Chapter (25-5) "The Next Supermodel" (Zawgyi+Unicode)

10.1K 1.4K 58
                                    

Chapter (25-5) "The Next Supermodel"  (Zawgyi+Unicode)



မှန်သည်။  Acheson ရဲ့ဝေဝေဝါးဝါး ရေးတင်လိုက်တဲ့ စာလေးကနေ လူတွေက ဆက်တိုက် လိုက်လံစုံစမ်းနေတော့သည်။

သူတို့ကစပြီးပြောနေကြတာက..

Romeo ဟာ Acheson  ချစ်မြတ်နိုးသူလား၊ ဒါမှမဟုတ် လျှို့ဝှက်စေ့စပ်ထားသူလား။ တရားမဝင်ကလေးလား စတဲ့အထိ အမျိုးမျိုးသော ကောက်ချက်တောင် ချနေကြသည်။

အဆိုပါဆီမီးဖိုင်နယ် ဗိုလ်လုပွဲသည် ပြိုင်ပွဲဝင်များအတွက် အဓိက ဖြစ်သည်။  ဒီပြိုင်ပွဲကို ဆက်တိုက် အပိုင်းလိုက် ထုတ်လွှင့်နေချိန်တွင်
 သူတို့က ဗိုလ်လုပွဲများအတွက်လေ့ကျင့်သင်ကြားခံခဲ့ရသည်။

စူပါမော်ဒယ်ပြိုင်ပွဲဖြစ်သည့်အတွက်ပြေးလမ်းကို အဆုံးထိ လျှောက်နိုင်ပြီး အနိုင်ရသူအား ဆုံးဖြတ်တာက သဘာဝကျသည်။

စီစဉ်တင်ဆက်သူအုပ်စုသည် ကမ္ဘာ့အကျော်ကြားဆုံးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်သည့် Wilson ကို ဖိတ်ကြားခဲ့ပြီး နောက်ဆုံး  ပြိုင်ပွဲကို စီစဉ်တက်ဆက်ပြသရန် လာမည့်ဆောင်း ဦး နှင့်ဆောင်းရာသီ ကိုအသုံးပြုခဲ့သည်။

ဤအဝတ်အစားပြိုင်ပွဲ တွင်  စစ်ယူနီဖောင်းများထည့်သွင်းထားပြီး တိကျသည့် ချုပ်ရိုးချုပ်သား၊ အေးစက်ပြီး မှိုင်းသည့် အရောင်များနှင့် ချုပ်ထားသည့် စစ်ဝတ်စုံကို ကျန်ပြိုင်ပွဲဝင် အမျိုးသမီးနှစ် ဦး နှင့် အမျိုးသားနှစ်ဦး တို့က ဝတ်ဆင်ပြီး သူတို့ကိုယ်က ကြံ့ခိုင်တဲ့ ကြွက်သားများ ပေါ်လွင်အောင် လျှောက်လမ်းပေါ်တွင် လျှောက်ရင်း ကိုယ်ဟန်ပြရမည်ဖြစ်သည်။ ဒီအပိုင်းကို ပြိုင်ဖို့ ရဲရင့်မှုများစွာလိုအပ်သည်။

ဒီအချက်တွေက သူတို့အတွက် Wilson ၏ အခြေခံ တောင်းဆိုချက် ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့ပြီးနောက် Bonnie သည် Wilson ဆီကို လာပြီး ဒီပြိုင်ပွဲမှာ ဘယ်ပြိုင်ပွဲဝင်ကို စိုးရိမ်ရသလဲဟု မေးလိုက်သည်။

