Chapter (18-1) – Daddy ရဲ့ဒေါသ
Hayden က သူ့ကိုခုန်အုပ်ဖို့ ကြိုးစားနေတာတွေ့တာနဲ့ ကျိုးယွင်ရှန့်က Gustav ရဲ့နောက်မှာ ပုန်းနေလိုက်သည်။ ဒီလိုသူ့ကို အားကိုးတကြီး အကူအညီယူသည့် Romeo ရဲ့အပြုအမူလေးကြောင့် Gustav ရဲ့နှလုံးသားလေးက နွေးထွေးသွားတော့သည်။ သူက အလွန်ကြောက်ရွံ့ပြီး စိတ်သောကရောက်နေသည့် ကြောင်ပေါက်လေးကို သူ့လက်မောင်းနဲ့ ထွေးပွေ့အားပေးရင်း Hayden ကိုမေးလိုက်သည်။
"Romeo ကို သူခိုးလို့ပြောရအောင် မင်းမှာ သက်သေရှိလို့လား.."
Hayden က ခဏအံ့အားသင့်သွားပေမယ့် ဒေါသတကြီးနှင့်ပြောလိုက်သည်။
"ကျွန်တော့်စိန်လက်ဝါးကပ်တိုင်က စားပွဲပေါ်မှာတင်ထားတာ.. သူမခိုးရင် ဘယ်သူခိုးမှာလဲ.. မနက်က သူ ကျွန်တော့်ကျောပိုးအိတ်ကို ထည့်နေတာ.. သူမယူရင် ဘယ်သူယူမှာလဲ.."
"ငါမှတ်မိသလောက်တော့ အဲ့ဒီအချိန် စားပွဲပေါ်မှာ စိန်လည်ဆွဲမရှိဘူး.."
ကျိုးယွင်ရှန့်က Gustav ၏ ခိုင်မာတောင့်တင်းသည့် လက်မောင်းကြားထဲမှ ခေါင်းပြူကြည့်ပြီး ပြန်လည်ဖြေရှင်းလိုက်သည်။
"Mr. Acheson.. ကျွန်တော် ကင်မရာနဲ့ရိုက်ထားမိတာတွေ ပြပါ့မယ်.."
John က သူ့ကင်မရာကို စားပွဲပေါ်တင်ရင်း ပြောလိုက်သည်။ ကင်မရာထဲတွင် ရိုက်ကူးမိသမျှက စားပွဲပေါ်တွင် ကွန်ဒုံးနှင့် အခြားပစ္စည်း တိုလီထွာလီတွေသာရှိသည်ကို ရှင်းလင်းစွာတွေ့ရပေမယ့် Romeo ပြောသလို စိန်လည်ဆွဲတော့မရှိပေ။ John က အပြတ်သားဆုံးပုံတစ်ခုကို ရှာပြီး လူအားလုံးမြင်သာအောင် ချဲ့ပြလိုက်သည်။
Bonnie က စိန်လည်ဆွဲကို ဘယ်မှာထားမိသည်ကို အကြိမ်ကြိမ်မေးတော့ Hayden က မျက်မှောင်ကြုတ်ပြီး မေးခွန်းပြန်ထုတ်လိုက်သည်။
"ကောင်းပြီ.. ဒါဆို စိန်လည်ဆွဲက ဘယ်မှာလဲ..."
"ငါတို့အတွက် မင်း နည်းနည်းလေး စဉ်းစားပေးလို့ရမလား.. မင်းရဲ့စိတ်ကူးယဉ်ကမ္ဘာကနေ ဘယ်တော့မှနိုးထမှာလဲ.. ဒါမှမဟုတ် မင်းရဲ့ခေါင်းထဲ သုတ်ပိုးတွေနဲ့ပဲ ပြည့်နေတာလား.. တခြားပြိုင်ဖက်တွေ လေ့ကျင့်နေချိန် မင်းက လိင်ကိစ္စနဲ့ ပါတီပေးတာနဲ့ပဲရှုပ်နေတာ.. ငါတို့အစီအစဉ်မှာ ဘာလာလုပ်တာလဲ.. ဒီနေရာကို မင်းရဲ့ကိုယ်ပိုင်ကစားကွင်း မှတ်နေတာလား.."
