Chapter (14-2) - ေၾကာင္ေပါက္ေလး ရင္ခုန္သြားသည့္ Daddy ၏ Sexy က်လြန္းသည့္ အစိတ္ပိုင္း
( ဘယ္အရာမ်ိဳးျဖစ္မလဲ။
ရွန႔္ေလးရဲ႕ ခ်စ္ခ်စ္ေတြ ေျဖေပးရင္ ကေန႔ ဆက္တိုက္ ငါးပိုင္းတင္ေပးမယ္။ ဘယ္လိုလဲ ^o^ )
Chapter (14-2)
သူတို႔ႏွစ္ေယာက္က Hayden ဓာတ္ပုံ႐ိုက္တာကို လူအုပ္ႀကီးေနာက္ကေန ခပ္လွ်ိဳလွ်ိဳနဲ႔ ေပ်ာ္႐ႊင္စြာၾကည့္ေနၾကသည္။ Hayden က သူ႔ရဲ႕ႂကြက္သားမ်ားကိုႂကြားဝါဖို႔ ေယာက္်ားေလးဝတ္ ေရကူးေဘာင္းဘီႏွင့္ ႐ိုက္ကူးရန္ ေ႐ြးခ်ယ္လိုက္သည္။ သူက အဝတ္လဲခန္းထဲမွ ေရကူးေဘာင္းဘီတိုႏွင့္ ေနကာမ်က္မွန္တပ္ကာ ထြက္လာခဲ့သည္။ သူက သူ႔ရတနာထုပ္ေလးကို ကိုင္တြယ္ၾကည့္လိုက္ေသးသည္။
အမ်ိဳးသမီးၿပိဳင္ပြဲဝင္မ်ားသည္ စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လိုက္ၿပီး ႀကီးထြားေအာင္ျမင္သည့္ သူ႔ခႏၶာကိုယ္ေအာက္ပိုင္းကို စိုက္ၾကည့္ေနသျဖင့္ Hayden ရဲ႕အတၱက မိုးေလာက္ေအာင္ျမင့္သြားေတာ့သည္။
Bonnie က အစိမ္းေရာင္ေရကူးဝတ္စုံကို ဝတ္ဆင္ထားၿပီး Hayden လိုေကာင္မ်ိဳးနဲ႔တြဲၿပီး သူခိုင္းသလို သ႐ုပ္ျပၿပီး ဓာတ္ပုံ႐ိုက္ရမည့္ကိစၥက သူမအတြက္ ႐ြံစရာပိုးေကာင္နဲ႔ တြဲ႐ိုက္ရသလို ခံစားရေစသည္။
Valentine Brown က သူ႔သား Hayden ကို ပုံမွန္နဲ႔မတူတဲ့ ကို႔႐ို႕ကားယားပုံစံေတြမလုပ္ဖို႔ အခ်ိန္ေပးၿပီး မသြန္သင္ခဲ့ဘူးထင္တယ္။
Bonnie က အန္ခ်င္စိတ္ကိုထိန္းၿပီး ဓာတ္ပုံ႐ိုက္ဖို႔လုပ္ခ်ိန္ Ivana က Hayden ဝတ္ထားတဲ့ speede အမ်ိဳးသားေရကူးေဘာင္းဘီကို ေလွာင္ေျပာင္ေတာ့သည္။
"ဒီေလာက္ပစၥည္းေလးနဲ႔ မာန္တက္ေနေသးတယ္.. ကေလးဆန္တဲ့ မႏူးမနပ္ေကာင္မေတြပဲ သူ႔ဟာကို သေဘာက်လိမ့္မယ္.. Mr. Acheson ရဲ႕ပစၥည္းက သူ႔ဟာထက္ပိုေတာင့္ၿပီး ပိုမိုက္တယ္ဆိုတာ ငါေလာင္းရဲတယ္.. နင္ ဘာေျပာခ်င္ေသးလဲ အခ်စ္ေလး.. နင္ သူတို႔ႏွစ္ေယာက္ကို ယွဥ္ၾကည့္လိုက္တယ္မလား.. ဘယ္တစ္ေယာက္က နင့္ကို ေကာင္းကင္ဘုံေရာက္ေအာင္ ဆြဲေခၚသြားႏိုင္မယ္ထင္လဲ.."