" ကျွန်တော်က Ivana ကို အားအရဆုံပါ။ သူက အမျိုသမီးမော်ဒယ်တွေ ထဲမှာ ရှားရှားပါးပါး ကြွက်သားမြောင်းပေါ်အောင် လေ့ကျင့်နိုင်တဲ့ တစ်ဦးတည်းသောသူဖြစ် ပြီး ဒီပြိုင်ပွဲရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကောင်းဆုံး အသင့်တော်ဆုံး ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တယ်။
ဆန့်ကျင်ဘက် အနေနဲ့ ပရိသတ်ရဲ့အကြိုက်ဆုံးဖြစ်တဲ့ Romeo အတွက်ွကျွန်တော် စိတ်ပူမိတယ်။  သူက အသက်မပြည့်သေးသူဖြစ်ပြီး သူ့ပုံစံက ယောက်ျားလေးနဲ့ရော မိန်းကလေးနဲ့ပါ တူနေတယ်။ ကျွန်တော့်ရဲ့ ယောကျာ်းဆန်လွန်းတဲ့ စစ်ဝတ်စုံကို ဝတ်လိုက်ရင် မိန်းကလေးလို ပုံစံကြောင့် ဝတ်စုံရဲ့ အရည်သွေးကို ထိခိုက်မှာစိုးရတယ်။ " ။

Bonnie နားလည်ပြီး ခေါင်းငြိမ့်လိုက်သည်။

အကောင်းဆုံးအကျိုးသက်ရောက်မှုရရှိရန်အတွက် ကင်မရာမင်းသည် Romeo ၏ပုံကို ဖမ်းယူရန် နောက်ခံကိုချက်ချင်း အာရုံစိုက်လိုက်သည်။
ထို့နောက် သူက သက်ပြင်းချပြီး ထုတ်ပုံကို ထုတ်ပေးခဲ့သည်။

လရောင်လို အမြဲနူးညံ့သိမ်မွေ့သည့် ဆယ်ကျော်သက်ကောင်လေးသည်  သူ၏ဆံပင်အားလုံးကို သပ်ရပ်စွာ နောက်လှန်ဖြီးချထားပြီးနောက်  အလွန်ချောမောသော သူ့ပုံပန်း အသွင်အပြင်များကိုထုတ်ဖော်ခဲ့သည်။

သူ၏အပြာရောင်မျက်လုံးများက အနည်းငယ်မှေးစင်းထားပြီး နူတ်ခမ်းများက တင်းတင်းစေ့ထားတာ  သူ၏ဖော်ပြချက် အရနွေးထွေးသည့် အမူယာကို သဲလွန်စတစ်ခုမမှပင် မပါ ရှိတော့ပဲ အေးစက်ခြင်းနှင့် လူတွေနဲ့ ဝေးကွာတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေသည်။ 

သူက အညိုရောင် စစ်ယူနီဖောင်းဝတ်ကာ ခါးပတ်ပတ်ထားပြီး စစ်ဖိနပ်တစ်ရံနှင့် သူ၏ပြီးပြည့်စုံသော တင်ပါးနှင့် ရှည်သွယ်သော ခြေထောက်များ ကို ဖော်ပြခဲ့သည်။ သူက ထက်ရှတဲ့ စစ်သုံးဓါးမြှောင် တစ်လက်နှင့် တူပြီး အရာရာကို ဖြတ်တောက်ဖို့ အသင့်ဖြစ်နေသလို ခံစားရသည်။

သူကရှေ့ကို လျှောက်လှမ်းလာပုံနှင့် အေးစက်စက် မျက်ဝန်းအကြည့်တွေက ဓါးတစ်လက်ကို မြင်ယောင်လာစေပြီး သူ့ လက်က ရှောင်လို့မလွှတ်နိုင်သည့် ခံစားချက်ကိုပါ ဖြစ်ပေါ်လာစေသည်။

သူသည်မကောင်းဆိုးဝါးဆန်ပြီး နူးညံ့ ပျော့ပျောင်းသလိုနှင့် တင်းမာသည်။ သူက ဘယ်လို အဝတ်စားပုံစံ၊ စတိုင်ကို မဆို အလွယ်တကူ ထိန်းချုပ်သွားနိုင်သည်။

Wilson ကအံ့အားသင့်သွားပြီး ပင့်သက် အကျယ်ကြီးချလိုက်မိသည်။ 

တီဗီရှေ့တွင်ရှိသောပရိသတ်များသည် ယစ်မူးနေပြီး မျက်နှာများနီရဲကာ ယောင်တောင်တောင်ဖြစ်နေသည်။