ဘယ်လိုမှပြောမရတဲ့အဆုံး Bonnie ရဲ့ဒေါသတွေ ပေါက်ကွဲလာပြီး စိတ်ထဲမှ ပြစ်ပြစ်နှစ်နှစ် ပြောဆိုနေတော့သည်။
John က Romeo နဲ့အမွှာလို ထပ်ချပ်မကွာ လိုက်နေတာဖြစ်သောကြောင့် သူရိုက်ယူထားသည့် ဗီဒီယိုမှတ်တမ်းထဲပါသမျှက Romeo ပြောတာနဲ့ ကိုက်ညီမှုရှိခဲ့သည်။ Romeo က အခန်းထဲကိုသွားတော့ သူဘာကိုမှ မယူပေ။ သူက ကျောပိုးအိတ်ကိုဖွင့်ပြီး စားပွဲပေါ်က ရှိသမျှပစ္စည်းအားလုံးကို ကျောပိုးအိတ်ထဲ ထည့်ပေးနေခဲ့သည်။ တကယ်လို့ သူတို့အားလုံး ဗီဒီယိုကို အနှေးပြကွက်နဲ့ပြန်ကြည့်ရင်တောင် Romeo စိန်လည်ဆွဲကို ခိုးယူတယ်ဆိုတဲ့ သံသယဖြစ်စရာ ဘာမှမတွေ့ခဲ့ရပေ။
ဒီဟာကိုကြည့်ပြီး Hayden ဘာပြောရမှန်းမသိတော့ပေ။ သူ့ရဲ့မသိစိတ်က ဒီလက်ရှိအခြေအနေက စိတ်ပူစရာဖြစ်နေပြီဆိုတာ သိလို့နေလေပြီ။
"ဒါဆိုရင် ကျွန်တော့်လည်ဆွဲက ဘယ်နေရာမှာရှိနေတာလဲ.."
သူက အားနည်းစွာဖြင့် ကူကယ်ရာမဲ့ ပြောလိုက်သည်။
အစကတည်းက ဒီမေးခွန်းကို သူ့ဘာသာမေးသင့်တာမဟုတ်ဘူးလား။ Gustav က စိတ်ထဲကတွေးလိုက်ပြီး ပြောလိုက်သည်။
"ဒီအစီစဉ်ရဲ့ဂုဏ်သိက္ခာနဲ့ ပြိုင်ပွဲဝင်အားလုံး သံသယကင်းဖို့အတွက် ငါတို့ လူတစ်ယောက်လွှတ်ပြီး Villa မှာသွားရှာခိုင်းမယ်.. ဒါကိုသဘောတူရင် ခွင့်ပြုကြောင်း စာရွက်မှာလက်မှတ်ထိုးပါ.."
ခွင့်ပြုချက်မရှိလျှင် တရားဥပဒေဝန်ထမ်းများပင် လူတစ်ယောက်ရဲ့ပိုင်ဆိုင်မှုကို ရှာဖွေခွင့်မရှိပေ။
Hayden ဘာလုပ်ရမှန်းမသိ တွေဝေသွားတော့သည်။ အခြေအနေက သူမထိန်းချုပ်နိုင်လောက်အောင် ကြီးကျယ်သွားပြီဆိုတာ သိရလို့ စိတ်မသက်မသာဖြစ်သွားတော့သည်။
"မင်း သဘောမတူဘူးလား.. ဒါဆိုရင် မင်းက လည်ဆွဲကို ကိုယ့်ဘာသာဝှက်ထားပြီး Romeo ကို အကွက်ဆင်စွတ်စွဲတယ်လို့ သံသယဝင်စရာပဲ.."
Gustav က Hayden ကို တမင်ဆွပေးလိုက်သည်။
"ဒီလိုမဟုတ်ဘူး.. ကျွန်တော် တကယ် လည်ဆွဲကို ရှာမတွေ့ခဲ့ဘူး.."