Ivana က အခြင့္အေရးကို လက္လြတ္မခံဘဲ Romeo ကို အျပတ္တိုက္တြန္းေနေတာ့သည္။
ေနာက္ပိုင္း Gustav က မွတ္တမ္းတင္ video ေတြကိုျပန္ၾကည့္ၿပီးေတာ့ Ivana ကို အေတာ္ေလးခ်ီးမြန္းလိုက္သည္။ သူမက တကယ္အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ေယာက္လိုပဲ အခ်ိန္ကိုက္ ေဘာလုံးကို ကန္သြင္းတတ္ေပတယ္။ ေသခ်ာတာကေတာ့ Romeo ျပန္ေျဖလိုက္တဲ့စကားေတြက Gustav ကို လူၾကားထဲမွာေတာင္ အ႐ူးတစ္ေယာက္လို ေပ်ာ္သြားေစတယ္။
Romeo က ျဖဴစင္တဲ့လူပ်ိဳစစ္စစ္ေလးျဖစ္လို႔ Ivana ရဲ႕ တဲ့တိုးဆန္တဲ့ေမးခြန္းေတြက သူ႔ကို ရွက္႐ြံ႕သြားေစမွာျဖစ္လို႔ က်ိဳးယြင္ရွန႔္က သူ႔မ်က္ႏွာကိုနီရဲသြားေအာင္လုပ္လိုက္ၿပီး မ်က္ႏွာကို လက္နဲ႔အုပ္ၿပီး ခပ္ရွက္ရွက္နဲ႔ ေျပာလိုက္သည္။
"Mr. Acheson ရဲ႕ဟာက ပိုေကာင္းမွာေသခ်ာတာေပါ့.. ငါ.. ငါ သူ႔ရဲ႕ေအာက္ပိုင္းကို မၾကည့္ရဲေပမယ့္ သူက တကယ့္ကို ႏွစ္လိုဖြယ္ေကာင္းလွတယ္.. သူက ေယာက္်ားပီသၿပီး sexy လည္းက်တယ္.. ငါ သူနဲ႔တြဲၿပီး အလုပ္လုပ္ရတိုင္း စိတ္လႈပ္ရွားလြန္းလို႔ အားေတာင္မရွိေတာ့ဘူး.."
Ivana က သံသယျဖစ္စြာနဲ႔ က်ိဳးယြင္ရွန႔္ေျပာတဲ့စကားေတြကို ျပန္ဆန္းစစ္ၿပီး သူ႔နဖူးေလးကို လက္ႏွင့္အသာတို႔ကာ ေမးလိုက္သည္။
"နင္ အခုထိ Hayden ကိုႀကိဳက္ေနတုန္းလား.. သူက Mr.Acheson နဲ႔ယွဥ္ရင္ ေခြးခ်ီးသာသာေလာက္ပဲရွိတယ္ အခ်စ္ေလးရဲ႕.. နင့္မ်က္လုံးကို ပြတ္ၾကည့္ပါဦးဟာ.."
က်ိဳးယြင္ရွန႔္က ေခါင္းလိုလွည့္ၿပီး ခဏတိတ္သြားသည္။
"မင္းရဲ႕ေစတနာကို ငါသိပါတယ္ Ivana.. ငါ အခု ငါ့ခံစားခ်က္ေတြကေန ႐ုန္းထြက္ဖို႔ ႀကိဳးစားေနတယ္လို႔ ငါ အခိုင္အမာေျပာဝံ့တယ္.. ဒါေၾကာင့္ ေက်းဇူးျပဳၿပီး Mr.Acheson နဲ႔ငါ့ကို အတင္းမေလွာ္ပါနဲ႔ကြာ.. သူက.. သူက.. ေတာက္ပတဲ့ေနမင္းႀကီးပါ.. ငါက ေျမႀကီးေပၚက ဖုန္မႈန႔္ေလးတစ္မႈန႔္လိုပါ.. ငါတို႔ႏွစ္ေယာက္ အတူမရွိႏိုင္ပါဘူး.. ဒါ့အျပင္ သူက ေယာက္်ားစစ္စစ္ႀကီးပါ.. သူက မိန္းကေလးေတြကိုပဲ လိုခ်င္မွာေပါ့.."
