Chapter (25-3)- playboy ကာဗာ အလှမယ် (Zawgyi+Unicode)
ပြိုင်ပွဲဝင်များကခေါင်းတညိတ်ညိတ်ဖြင့်အော်လိုက်သည်၊ ထို့နောက် ဂျွန်သည် tablet ကို ချော်ရည်လို ပူပြင်းသည့်မျက်လုံးများနှင့် စိုက်ကြည့်နေသည့် သူ၏ idol နားကို ကင်မရာဖြင့် အနီးကပ် ရိုက်လိုက်သည်။
" ကျွန်တော် အီလက်ထရွန်းနစ်ပစ္စည်းတွေ သဘောကျတယ်။ အထူးသဖြင့် ပီစီကွန်ပြူတာတွေကိုကြိုက်တယ်။ "
ကျိုးယွင်ရှန့် သည် မီးနီနေသည့် ကင်မရာကိုပြုံးကြည့်ကာ ပြော လိုက်သည်။
သူ့ဘေးတွင်ရပ်နေသော Emily သည် ရုတ်တရက်သူမ၏ လက်ကိုမြှောက် လိုက်ပြီး ပြောလိုက်သည်။
" ဒီအစီစဉ်က Romeoကို အရေးယူမှု လုပ်နေသည်မဟုတ်လား။ ဒါကြောင့် သူ့ရဲ့ဓါတ်ပုံရိုက်ချိန်ကို တစ်ဝက်လောက် လျော့သင့်တယ်။"
တီဗီရှေ့မှောက်မှာ ရှိနေသည့် ပရိသတ်များသည် ဒေါသတကြီး နှာမှုတ်ကာ တီဗွီဖန်သားပြင်ထက်တွင် မြင်နေရသည့် Emily ကို အပေါစားမ၊ လမ်းဘေးက ကောင်မ စသဖြင့် စော်ကားသော စကားများဖြင့် ပြောဆိုကြပြီး တချို့က သူမကို တရွတ်တိုက်ဆွဲထုတ်ကာ ရိုက်သတ်ပစ်ချင်စိတ်ပေါ်လာမိသည်။
Bonnie က မစ္စတာဒါရိုက်တာ ကို ဒီအကြောင်း ပြောပြချိန်မှာ သူက အေးစက်စွာ ပြောလိုက်သည်။
" အစီစဉ်တင်ဆက်သူအုပ်စုက သတ်သတ်၊ စပွန်ဆာပေးသူက သတ်သတ်ဖြစ်တယ်။ မင်းက ဒီဟာကို လုပ်မှ တရားမျှတတယ်လို့ထင်ရင်လည်း ငါ ဂရုမစိုက်ဘူး။ ငါ့ရဲ့ထုတ်ကုန်မှာ အကောင်းဆုံးပိုစတာ ရဖို့ကိုပဲ ငါအာရုံစိုက်တယ်။ ဒါကြောင့် ပြိုင်ပွဲဝင်တိုင်းက တန်းတူ အခွင့်ရေးနဲ့ တန်းတူအရင်းအမြစ်တွေရှိရမယ်။ တကယ်လို့ မင်းက မင်းပြိုင်ဖက်ကို ထိုးနှက်တိုက်ခိုက်ချင်တယ်ဆိုရင် အခြားအချိန်မှာလုပ်ပါ။ ငါ့ ထုတ်ကုန်ကို ဟာသတော့ လာမလုပ်နဲ့။ မင်းကို ကူညီရလောက်အောင် ငါက အရူးမဟုတ်ဘူး။ "
သူ့ရဲ့တုန့်ပြန်မှုကြောင့် Emily က အရှက်တကွဲဖြစ်သွားရသည် ကျန်ပြိုင်ပွဲဝင်များကတော့ ပါးစပ်ကို လက်နှင့်ကာပြီး ပြုံးရယ်နေကြသည်။ ကျိုးယွင်ရှန့်ကတော့ သူမကို လူရွှင်တော်တစ်ယောက်လို သဘောထားပြီး ကြည့်လိုက်သည်။