Hayden ရဲ့ကိုယ်မှာ ချွေးစေးတွေစီးကျလာခဲ့ပြီး သူ ဒေါသတကြီးလုပ်လွန်းသွားပြီဆိုတာ သဘောပေါက်လာခဲ့သည်။ သူ့ဘာသာ ရေချိုးခန်းထဲ ဒါမှမဟုတ် တစ်နေရာမှာ လည်ဆွဲကိုချွတ်ထားပြီး မေ့နေတာဖြစ်နိုင်သည်။ အခုတော့ အားလုံးလွန်ကုန်ပြီ။ သူ ဘယ်လောက်တောင်းပန်ပါစေ Romeo က သူ့ကိုအသရေဖျက်မှုနဲ့ ထိခိုက်ဒဏ်ရာရစေမှုနဲ့ ပြန်ပြီးတရားစွဲဆိုနိုင်တော့မည်။
ပိုဆိုးတာက သူက ဒီအစီစဉ်ရဲ့ပြိုင်ပွဲကို ရုတ်ရုတ်သည်းသည်းဖြစ်စေပြီး Acheson ကို စိတ်အနှောင့်အယှက်ဖြစ်အောင် သွားဆွမိလေပြီ။ သူ့ရဲ့စော်ကားမှု၊ ရမ်းကားမှုနဲ့ပတ်သက်ပြီး ဓာတ်ပုံသက်သေတွေ အများကြီးနှင့် ငြင်းမရအောင် ကျန်ခဲ့လေပြီ။
Oh God.. သူက ကိုယ့်သေတွင်းကိုယ် တူးမိခဲ့တာပဲ..။ သူ တကယ်ကို မိုက်တွင်းနက်ခဲ့မိလေပြီ။
Gustav က သူအကြာကြီးနှုတ်ဆိတ်နေလို့ သတိထပ်ပေးလိုက်သည်။
"မင်းက ရှာဖွေဖို့သဘောမတူရင် ငါ ရဲခေါ်လိုက်တော့မယ်.. ရဲကရှာဖွေခွင့်တောင်းပြီး လာရင် ငါတို့ဘယ်လောက်ထိန်းချုပ်ထိန်းချုပ် သတင်းတွေက ပိတ်ထားလို့မရတော့ဘူး.. အခုမှ ငါစဉ်းစားမိတာ.. ငါတို့ပြိုင်ပွဲရဲ့ ရလဒ်တွေလည်း တရားမျှတမှုရှိရဲ့လားဆိုတာ သူတို့ အစကနေ လိုက်စုံစမ်းတာမျိုးတွေ လုပ်လာနိုင်တယ်.."
ဒီစကားကိုကြားတော့ Bonnie က စိတ်ထဲကနေ တိတ်တခိုးပြောလိုက်မိသည်။
"တကယ်တော့ ရှင့်လက်မောင်းတွေနဲ့ ပွေ့ဖက်ထားတဲ့ ကြောင်ပေါက်လေးကြောင့် ကျွန်မတို့ပြိုင်ပွဲရဲ့ အမှတ်ပေးမှုတွေရဲ့ စံချိန်စံနှုန်းတွေက အရမ်းကိုမြင့်နေပြီ Boss.."
Gustav ရဲ့စကားကြောင့် Hayden ကြောက်လန့်ပြီး ချက်ချင်း စာရွက်မှာ လက်မှတ်ထိုးပေးလိုက်သည်။
ဝန်ထမ်းများက ခွင့်ပြုလက်မှတ်ရသည်နှင့် Villa ကိုချက်ချင်းသွားရှာပြီး ကင်မရာသမားများက လှုပ်ရှားမှုတိုင်းကို အနီးကပ် လိုက်လံရိုက်ကူးတော့သည်။ Hayden က သက်သေအထောက်အထားအတုများ တမင်ထားခဲ့သည်ဟု စွပ်စွဲမည်ကိုစိုးရိမ်သောကြောင့် သေချာမှတ်တမ်းတင်နေကြခြင်းဖြစ်သည်။
Hayden ရဲ့ပစ္စည်းများကို စတင်ရှာဖွေလာကြပြီး နာရီဝက်အကြာတွင် Hayden ရဲ့ဘောင်းဘီအိတ်ထဲမှ စိန်လည်ဆွဲကို ပြန်တွေ့ခဲ့ကြသည်။ ဒီဗီဒီယိုကို Acheson ၏ဖုန်းထဲကို ပေးပို့လိုက်သောအခါ Hayden က ဘာစကားမှမပြောနိုင်တော့ပေ။
သူသာ သေချာစဉ်းစားခဲ့ရင် သူရေမချိုးခင် ဂျင်းဘောင်းဘီအိတ်ထဲ ထည့်ခဲ့သလားဆိုတာ ပြန်သတိရမည်ဖြစ်သည်။ အခု အရေးကြီးတဲ့မေးခွန်းတစ်ခုက သူ Romeo ကို တမင်အကွက်ဆင်ပြီး စွပ်စွဲတာမဟုတ်ဘူးဆိုတဲ့အကြောင်း လူတွေအားလုံးယုံအောင် ဘယ်လိုရှင်းပြရမလဲဆိုတာ မသိတော့ပေ။