 ဂီတစတင်လိုက်သည်နှင့် Miss. Jeffery က ပြိုင်ပွဲဝင်များကို တန်းစီပြီး အလှည့်နှင့် စင်မြင့်ပေါ် လျှောက်စေသည်။


လူငယ်၏ခြေလှမ်းတိုင်းသည် ခိုင်မာသည်။ အေးဆေးတည်ငြိမ်မှုရှိပြီး စစ်တပ်သုံး တိုက်ခိုက်ရေးဓားကဲ့သို့ ချွန်ထက် ထက်မြက်သည်။ အခြားလူနှင့် မတူသည့် အရှိန်အဟုန်ကို ခံစားရစေသည်။

ထိုင်နေသောပရိသတ်က တုံ့ပြန်ရန် လုံးဝမေ့နေသည်။  သူတို့၏မေးရိုးများက ပွင့်ဟကာ အောက်ကျနေပြီး ပြီး သူ့ကို ငေးစိုက်ကြည့်နေကြသည်။

သူသည် စင်မြင့်ထိပ်ထိ လျှောက်လာပြီး နောက်ပြန်လှည့်ကာ စင်နောက် ကို ပြန်ဝင်သွားပြီ ဆိုတော့မှ သူတို့အားလုံး  အမှန်တကယ် ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရသည်။

သူ ၀ တ်ထားသော အ၀တ်အထည်များသည် အလွန်တင့်တယ် လှပလွန်း သည်။  မိန်းကလေးများပင်လျှင် သူတို့၏  ခါးနှင့် တင်ပါးအလှကို ပေါ်လွင်စေမည်ဟု မျှော်လင့်ပြီး ဒီစစ်ဝတ်စုံကို  ဝယ်ချင်ကြသည်။

ကောင်လေးကအဝတ်အစားလဲပြီး စင်ပေါ်ကို တက်လာသောအခါမှ  ပရိသတ်တွေရဲ့လက်ခုပ်သံများက အလွန်စိတ်အားထက်သန် စွာ ထွက်ပေါ်လာခဲ့သည်။ လက်ခုတ်သံများက ကမ်းခြေကို လာရိုက်ခတ်နေသည့် ပင်လယ်လှိုင်းများကဲ့သို့ ဆက်တိုက် ထွက်ပေါ်လို့လာခဲ့သည်။

ပွဲရဲ့ အရှိန်က အမြင့်ဆုံးကို ရောက်နေပြီး  Wilson က Romeo ရဲ့လက်မောင်းကို ဆုတ်ကိုင်ကာ ရှေ့ကို တိုးကပ်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

တေးဂီတသံနှင့် လက်ခုပ်သံများ တိတ်ဆိတ်သွားသောအခါ ပြိုင်ဘက်လေး ဦး ၏မျက်နှာများသည် အရက်မူးနေသကဲ့သို့ အနီရောင်ဖြစ်နေသည်။ သူတို့သည်  ကျော်ကြားခြင်းကို ခံစားလိုက်ရပြီိးမူးဝေနေသလိုပင် ဖြစ်နေသည်။

Bonnie က ပြိုင်ပွဲဝင်တစ် ဦးချင်း ကို အနိုင်ရသင့်သည့် လူကို ပြောစေသည်။ ပြိုင်ပွဲဝင်သုံးဦးစလုံးက အလေးအနက် စဉ်းစားပြီးနောက်   Romeo ဟုပြောကြသည်။

 သူက အကောင်းဆုံးဓာတ်ပုံဆု ရှစ်ခုနဲ့  တောက်ပတဲ့စံချိန်ကို ရရှိခဲ့ပါသည်။ ဘယ်သူမှ သူ့ကိုယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။  စင်မြင့်ပေါ်မှာ လမ်းလျှောက်နေစဉ် သူဟာအံ့သြစရာအကောင်းဆုံး အတောက်ပဆုံး ဖြစ်နေသည်။

"Romeo, မင်းကော အနိုင်ရသင့်တာ ဘယ်သူလို့ ထင်သလဲ။ "