Ivana က က်ိဳးယြင္ရွန႔္ရဲ႕ပုခုံးကို အသာပုတ္ႏွစ္သိမ့္လိုက္ၿပီး သူ႔ကို Mr.Acheson နဲ႔ ထပ္မစေတာ့ဘူး။ သူမသူငယ္ခ်င္းေလးက Mr.Acheson ရဲ႕ခ်စ္သူ မျဖစ္လာႏိုင္ဘူးဆိုတာ သိေနေသာေၾကာင့္ျဖစ္သည္။
ဒီဗီဒီယိုကိုၾကည့္ၿပီးေတာ့ Gustav က ဒူးေထာက္ၿပီး ေအာ္ဟစ္လိုက္မိေတာ့သည္။
"ကိုယ့္အခ်စ္ေလး.. ကိုယ္ကမွ မင္းရဲ႕ေျခဖဝါးေအာက္က ဖုန္မႈန႔္ေလးပါကြာ.. မင္းက ကိုယ့္ဘဝရဲ႕ ေနမင္းႀကီးပါ.. ကိုယ့္ကိုယ္ကိုယ္ ဒီေလာက္မႏွိမ္ခ်ပါနဲ႔လား ကေလးရာ.. မင္းရဲ႕အခ်စ္ေတြ ကိုယ့္အေပၚျဖာက်ေနမယ္ဆိုရင္ ဆူနာမီလႈိင္းလုံးႀကီးလို အခ်စ္ေတြအမ်ားႀကီးနဲ႔ ကိုယ္ မင္းကို လႊမ္းၿခဳံထားမွာပါ.. ကိုယ္က Gay ပါ.. ဒါေပမယ့္ မင္းတစ္ေယာက္ကိုပဲ ခ်စ္မိတဲ့သူပါ.."
Hayden ရဲ႕ fashion ဓာတ္ပုံ႐ိုက္ျခင္းနဲ႔ ေရကူးဝတ္စုံနဲ႔႐ိုက္ကူးျခင္း ႏွစ္ခုက အမူအယာ အေတာ္ေလးကို ကြာျခားလွတယ္။ Hayden က ဖက္ရွင္ပုံကို ခပ္မိုက္မိုက္ပုံစံ ေအးေဆး႐ိုက္ကူးေပမယ့္ ေရကူးဝတ္စုံနဲ႔႐ိုက္ေတာ့ သူ႔ဗလေတြကို အသားေပးႏိုင္ဖို႔ မေတာ္မတည့္ပုံစံေတြပါ ေလွ်ာက္လုပ္ေတာ့သည္။ သူက သန္မာေၾကာင္းျပဖို႔ Bonnie ကိုေတာင္ ေပြ႕ခ်ီေျမႇာက္လိုက္လို႔ Bonnie ခမ်ာ ငယ္သံပါေအာင္ ေအာ္မိလိုက္ေသးသည္။ ဒါကို Hayden က ႀကံဖန္ဂုဏ္ယူၿပီး Bonnie က သူ႔ခြန္အားကိုသေဘာက်သြားၿပီး သူ႔ရဲ႕နံပါတ္တစ္ဖန္ ျဖစ္ႏိုင္တယ္ဆိုၿပီး ေလွ်ာက္ႂကြားေနေသးသည္။
"သူမက ငါ့လို သန္စြမ္းၿပီး ခ်စ္စရာေကာင္းတဲ့လူကို မေတြ႕ဖူးေလာက္ဘူး.. ဓာတ္ပုံ႐ိုက္ေနတုန္း သူမက ငါ့ႂကြက္သားေတြကို စိုက္ၾကည့္ေနတာ မင္းမသိပါဘူးကြာ.. သူမက ဓာတ္ပုံ႐ိုက္ၿပီးေတာ့ ဓာတ္ပုံဆရာဆီသြားၿပီး ငါဘယ္ေလာက္ေတာ္တယ္ဆိုတာ သြားေျပာေနတယ္လို႔ ငါၾကားလိုက္မိသလိုပဲ.. ငါက အလားအလာ အေကာင္းဆုံးပဲလို႔ ေျပာေနတယ္တဲ့ကြာ.. သူမက ဒီ studio ကထြက္မသြားခင္ ငါ့ကို ႏွစ္ခါျပန္ေတာင္ စိုက္ၾကည့္လိုက္ေသးတယ္ကြာ.. သူမက ငါ့ကို အျပင္မွာခ်ိန္းေတြ႕ဖို႔ ေျပာမယ္ဆိုတာ ငါေလာင္းရဲတယ္.."
