Mew Ver;
ရင်ခွင်ထဲရောက်နေတဲ့သူ့ရဲ့ကိုယ်လေးကို ကျွန်တော်နဲ့အနည်းငယ်ခွာလိုက်ပြီး
" Nongဘာဖြစ်တာလဲ နေလို့မကောင်းဘူးလား "
လို့ကျွန်တော်ရဲ့ကလေးကိုကြည့်ပြီးမေးလိုက်တော့အကောင်ပေါက်လေးကကျွန်တော့်ကိုတွန်းထုတ်ပြီးသူ့ရဲ့ မျက်ရည်တွေကိုသုတ်ရင်း
" ကျွန်တော်အဆင်ပြေတယ်......ဘာမှမဖြစ်ဘူး "
ဆိုပြီးပြန်ဖြေတော့မှပဲကျွန်တော်လည်း အနည်းငယ်စိတ်သက်သာရာရသွားတယ်......အဲ့ကလေးပေါက်စလေးကငိုတာမျက်ရည်တွေတင်မကဘဲနှာရည်တွေရောကျပြီး မျက်နှာချောချောလေးကကြောင်ချေးရုပ်လေးတောင် ဖြစ်နေပြီ ကျွန်တော်လည်းအဲ့မျက်နှာလေးကိုကြည့်ပြီးရယ်လိုက်မိတော့ အဲ့စွာတေးလန်လေးက
" ဘာလဲဗျ.......ကျွန်တော့်ကိုကြည့်ပြီးဘာလို့ရယ်နေတာလဲ
ရူးနေတာလား😒 "ဆိုပြီးကျွန်တော့်ကိုမျက်စောင်းထိုးပြီးပြောတယ် ကျွန်တော်လည်းဘာမှမပြောတော့ဘဲအိပ်ကပ်ထဲက လက်ကိုင်ပုဝါကိုထုတ်ပြီး
" ရော့......ဒါနဲ့သုတ်လိုက် "
ဆိုပြီးပေးတော့ ကျွန်တော့်လက်ထဲကလက်ကိုင်ပုဝါလှမ်းယူပြီး
သူ့ရဲ့မျက်ရည်တွေရော နှာရည်တွေရောကိုသုတ်လိုက်ပြီး
ဆူပုတ်နေတဲ့ angry bird😡 မျက်နှာလေးနဲ့" ကျွန်တော်သေချာလျော်ပြီး ပြန်ပေးမယ် "
ဆိုပြီးပြောတော့ကျွန်တော်လည်း " အင်း " ဆိုပြီးတော့ခေါင်းငြိမ်ပြလိုက်မိတယ်
မင်းလေးကဘယ်လိုတွေတောင် ချစ်စရာကောင်းပြီးတော့
ကလေးလေးတစ်ယောက်လို ဖြူစင်နေရတာလဲ မင်းမျက်နှာလေးမြင်လိုက်ရရင် ကိုယ့်ကမ္ဘာကြီးပျော်စရာတွေအပြည့်နဲ့ဖြစ်သွားတယ်
မင်းမျက်နှာလေးက လုံး၀ဟန်ဆောင်ထားတဲ့အရာတွေမရှိဘူးဆိုတာကိုယ်မြင်နေရတယ်အရင်က ကိုယ့်ဘေးနားမှာရှိတဲ့သူအကုန်လုံးက
အရေခွံခြုံထားတဲ့ အတုအယောင်တွေချည်းပဲ
မင်းတစ်ယောက်ကတော့ လုံး၀အဖြူထည်လေး လို့ကျွန်တော်စိတ်ထဲကနေသာပြောနေမိတယ်