Chapter (22-2) – Fujoshi နှင့် Gustav ၏ fan များ
ဒါပေမယ့် နာမည်အကြီးဆုံးလူက ကျိုးယွင်ရှန့်နှင့် Ivana မဟုတ်ဘဲ Mr. Acheson ဖြစ်နေသည်။ သူက Fujoshi မိန်းကလေးများ၏ သံသယကို ထပ်မံရင်ဆိုင်လိုက်ရပြန်သည်။
"Gustav က Gay ဖြစ်ရမယ်လို့ ငါပြောသားပဲ.. သူက Romeo ကိုချစ်နေတာ.. ကြည့်လေ.. သူက Romeo ကို 'ကြောင်ပေါက်လေး' ဆိုတဲ့ ချစ်စနိုးနာမည်ပေးထားပြီး အမှတ်တမဲ့ ထုတ်ပြီးခေါ်မိခဲ့တာပဲ.."
ဒီ comment အတွက် ပူးတွဲဖော်ပြထားသည့် Video သက်သေများစွာ ရှိနေသည်။
"ငါ သဘောတူတယ်.. သူ Romeo အပေါ်ထားတဲ့ သဘောထားက အခြားပြိုင်ပွဲဝင်တွေနဲ့မတူတာ ရှင်းနေတာပဲ.."
အွန်လိုင်းသုံးစွဲသူများက သူတို့ဘာသာ edit လုပ်ထားတဲ့ Video ကို တွဲတင်ပြီး ပြောထားကြသည်။
ဒီ Video ထဲတွင် Gustav က အခြားပြိုင်ပွဲဝင်များကို ဓာတ်ပုံရိုက်ပေးတဲ့အခါတိုင်း သူ့မျက်ဝန်းတွေက ဗလာဖြစ်နေပြီး မည်သည့်ခံစားချက်မှ မပါပေ။ အစမှအဆုံးထိ တည်ငြိမ်နေပြီး 'ကောင်းတယ်.. မင်းပုံရိုက်လို့ပြီးပြီ' ဆိုတဲ့ စကားတစ်ခွန်းတည်းကိုပဲ နောက်ပြိုင်ပွဲဝင် ၄ဦးအထိ ထပ်တလဲလဲပြောနေသည်။
Romeo နဲ့ Ivana တို့အလှည့်ရောက်တဲ့အထိ သူ့ရဲ့တည်ငြိမ်အေးစက်တဲ့အမူအယာကို ထိန်းထားပြီး သူတို့ရောက်လာတာနဲ့တစ်ပြိုင်နက် လေထုက ချက်ချင်းပြောင်းလဲသွားသည်။ အွန်လိုင်းသုံးစွဲသူများ၏ editing စကေးလ်က တော်ပြီး ဖန်တီးနိုင်စွမ်းပြည့်ဝလွန်းလှသည်။ သူတို့က တည်ငြိမ်အေးစက်တဲ့ ဒီလေသံကို ထပ်တလဲလဲထည့်သွင်းထားပြီး ကာတွန်းကားထဲက မင်းသမီးလေးလို ချစ်စရာကောင်းတဲ့ Romeo ရဲ့မျက်နှာလေး ပေါ်လာတာနဲ့တစ်ပြိုင်နက် နောက်ခံသီချင်းက ယနေ့ခေတ်စားနေသည့် 'Love me Baby' ဆိုတဲ့သီချင်းကို ပြောင်းလိုက်သည်။ အဆိုတော်အမျိုးသမီး၏ ရွှင်လန်းသည့်သီချင်းကြားမှာ Gustav ရဲ့ 'ဘေဘီ အလယ်မှာရပ်ပေးပါ' ဆိုတဲ့စကားသံလည်း ရောနှောထွက်ပေါ်နေသည်။
"ဘေဘီ.. ကိုယ့်ကိုကြည့်ပါ.. မင်းသဘောအကျဆုံးလူကို ကြည့်သလို နူးနူးညံ့ညံ့နဲ့ လေးလေးနက်နက်ကြည့်ပေးပါ.."
"ဘေဘီ.. ကိုယ့်ကို ပြုံးပြပါဦး.."
"ဘေဘီ.. မင်းက ဒီကမ္ဘာပေါ်က နတ်သမီးလေးပဲ.."
"ဘေဘီ.. မင်း အကောင်းဆုံးလုပ်နိုင်ခဲ့တယ်.. I Love You.."