အေဆာင္ကိုျပန္လာတဲ့လမ္းတေလွ်ာက္ Bus ကားေပၚမွာ Hayden က မဆင္မျခင္ႂကြားဝါလို႔ Emily အပါအဝင္ အျခားၿပိဳင္ပြဲဝင္အေတာ္မ်ားမ်ားကို ေဒါသထြက္ေစသည္။ Emily နဲ႔ Hayden လည္း တစ္လမ္းလုံး စကားမ်ား ရန္ျဖစ္လာၾကသည္။
Ivana က က်ိဳးယြင္ရွန႔္ကိုၾကည့္လိုက္ေတာ့ သူက ျပတင္းေပါက္အျပင္ဘက္ကို ခါးသီးစြာနဲ႔ ေငးစိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။
======================
Chapter (14-2) - ကြောင်ပေါက်လေး ရင်ခုန်သွားသည့် Daddy ၏ Sexy ကျလွန်းသည့် အစိတ်ပိုင်း
( ဘယ်အရာမျိုးဖြစ်မလဲ။
ရှန့်လေးရဲ့ ချစ်ချစ်တွေ ဖြေပေးရင် ကနေ့ ဆက်တိုက် ငါးပိုင်းတင်ပေးမယ်။ ဘယ်လိုလဲ ^o^ )
Chapter (14-2)
သူတို့နှစ်ယောက်က Hayden ဓာတ်ပုံရိုက်တာကို လူအုပ်ကြီးနောက်ကနေ ခပ်လျှိုလျှိုနဲ့ ပျော်ရွှင်စွာကြည့်နေကြသည်။ Hayden က သူ့ရဲ့ကြွက်သားများကိုကြွားဝါဖို့ ယောက်ျားလေးဝတ် ရေကူးဘောင်းဘီနှင့် ရိုက်ကူးရန် ရွေးချယ်လိုက်သည်။ သူက အဝတ်လဲခန်းထဲမှ ရေကူးဘောင်းဘီတိုနှင့် နေကာမျက်မှန်တပ်ကာ ထွက်လာခဲ့သည်။ သူက သူ့ရတနာထုပ်လေးကို ကိုင်တွယ်ကြည့်လိုက်သေးသည်။
အမျိုးသမီးပြိုင်ပွဲဝင်များသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ကြီးထွားအောင်မြင်သည့် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို စိုက်ကြည့်နေသဖြင့် Hayden ရဲ့အတ္တက မိုးလောက်အောင်မြင့်သွားတော့သည်။
Bonnie က အစိမ်းရောင်ရေကူးဝတ်စုံကို ဝတ်ဆင်ထားပြီး Hayden လိုကောင်မျိုးနဲ့တွဲပြီး သူခိုင်းသလို သရုပ်ပြပြီး ဓာတ်ပုံရိုက်ရမည့်ကိစ္စက သူမအတွက် ရွံစရာပိုးကောင်နဲ့ တွဲရိုက်ရသလို ခံစားရစေသည်။
Valentine Brown က သူ့သား Hayden ကို ပုံမှန်နဲ့မတူတဲ့ ကို့ရို့ကားယားပုံစံတွေမလုပ်ဖို့ အချိန်ပေးပြီး မသွန်သင်ခဲ့ဘူးထင်တယ်။
Bonnie က အန်ချင်စိတ်ကိုထိန်းပြီး ဓာတ်ပုံရိုက်ဖို့လုပ်ချိန် Ivana က Hayden ဝတ်ထားတဲ့ speede အမျိုးသားရေကူးဘောင်းဘီကို လှောင်ပြောင်တော့သည်။
"ဒီလောက်ပစ္စည်းလေးနဲ့ မာန်တက်နေသေးတယ်.. ကလေးဆန်တဲ့ မနူးမနပ်ကောင်မတွေပဲ သူ့ဟာကို သဘောကျလိမ့်မယ်.. Mr. Acheson ရဲ့ပစ္စည်းက သူ့ဟာထက်ပိုတောင့်ပြီး ပိုမိုက်တယ်ဆိုတာ ငါလောင်းရဲတယ်.. နင် ဘာပြောချင်သေးလဲ အချစ်လေး.. နင် သူတို့နှစ်ယောက်ကို ယှဉ်ကြည့်လိုက်တယ်မလား.. ဘယ်တစ်ယောက်က နင့်ကို ကောင်းကင်ဘုံရောက်အောင် ဆွဲခေါ်သွားနိုင်မယ်ထင်လဲ.."