သူက အသေးစိတ်ရှင်းပြဖို့ တွန့်ဆုတ်နေပြီ။ သူ့မှတ်ဥာဏ်ထဲမှာလည်း သူတကယ် စိန်လည်ဆွဲကို ဘောင်းဘီအိတ်ထဲထည့်မိသလား၊ မထည့်မိဘူးလားဆိုတာ မရေမရာဖြစ်လို့နေသည်။ သူက ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်အားဘဲ Mr. Acheson နှင့် Romeo ကို တောင်းပန်ဖို့ကြိုးစားလိုက်ပေမယ့် Gustav က Hayden ၏ရှင်းပြစကားကို နားထောင်ချင်စိတ်မရှိပေ။
သူက ပြိုင်ပွဲဝင်အားလုံးကို ခန်းမထဲခေါ်ဆောင်သွားပြီး ကြေငြာလိုက်သည်။
"ဒီကိစ္စကို သေချာစုံစမ်းပြီးသွားပါပြီ.. Romeo က လည်ဆွဲကိုမခိုးဘူး.. Hayden က ဂျင်းဘောင်းဘီထဲမှာ ဝှက်ထားခဲ့တယ်.. ပြီးတော့ Hayden က ဒီပြိုင်ပွဲစည်းကမ်းကို ချိုးဖောက်ပြီး အခြားပြိုင်ပွဲဝင်တွေကို တိုက်ခိုက်တာဖြစ်လို့ သူ့ကို ဒီပြိုင်ပွဲကနေ ထုတ်လိုက်ပြီ.."
သူက Hayden ဆီသွားပြီး အမိန့်ပေးလိုက်သည်။
"မင်းပစ္စည်းတွေကို ထုပ်ပိုးပြီး ချက်ချင်းထွက်သွားတော့.."
"No.. ခင်ဗျား ဒီလိုလုပ်လို့မရဘူး.. ကျွန်တော့်မိဘတွေကို ပြောရမယ်.. Gustav Acheson.. ခင်ဗျား ကျွန်တော့်ကို ဒီလိုလုပ်ရဲလား.."
Hayden က ဒေါသပေါက်ကွဲကာ စိတ်ဆိုးစွာအော်ဟစ်ပြောဆိုနေသော်လည်း ဝန်ထမ်းများက ဆွဲထုတ်သွားတော့သည်။
ကျိုးယွင်ရှန့်က Hayden ရဲ့စကားကိုကြားတော့ စိတ်ထဲကနေ ရယ်မောလိုက်မိသည်။ ဖေဖေမေမေကို ပြေးတိုင်မယ် ဟုတ်လား..။ Hayden Brown က အသက်ဘယ်လောက်ရှိပြီလဲ..။ သူက နို့စို့နေတုန်းလား။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်မတူသူတွေရှိကြပြီး ပြောဆိုနေကြပေမယ့် Bonnie က ခပ်တင်းတင်းပဲ ပြောလိုက်သည်။ ကံကောင်းလို့ သူတို့သူဌေးရဲ့နောက်ခံက Brown မိသားစုထက် ပိုမိုတောင့်တင်းလို့သာ ဒီလိုမျိုး ယင်ကောင်ကို မောင်းထုတ်နိုင်တာဖြစ်သည်။ မဟုတ်ရင် မာနထောင်လွှားပြီး စိတ်ပျက်စရာကောင်လေးကို ဘယ်အချိန်မှ ဖယ်ပစ်နိုင်မည်ကို မသိတော့ပေ။
===========================
VOCÊ ESTÁ LENDO
စူပါ မော်ဒယ်
Romanceအကျဉ်းချုပ် - ထိပ်တန်းဟက်ကာတစ်ယောက်ကိုဘဝများစွာပြန်လည်မွေးဖွားဖို့ Lod God System ကရွေးချယ်ခဲ့သည်။ ကမ္ဘာကြီးအဆုံးသတ်သွားတော့ အရာအားလုံးက ပျက်စီးသွားပြီး ဝမ်းနည်းစရာတွေဖြစ်လာခဲ့တယ်။ နောက်ဆုံး ကျိုးယွင်ရှန့် သည်ဗီလိန်စနစ်၏ထိန်းချုပ်မှုမှလွတ်မြောက်ခဲ့ပြ...