ဓာတ်ပုံရိုက်နေတဲ့အချိန်အတွင်း ဒီစကားလုံးတွေကြားနေရတာ ဘယ်လိုမှမခံစားရပေမယ့် ဒီဟာတွေစုပေါင်းပြီး တစ်ခါတည်းတင်ပြလိုက်ခြင်းမှာ ဟိုလိုသည်လို ထင်လာကြပြီး Gustav က ဒီပြိုင်ပွဲတစ်ပိုင်းလုံး Romeo ကိုပဲ အာရုံစိုက်နေတယ်ဆိုတာ ထင်ရှားလာသည်။
အထူးသဖြင့် နောက်ခံအဆိုတော် သီဆိုနေသည့် "ကိုယ့်ကိုချစ်ပါ ကလေးရေ.. တကယ်လို့ မင်းကိုယ့်ကို မချစ်ဘူးဆိုရင် ဘာလုပ်ရမှန်း ကိုယ်မသိတော့ဘူး.. ကိုယ်သေသွားလိမ့်မယ်ထင်တယ်.." ဆိုသည့် သီချင်းစာသားကြောင့် Gustav ရဲ့အမူအယာက ပိုပြီးထင်ရှားလာခဲ့သည်။
"Oh God.. အရမ်းချစ်တာပဲ.. Gustav က Romeo ကိုမချစ်ဘူးဆိုရင် ငါ့ကီးဘုတ်ကို ငါ မြိုချပြမယ်.."
Fujoshi မိန်းကလေးတစ်ယောက်က အခိုင်အမာပြောလိုက်တော့သည်။
Fujoshi မမများက Gustav နဲ့ Romeo ကို အကြီးအကျယ် ship တဲ့သတင်းက Gustav ရဲ့ fan တွေကို စိတ်မချမ်းမသာ ဖြစ်လာစေသည်။ သူတို့လည်း ကမ္ဘာပေါ်က နာမည်ကြီးဓာတ်ပုံဆရာတွေရဲ့ ငိုကြွေးရင်းဓာတ်ပုံရိုက်နေတဲ့ ပုံတွေ၊ ကျေနပ်ပျော်ရွှင်လွန်းလို့ ဝမ်းသာစွာအော်ဟစ်နေပုံတွေ၊ Model တွေကို ဖက်နမ်းလိုက်သည့်ပုံတွေကို စုစည်းပြီး Video Clip ပြုလုပ်ကာ စိတ်ကြိုက်ပုံရရှိချိန် ဓာတ်ပုံဆရာများ ပျော်ရွှင်နေတတ်ပုံကို တင်ပြထားသည်။ သူတို့က ဒီ Video ကို သက်သေအဖြစ် အွန်လိုင်းပေါ်တင်ပြီး Gustav က Romeo ကိုနမ်းတာက သူအရမ်းကျေနပ်ပျော်ရွှင်လို့ဖြစ်ကြောင်း၊ အခြားပြိုင်ပွဲဝင်များကို မထူးခြားသလိုဆက်ဆံတာက သူ့ရဲ့စိတ်ကူးဥာဏ်ကို မလှုံ့ဆော်ပေးနိုင်သောကြောင့်ဟု ခုခံပြောဆိုကြသည်။
ဒီအုပ်စု၂စုက ရင်ဆိုင်တွေ့လာကြပြီး Gustav က အရူးအမူးချစ်သည့် Video Clip က တောမီးကဲ့သို့ အွန်လိုင်းပေါ်မှာ အလျင်အမြန်ပြန့်လာခဲ့သည်။ Gustav က ဒီ Video ကိုတွေ့တော့ ဒီ Video Clip က အရမ်းကောင်းသည်ဟု ချီးကျူးချင်တာ စိတ်ထဲရွစိထိုးနေပေမယ့် နောက်ဆုံး စိတ်ကိုထိန်းကာ အသာလေးလျှိုနေလိုက်သည်။
ပြင်ပကမ္ဘာမှာ ပြိုင်ပွဲဝင်များကို ဘယ်လိုဝေဖန်ကြပေမယ့် ပြိုင်ပွဲဝင်တွေက ဒီသတင်းကိုမရရှိကြပေ။ သူတို့က နေ့စဉ် ပြင်းထန်သည့်လေ့ကျင့်မှုလုပ်လိုက်၊ ယှဉ်ပြိုင်လိုက်၊ ပြန်လေ့ကျင့်လိုက်၊ နောက်တစ်ခါယှဉ်ပြိုင်လိုက်နှင့် အလုပ်များလျက်ရှိကြသည်။
Emily က ပြိုင်ပွဲတိုင်းမှာ အားစိုက်ယှဉ်ပြိုင်ပေမယ့် သူမ၏စုစုပေါင်းရမှတ်က ကျသည်ထက်ကျဆင်းလို့နေသည်။ သူမက ဘယ်လောက်ပဲ သူရဲကောင်းတစ်ယောက်လို သတ္တိရှိပြီး စိတ်ဓာတ်ဘယ်လောက်ကြံ့ခိုင်ပေမယ့် ပြိုင်ပွဲတိုင်း သူမက ဖယ်ရှားပစ်ခံရမယ့်အခြေအနေကို ရောက်ရှိနေပြီး သူမရဲ့ခွန်အားနဲ့ ကံကောင်းခြင်းပေါ်ကိုပဲ မှီခိုနေရတော့သည်။
ပြိုင်ပွဲအတော်များများ ပြီးသွားတော့ အကောင်းဆုံးပုံတွေက Romeo နဲ့ Ivana တို့ကြားမှာပဲ ဆုံးဖြတ်နေရပြီး ကျန်ပြိုင်ပွဲဝင်တွေအားလုံးက မင်းသားလေးနဲ့ အတူလေ့လာဖို့နဲ့ မနာလိုမှုနည်းနည်းနဲ့ ရင်ထဲပြည့်ကြပ်လို့နေသည်။
Gustav က ပြိုင်ပွဲဝင်များအတွက် ဓာတ်ပုံဆရာဆက်လုပ်ပေးနေပြီး အခုဆိုရင် သူက ကြောင်ပေါက်လေးရဲ့ပုံတွေ စုစည်းထားပြီး တစ်နေ့တစ်နေ့ ကြောင်ပေါက်နဲ့ခွဲခွာဖို့ နာကျင်ခံစားလာရသည်။
"Ronny.. ပွတ်သီးပွတ်သပ်နေတဲ့ကောင်လေး.. မင်းကို ငါ ဘယ်နှခါပြောရမလဲ.. ငါ့ဘေဘီရဲ့ပုံတွေကို ကုတ်လို့မရဘူးလေ.."