Ivana က အခွင့်အရေးကို လက်လွတ်မခံဘဲ Romeo ကို အပြတ်တိုက်တွန်းနေတော့သည်။
နောက်ပိုင်း Gustav က မှတ်တမ်းတင် video တွေကိုပြန်ကြည့်ပြီးတော့ Ivana ကို အတော်လေးချီးမွန်းလိုက်သည်။ သူမက တကယ်အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်လိုပဲ အချိန်ကိုက် ဘောလုံးကို ကန်သွင်းတတ်ပေတယ်။ သေချာတာကတော့ Romeo ပြန်ဖြေလိုက်တဲ့စကားတွေက Gustav ကို လူကြားထဲမှာတောင် အရူးတစ်ယောက်လို ပျော်သွားစေတယ်။
Romeo က ဖြူစင်တဲ့လူပျိုစစ်စစ်လေးဖြစ်လို့ Ivana ရဲ့ တဲ့တိုးဆန်တဲ့မေးခွန်းတွေက သူ့ကို ရှက်ရွံ့သွားစေမှာဖြစ်လို့ ကျိုးယွင်ရှန့်က သူ့မျက်နှာကိုနီရဲသွားအောင်လုပ်လိုက်ပြီး မျက်နှာကို လက်နဲ့အုပ်ပြီး ခပ်ရှက်ရှက်နဲ့ ပြောလိုက်သည်။
"Mr. Acheson ရဲ့ဟာက ပိုကောင်းမှာသေချာတာပေါ့.. ငါ.. ငါ သူ့ရဲ့အောက်ပိုင်းကို မကြည့်ရဲပေမယ့် သူက တကယ့်ကို နှစ်လိုဖွယ်ကောင်းလှတယ်.. သူက ယောက်ျားပီသပြီး sexy လည်းကျတယ်.. ငါ သူနဲ့တွဲပြီး အလုပ်လုပ်ရတိုင်း စိတ်လှုပ်ရှားလွန်းလို့ အားတောင်မရှိတော့ဘူး.."
Ivana က သံသယဖြစ်စွာနဲ့ ကျိုးယွင်ရှန့်ပြောတဲ့စကားတွေကို ပြန်ဆန်းစစ်ပြီး သူ့နဖူးလေးကို လက်နှင့်အသာတို့ကာ မေးလိုက်သည်။
"နင် အခုထိ Hayden ကိုကြိုက်နေတုန်းလား.. သူက Mr.Acheson နဲ့ယှဉ်ရင် ခွေးချီးသာသာလောက်ပဲရှိတယ် အချစ်လေးရဲ့.. နင့်မျက်လုံးကို ပွတ်ကြည့်ပါဦးဟာ.."
ကျိုးယွင်ရှန့်က ခေါင်းလိုလှည့်ပြီး ခဏတိတ်သွားသည်။
"မင်းရဲ့စေတနာကို ငါသိပါတယ် