သူကျွန်တော့်ကိုလက်ခံလာအောင် တလှမ်းချင်းလှမ်းပြီး စိတ်ရှည်ရှည်ထားပြီးကြိုးစားရမှာပေါ့ ကျွန်တော်သဘောကျတဲ့သူကမိန်းကလေးတစ်ယောက်မဟုတ်ဘဲ ယောကျာ်းလေးတစ်ယောက်ဖြစ်နေခဲ့တယ် ကျွန်တော်ပတ်၀န်းကျင်မှာ LGBT couples တွေကိုမြင်တွေ့ဖူးပေမယ့် ကျွန်တော်ကိုယ်တိုင်ယောကျာ်းတစ်ယောက်ကိုချစ်မိသွားမယ်လို့စဥ်းတောင်မစဥ်းစား မိခဲ့တာလေ....ဒါပေမဲ့အချစ်မှာအပြစ်မရှိဘူးလေ သူ့ဘာသာဘာကြီးပဲဖြစ်နေဖြစ်နေယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကျွန်တော်ကတော့သူမို့လို့
သူဖြစ်နေလို့ကို ချစ်မိသွားတာက သူဆိုတဲ့ဖြစ်တည်မှုကိုမို့လို့
ယောကျာ်းမိန်းမဆိုတဲ့သတ်မှတ်ချက်တွေမပါဘဲနဲ့ အချစ်မှာ
ယေကျာ်းမိန်းမခွဲနေစရာမလိုဘူးလို့ ကျွန်တော်ထင်တယ်
သူကတော့ကျွန်တော့်လိုမျိုးစဥ်းစားပြီး လက်ခံနိုင်ပါ့မလား...
သူကလည်းကျွန်တော့်လိုမျိုး ယောကျာ်းလေးတစ်ယောက်ဖြစ်နေတာမလို့ ကျွန်တော့်ကိုလက်ခံနိုင်ပါ့မလား.....ဖြစ်မလာသေးတာတွေကိုစဥ်းစားပြီးကျွန်တော် အချိန်တွေအကုန်မခံနိုင်တော့ဘူး
အခုချစ်ရတဲ့သူကို ပိုင်ဆိုင်ခွင့်ရဖို့အတွက်ကျွန်တော်ကြိုးစားဖို့
ဆုံးဖြတ်ချက်ချလိုက်တယ် ကျွန်တော်ကလိုချင်တာမှန်သမျှကို
အကုန်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့သူမလို့ ဒီတစ်ခါလည်းကျွန်တော်ချစ်ရတဲ့
Gulf ဆိုတဲ့ကောင်လေးကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရမယ်လို့
ကျွန်တော့်ကိုယ်120℅ယုံကြည်တယ်
(ကိုကြီးရဲ့ confidence level ကတော့ so highပါပဲရှင် 😛😛)
ကျွန်တော်ကလိုချင်တဲ့အရာကို မရရအောင်ယူတတ်ပေမယ့်
သူ့ဆီကနေတော့အတင်းအကျပ် ဖိအားပေးပြီးမှရလာတာမျိုး
မလိုချင်ဘူးဗျ....ဖြည်းဖြည်းချင်းတော့ ကျွန်တော်ချစ်တဲ့သူဆီက
attentionရအောင်လုပ်ရမှာပေါ့
Gulf Ver;မနက်အိပ်ယာထတဲ့အချိန်အထိ ကျွန်တော့်ကိုယ်ပေါ်ကအနီရောင်အကွက်တွေက မပျောက်သေးဘူးဗျ ( alegric ဖြစ်တာကိုပြောတာနော်ထင်ချင်တာတွေထင်မနေကြနဲ့နော်🥴🥴)
မပျောက်သေးလဲမတတ်နိုင်ဘူး အလုပ်ကတော့သွားရမှာပဲလေ
မနေ့ကမှအလုပ်စ၀င်တာကို ဒီနေ့ခွင့်ယူလို့အဆင်မပြေဘူးလေ
ကျွန်တော်လည်းအိပ်ယာထဲကနေထပြီး ရေတစ်ခွက်သောက်ကာ
ရေချိုးဖို့အတွက်ရေချိုးခန်းထဲ ၀င်လာခဲ့တယ် ရေချိုးပြီးနောက်
အ၀တ်အစားလဲ၀တ်ပြီး company သွားဖို့အတွက်ကျွန်တော်
condoအောက်ကိုဆင်းလာခဲ့တယ် ကျွန်တော်အောက်ရောက်တော့
Taxi တစ်စီးမှမတွေ့ရတာမလို့ အချိန်လည်းလိုနေသေးတာနဲ့ grabမခေါ်တော့ဘဲ ကျွန်တော်လမ်းမကြီးအထိကိုလမ်းလျှောက်လာခဲ့ပြီး
ကားမှတ်တိုင်မှာပဲ bus ကားစောင့်ပြီးဒီနေ့ company ကို bus နဲ့ပဲသွားဖို့ဆုံးဖြတ်ခဲ့တယ် အမှန်တော့ကျွန်တော်တစ်ခါမှ bus မစီးဖူးဘူးကျွန်တော်က social transportation တွေနဲ့မရင်းနှီးဖူးဗျ
အဲ့တာကြောင့်အတွေ့အကြုံရအောင် စီးကြည့်မလို့......
ကျွန်တော်တို့ company နဲ့ bus stop ကနည်းနည်းတော့ေ၀းတာမလို့ကျွန်တော် company ရောက်အောင်လမ်းထပ်လျှောက်ရပြန်ပြီ ကျွန်တော်လည်းမသိလို့ bus စီးမိတာပါ
သိရင်လုံး၀မစီးဘူးကျွန်တော်တော့ဒီနေ့မနက်ခင်းတင် calories တော်တော် burn သွားပြီ ကျွန်တော်ကားပါကင်မှာ CEO ရဲ့ကားရပ်ထားတာကိုတွေ့လိုက်ရလို့နည်းနည်း အံ့သြသွားတယ်
"သူကဘာလို့အစောကြီးလာရတာလဲ🤔" "နေဦး သူ့company လေသူ့ဘာသာလာချင်တဲ့အချိန်လာမှာပေါ့ မင်းနဲ့ဘာဆိုင်လို့လဲ"ဆိုပြီးကျွန်တော့်ရဲ့မေးခွန်းကိုကျွန်တော်ကိုယ်တိုင်ပဲ အဖြေပေးလိုက်တယ်
ကျွန်တော်လမ်းတော့ထပ်မလျှောက်နိုင်တော့လို့ ဓာတ်လှေကားနဲ့ပဲတတ်လာခဲ့လိုက်တယ် ကျွန်တော်ရုံးခန်းရှေ့ရောက်တော့အခန်းထဲမှာ CEO ရှိတယ်ထင်တာနဲ့တံခါးခေါက်လိုက်တော့အထဲကနေ