Bonnie သည် ထိုမေးခွန်းကို တမင်တကာ မေးခဲ့သည်။

"ဘယ်သူပဲ အနိုင်ရပါစေ။ ကျွန်တော် သူ့အတွက် ပျော်ရွှင်နေမှာပါ။ "

ကျိုးယွင်ရှန့်က မေးခွန်းကို ရှောင်ပြီးဖြေရင်း Ivana ကိုတင်းတင်းဖက်လိုက်သည်။

Bonnie  က ပရိတ်သတ်ကို မဲမေးခိုင်းပြီး အနိမ့်ဆုံး အမှတ်ရသူ နှစ်ဦးကို ဖယ်ရှားလိုက်သည်။ နောက်ဆုံး တွင် Ivana နဲ့  Romeo  တို့သာလျှင် ကျန်ရစ်ခဲ့ပြီး နောက်ဆုံး  အနိုင်ရသူကို  ကြေငြာရမည့်အချိန်ဖြစ်သည်။ 

"ရှင်တို့ကို ကျွန်မ ရိုက်လို့ရလားဟင်...?"

Ivana က စိတ်လှုပ်ရှားအောင် လုပ်နေတဲ့အတွက် ဒိုင်တွေကို မေးလိုက်သည်။
 
Jeffrey နဲ့ Eureka က ရယ်ပြီး ကျိုးယွင်ရှန့်က သူမရဲ့ ဆံပင်နီနီတွေကို ပွတ်သပ်နေလိုက်သည်။  

Bonnie ကကြောက်လန့်တကြားဟန်ဖြင့် ပြောလိုက်သည်။

" ကောင်းပြီ၊ ကောင်းပြီ။ ဒါက ဟာသလုပ်တာပါ၊ ငါတို့ရဲ့နောက်စူပါမော်ဒယ်က - Romeo! ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်!"

စတူဒီယိုထဲတွင် မရေမတွက်နိုင်သောဖဲကြိုးများ ရွာသွန်းခဲ့သည်။

Ivana ဟာ စိတ်မပျက်ခဲ့ပေ ။ သူမက မျက်ရည်ကျနေတဲ့ တုန်လှုပ်နေတဲ့ ဆယ်ကျော်သက်လေးဆီကိုပြေးသွားပြီး သူ့ကိုချီမြှောက်လိုက်သည်။ ကျန်ပြိုင်ပွဲဝင်နှစ်ယောက်လည်း ထွက်လာပြီးဖက်လိုက်ကြသည်။ ပြီးတော့ လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး ဝိုင်းဖက်ထားကြတော့သည်။

ဒါက ဘဝမှာ ပြောင်းလဲခြင်းအတွေ့အကြုံတစ်ခုဖြစ်ပြီး  သူတို့ တစ်သက်တာ အတွက် မမေ့နို်င်တဲ့ မှတ်ဉာဏ်ကို ဖန်တီးနိုင်ခဲ့ခြင်းကြောင့် အလွန်စိတ်ကျေနပ်ရတယ်လို့ ခံစားခဲ့ရသည်။

ထိုညတွင် "The Next Supermodel" အတွက်ကြည့်ရှုသူနှုန်းထားသည်   ABC ရုပ်သံ၏ သမိုင်းတလျှောက်မှ စံချိန်ကို ချိုးပစ်လိုက်တော့သည်။  Romeo သည် "The Next Supermodel"  ဆိုတဲ့ အမည်ကို ပိုင်ဆိုင်ဖို့  အရည်အချင်းပြည့်မီသည်ဟု လူတိုင်းကထင်မြင်ခဲ့သည်။  သူက ဖက်ရှင်လောကတွင် အထင်ရှားဆုံးကြယ်ဖြစ်မှာ မလွဲတော့ပေ။

(အဟမ်း အဟမ်းသည် နောက်လာမည့် အပိုင်းဖြစ်သည်။ လောလောဆည် ရေအရင်ချိုးဦးမည်။ )

=============================

စူပါ မော်ဒယ်Tahanan ng mga kuwento. Tumuklas ngayon