Bonnie က ဖျန်ဖြေရန် ထွက်မလာခဲ့ပါ၊ သူမက ကြေငြာ ပိုစတာ ရိုက်မည့်နေရာကို ခေါ်မသွားခင် ပြိုင်ပွဲဝင်များ ရယ်မောနေသည်ကို စောင့်ပေးနေခဲ့သည်။
"ဒါကနောက်ခံလား။ အဖြူရောင်အဝတ်စ တွေကာထားတဲ့ ဟာတွေပဲလား"
Ivana က မယုံနိုင်စွာမေးလိုက်သည်။ စတူဒီယိုမှာ ကြီးမားပြီးကျယ်ပြန့်တဲ့အဖြူရောင် အစကြီး ၅ ခုရှိနေသည်။ ။ ထိုကဲ့သို့သော အဖြူခံ ဆင်တူ နောက်ခံတွေနဲ့ သူမတို့က ဘယ်လို သရုပ်ပြပြီး ပိုစတာရိုက်ကူးရမှာလဲ။
" ကိုယ့်ပုံကို ကြွတက်လာအောင် လုပ်နိုင်တဲ့ နည်းကို မင်း နောက်ကျရင် တွေ့လိမ့်မယ်။ တကယ်လို့ မင်း ဆီမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ ကွန်ပြူတာ တစ်လုံးရှိတယ်ဆိုရင် အာကာသထဲမှာ ဓါတ်ပုံရိုက်ချင်တယ်ဆိုလည်း ရတယ်။"
Bonnie သည်လျှို့ဝှက် စွာ ပြောရင်း မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
"ဒါက ကျွန်တော်တို့ကို နောက်ခံစိတ်ကြိုက်ထည့်ဖို့ ကွန်ပြူတာထဲက ဆော့ဝဲလ် software ကိုသုံးခွင့်ပြုတာပါပဲ။ စိတ်မပူပါနဲ့၊ ဒီဆော့ဖ်ဝဲက အစ်မကိုကျေနပ်စရာကောင်းတဲ့ နောက်ခံကို စိတ်ကြိုက်ရွေးနိုင်မှာပါ"
ကျိုးယွင်ရှန့်က Ivana ၏နားနားကပ်ပြီိးုတိုးတိုးလေးပြောလိုက်သည်။ မစ္စတာဒါရိုက်တာက ဒီမှတ်ချက်ကိုကြားပြီးပြုံးကာ ခါင်းညိတ်လိုက် သည်။
Bonnie သည် သူလက်ချောင်းများထောင်ပြီး အချိန်ကို စတင်ရေရွတ်လိုက်တော့ ပြိုင်ပွဲဝင်များ အဝတ်လဲခန်းထဲကို အလုအယက်ပြေးထွက်သွားကြတော့သည်။
ကျိုးယွင်ရှန့် သည် ပုံမှန်မီးခိုးရောင် V ရှိတ်လည်ပင်းနှင့် ဆွယ်တာအင်္ကျီ၊ အဖြူရောင်ဘောင်းဘီနှင့်အနက်ရောင်နှင့်အဖြူရောင် နှစ်ခုစပ်ထားသည့် ဖိနပ်တစ်စုံကိုရွေးခဲ့သည်။ သူက ဆံပင်တွေကိုဖြည်းဖြည်း လေးစောင်း နေအောင် လုပ်လိုက်သည်။ ပြီးတော့ သူကအဖြူရောင်နံရံကိုသွားပြီး အလင်းပေးသည့် ဌာနနဲ့စကားပြောသည်။ ပြိုင်ပွဲဝင်များ အနေဖြင့် အလင်းရောင်ကို မိမိဖာသာ တာဝန်ယူရသော်လည်း တကယ် တော့ ဒီအလင်းရောင်တွေရဲ့ အကျိုးသက်ရောက်မှုကို ၀ န်ထမ်းများအားေ ပြောပြစေချင်ကြောင်း သူတို့က ကြိုတင်ပြောကြားခဲ့သည်။
