
ကျွန်တော်ထင်တယ် ကျွန်တော်ဒီနေ့ထီထိုးရမလားလို့ တွေးရင်းလျှောက်လာခဲ့တယ်
ကားပါကင်ကိုရောက်တော့ သူကကျွန်တော့်ကို
"Nongကားမောင်းလို့တတ်လား" လို့မေးတော့ကျွန်တော်ဆွံ့အသွားမိတယ်
အနှီအချေလူသားကကျွန်တော့်ကို
ဒီလောက် ချိုချိုသာသာပြောတာ
ကိုအံ့သြပြီးကဘာမှပြန်မပြောဘဲ ငြိမ်သက်နေတော့သူက
"Nongကိုယ်ပြောတာကြားလား"
ဆိုတော့မှကျွန်တော်လည်း
"ဟုတ်ကဲ့ဗျ"လို့ပြောပြီးသူ့လက်ထဲက
ကားသော့ကိုယူကာ ကားထဲ၀င်ထိုင်လိုက်ပြီး
"CEO ဘယ်သွားမှာလဲဗျ"
လို့မေးတော့သူက
"ကိုယ်စောနက ပြောထားတယ်လေ
မနက်စာသွားစားမှာလို့လေ"ဟုပြန်ဖြေသဖြင့်
"မဟုတ်ဘူးလေ.. ကျွန်တော်ပြောတာဘယ်ဆိုင်လဲလို့မေးတာ"ဟုဆိုတော့မှ
"သြော်......ကိုယ်သွားနေကျဆိုင်ကိုသွားမယ်....လမ်းက Nongမသိရင် GPSနဲ့ရှာလိုက်"
လို့ဖြေတော့မှကျွန်တော်လည်း
"ဟုတ်ကဲ့"ဆိုပြီးခေါင်းငြိမ့်ပြလိုက်ပြီး
ကားမောင်းလာခဲ့တယ်Mr. CEO and His Candy🍬 (Chapter-2)