Gustav က စားပွဲပေါ်မှာ သူ့ဘေဘီလေးရဲ့ဓာတ်ပုံတွေကို လက်ချောင်းဝတုတ်တုတ်တွေနဲ့ ကုတ်ပြီး မြူးတူးစွာကစားလိုက်၊ နမ်းလိုက်လုပ်နေတဲ့ ကြောင်လေး Ronny ကို စားပွဲပေါ်ကနေ အောက်ကို မ,ချလိုက်ရသည်။
Gustav က ဒီပုံတွေကိုစုစည်းလိုက်ပြီး လုံခြုံတဲ့အံဆွဲထဲမှာ သော့ခတ်သိမ်းပြီးချိန် သူ့မိတ်ဆွေတစ်ယောက်က စာပို့ထားတာကို သတိပြုမိလိုက်သည်။ သူနဲ့ကြောင်လေး Ronny ပုံကို Gustav ရဲ့ကိုယ်ပိုင် webpage ပေါ် မတင်တာကြာလို့ fan တွေက ညည်းညူနေကြသည်။ Gustav က Romeo ကိုမတွေ့ခင်လေးမှာ သူ့ကြောင်လေး Ronny အကြောင်း နေ့တိုင်းတင်ပေးပြီး တစ်နေ့တစ်နေ့ သူ့ကြောင်လေးရဲ့ ကြုံတွေ့နေရတာလေးကို ရေးတင်ထားတာက ပရိသတ်ကို နွေးထွေးမှုခံစားစေရပြီး ပြုံးရယ်စေသည်။ ခုတော့ သူ့ကမ္ဘာတစ်ခုလုံး ကောင်လေးနဲ့ပြည့်နှက်နေပြီး တစ်နေ့တစ်နေ့ ကောင်လေးနဲ့နီးစပ်ဖို့ ဘယ်လိုလုပ်ရမလဲစဉ်းစားနေတာနဲ့ ဘာအကြောင်းမှတွေးဖို့၊ လုပ်ဖို့ အချိန်မရှိတော့ပေ။ သူ့သူငယ်ချင်းကလည်း ကြောင်ချစ်သူဖြစ်ပြီး Ronny ရဲ့ပုံကို သေချာသိမ်းထားတတ်သူဖြစ်သည်။ ပြီးတော့ သူ့ကြောင်လေးပုံကိုလည်း ပြန်ပို့ပေးလေ့ရှိသည်။
Gustav က သူငယ်ချင်းရဲ့စာကိုဖတ်ပြီး My Kitten ဆိုတဲ့ Folder ကိုရှာပြီး သူ့ရဲ့ကိုယ်ပိုင်အင်တာနက်စာမျက်နှာပေါ်မှာ ပုံတွေကိုတင်လိုက်သည်။
==================
ESTÁS LEYENDO
စူပါ မော်ဒယ်
Romanceအကျဉ်းချုပ် - ထိပ်တန်းဟက်ကာတစ်ယောက်ကိုဘဝများစွာပြန်လည်မွေးဖွားဖို့ Lod God System ကရွေးချယ်ခဲ့သည်။ ကမ္ဘာကြီးအဆုံးသတ်သွားတော့ အရာအားလုံးက ပျက်စီးသွားပြီး ဝမ်းနည်းစရာတွေဖြစ်လာခဲ့တယ်။ နောက်ဆုံး ကျိုးယွင်ရှန့် သည်ဗီလိန်စနစ်၏ထိန်းချုပ်မှုမှလွတ်မြောက်ခဲ့ပြ...