ကွန်ပျူတာသည် အရောင်ငါးမျိုး ရှိပြီး အနက်၊ အဖြူ၊ အပြာ၊ အဝါ၊ လိမ္မော်ရောင်ရှိသည်။ ကျိုးယွင်ရှန့်က အလင်းဌာနကို အဖြူရောင်အ ၀ တ်အစားတွင် အပြာရောင် မီးရောင်ထိုးစေပြီးနောက် အဝါရောင်မီး၊ ပြီးနောက် လိမ္မော်ရောင် ပြီးနောက် အဖြူရောင် အဲ့ဒါပြီးရင် မီးခိုးရောင် မီးရောင် တို့ကို အစဉ်လိုက်အတိုင်း ထိုးစေပြီးနောက် ဒီအရောင်တစ်ခု နှင်တစ်ခုကြားပြောင်းသည့် မှုအကြား ကင်မရာ ရှပ်တာကို နှိပ်လိုက်သည်။
"သူ ဘာလုပ်နေတာလဲ။ ဒီဓာတ်ပုံထဲမှာ မော်ဒယ်လ်နဲ့ထုတ်ကုန်တွေရှိရမယ်၊ ဒါကို သူ သိသင့်တာပေါ့"
မစ္စတာဒါရိုက်တာအလွန်စိုးရိမ်ခဲ့သည်။ Gustav ကို သူအကြွေးတင်ခဲ့သဖြင့် Gustav ၏ ချစ်သူလေးကို ကောင်းကောင်းဂရုစိုက်ရန် စိတ်ထဲ ထည့်ထားခဲ့ပေမယ့် Gustav ရဲ့ကောင်လေးက ဗြောင်နောက်ခံပေါ်မှာ အရောင်တွေရဲ့ အကူးအပြောင်းနဲ့ အရောင်ဖြာနေတာကိုပဲိရိုက်ကူးနေလို့ သူ ဘယ်လို ကူညီရမှန်းမသိ ဖြစ်နေသည်။
"စိတ်မပူပါနဲ့၊ သူက လျှောက်မလုပ်ပါဘူး။ "
Bonnie က လက်ဝေ့ယမ်းပြပြီး လူငယ်လေးရဲ့ အဖြူရောင် ဆွယ်တာအောက်က ပေါ်နေတဲ့ ဖြူဖွေးတဲ့ အသားလေးတွေကို တွန့်ဆုတ်စွာ ငေးနေမိသည်။ သူဝတ်ထားတဲ့ ဆွယ်တာ အင်္ကျီက အလွန်ချောင်နေပြီး အနည်းငယ်လှုပ်ရှားလိုက်လျှင်ပင် အလွန် sexy ကျသည့် လည်ပင်းညှပ်ရိုးနှင့် ပခုံးစွန်းလေးတွေကိုဖော်ပြနေသည်။ Gustav သာ ဒီ စတူဒီယိုတွင်ရှိခဲ့လျှင် သူသည် ဝံပုလွေလိုမျိုး ဝါးစားမတတ်ကြည့်နေမှာ သေချာသည်။
မစ္စတာဒါရိုက်တာသည် ပခုံတွန့်လိုက်ပြီး ဘာမှ မပြောတော့ပေ။
ကျိုးယွင်ရှန့်သည် နောက်ခံ လိုက်ကာအဖြူပေါ် အလင်းရောင်တွေ ဖြာကျတာကို စိတ်ကြိုက်ရိုက်ပြီးချိန်မှာ သူက ကင်မရာကို မတ်တပ် စတန်းတွေင် တပ်ဆင်ပြီး သူဖာသာ ခလုတ်နှိပ်ပြီး စတင်ရိုက်ကူးခဲ့သည်။ သူသည် မတ်မတ်ရပ်နေပြီး လက်ကိုဆန့်တန်းကာ လက်ဖဝါးထဲတွင် အဖြူရောင်တက်ဘလက်ကွန်ပျူတာတစ်လုံးကို ထည့်ထားပြီး သူ့လက်ကောက်ဝတ်ကို အားစိုက်ထုတ်ပြီး သူကဘတ်စကတ်ဘောကို ကိုင်ထားပြီး လှည့်နေသည့်ပုံစံမျိုး ဓါတ်ပုံရိုက်လိုက်သည်။ ပြီးတော့ ကင်မရာကို စက္ကန့်တိုင်းရိုက်ကူးရန် သတ်မှတ်ထားတာကြောင့် ဒီလိုလုပ်လိုက်တာနဲ့ ကင်မရာမီးရောင်က ဖြတ်ခနဲလင်းသွားခဲ့သည်။ ပြီးတော့ သူက အနက်ရောင်တက်ဘလက်ကို ပြောင်းလိုက်ပြီး ပထမ ရိုက်ကူးသည့် ပုံစံကိုပဲ ထပ်ခါတလဲလဲရိုက်ကူးနေသည်။
ဝ န်ထမ်းများအားလုံးရပ်နေပြီး သူ ဓာတ်ပုံ ၅- ပုံ ရိုက်နေသည်ကိုကြည့်ပြီး အံ့အားသင့်သွားကြသည်။
မစ္စတာဒါရိုက်တာက Romeo ရဲ့ ဦး နှောက်မှာ ပြသနာ ရှိနေလားလို့ သံသယဝင်လာပုံရသည်။ ဒီဓာတ်ပုံတွေဟာ ရိုးရှင်းလွန်းပြီး ဘာမှမပါဘူးဆိုတာကို လူတိုင်းတွေ့မြင်နေရသည်။ ဒီလိုလုပ်နေရင် သူ့ရဲ့ နတ်သားလေးလို လှပတဲ့ ရုပ်ကလေးကတောင် ကယ်လို့ မရဖြစ်သွားနိုင်သည်။
တီဗွီရှေ့တွင်ရှိသည့်ပရိသတ်များက သူ့ကို စိုးရိမ်တကြီး အော်ဟစ်နေကြသည်။
" Romeo၊ နိုးထပါတော့၊ မင်းရဲ့ရိုက်ချက်တွေက အသုံးမဝင်ဘူး။ မင်းရဲ့အရင်တုန်းက လုပ်ပြခဲ့သလို အရှိန်အဟုန်ကိုသုံးပြီး အခြားလူတွေကို ရိုက်ချပစ်စမ်းပါ။ မဟုတ်ရင် သူတို့က မင်းကို ဖယ်ရှားပစ်လိမ့်မယ်။"
ကျန်တဲ့ပြိုင်ပွဲဝင်တွေကတော့ Romeo ကိုကြည့်ဖို့အချိန်မရခဲ့ကြပါဘူး။ သူတို့က ဝန်ထမ်းတွေနဲ့ တိုင်ပင်ရင်း ရူးမလို ဖြစ်နေကြပေမယ့် Romeo လုပ်ကိုင်နေတာကို တွေ့တော့သူတို့ ရင်ထဲက အပူတွေ တစ်ဝက်လောက် လျော့သွားကြသည်။ ဒါပေမယ့် ဒီထဲမှာ Ivana မပါခဲ့ပါဘူး။ သူမ ခုန်ပေါက်ပြီး Romeo ကိုအလျင်အမြန် ၀ င် လာပြီး သူ့ကိုယ်သူမြန်မြန်ဆန်ဆန်ပြုပြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့သည်။ ကျိုးယွင်ရှန့်ကတော့ ဓါတ်ပုံရိုက်နေရင်း သူမကို တောက်ပသည့် အကြည့်တစ်ချက်သာ ပြန်ပေးခဲ့သည်။
Emily သည် Mr. Acheson ၏ Romeo နှင့် ပတ်သက်သောခံစားချက်များကို ထိုးထွင်းသိမြင်ခဲ့သည်။ အကယ်၍ သူမက ညစ်ပတ်တဲ့ နည်းလမ်းကိုသုံးပြီး တိုက်စစ်မဆင်ဘူးဆိုရင် ပထမ ဆိုတဲ့ ခေါင်းစဉ်က Romeo ၏လက်ထဲသို့ရောက်သွားလိမ့်မည်ဟု ခံစားခဲ့ရသည်။ ဒါကြောင့် သူမက ရေချိုးခန်းဝတ်ရုံလေးကို ဝတ်ဆင်ပြီး ထွက်လာလိုက်သည်။
သူမ စတင်ရိုက်ကူးလိုက်တာနဲ့ ရုတ်တရက်ဆူညံသံများ ထွက်ပေါ်လာ သဖြင့် Bonnie နှင့် Mr. Director တို့က လျင်မြန်စွာလှည့်ကြည့် လိုက်ကြသည်။
"My God!"
Bonnie က Emily ရဲ့ကိုယ်လုံးတီးကို တွေ့လိုက်တော့ အလန့်တကြား အော်ဟစ်လိုက်မိသည်။ Emily က စတိုင်လစ်ကို သူမရဲ့ဆံပင်တွေကို လျှော့ရဲရဲကျအောင် လုပ်ခိုင်းထားပြီး ဆံနွယ်တွေက သူမရဲ့ရင်ဘတ်က ထိပ်ဖျားလေးနှစ်ခုကို ဖုံးထားခဲ့သည်။ သူမက နံရံရှေ့တွင် ခြေထောက်လိမ်ယှက်ထိုင်နေပြီး သူမရဲ့ အဓိက နေရာကို လိမ်မော်ရောင် တက်ပလက် ကွန်ပြူတာကို ကိုင်ထားပြီး ကွယ်ထားလိုက်သည်။
မီးရောင်က သူမရဲ့ စင်းလုံးချော ကိုယ်လုံးလေးကို အလင်းရောင်ဖြာထိုးနေပြီး သူမရဲ့ သွင်ပြင်က ဂရိ နတ်သမီးလေးလို ထင်မှားရလောက်သည်။
" သူမဆီမှာ ပျော်စရာကောင်းတဲ့ အကြံလေးတွေရှိပုံရတယ်"
Mr. Director က သူမကို မျက်စိမလွဲတမ်း ကြည့်ပြီး မှတ်ချက်ချ လိုက်သည်။
Emilyက ဓါတ်ပုံတစ်ပုံနှင့် တစ်ပုံရိုက်ကူးဖို့ကြားထဲ နားချိန်မှာ ဒီမှတ်ချက်ကိုကြားတော့ အောင်ပွဲခံအပြုံးလေးတစ်ပွင့် ပြုံးလိုက်သည်။ တီဗွီပေါ်က ပရိတ်သတ်များက သူမရဲ့ အဝတ်မဲ့ sexy body ကိုအာရုံစိုက်ပြီး ခဏတုန်းက သူတို့ရင်ထဲ ဒေါသထွက်နေသမျှ ယာယီငြိမ်သွားကြသည်။
=====================

BẠN ĐANG ĐỌC
စူပါ မော်ဒယ်
Lãng mạnအကျဉ်းချုပ် - ထိပ်တန်းဟက်ကာတစ်ယောက်ကိုဘဝများစွာပြန်လည်မွေးဖွားဖို့ Lod God System ကရွေးချယ်ခဲ့သည်။ ကမ္ဘာကြီးအဆုံးသတ်သွားတော့ အရာအားလုံးက ပျက်စီးသွားပြီး ဝမ်းနည်းစရာတွေဖြစ်လာခဲ့တယ်။ နောက်ဆုံး ကျိုးယွင်ရှန့် သည်ဗီလိန်စနစ်၏ထိန်းချုပ်မှုမှလွတ်မြောက်ခဲ့ပြ...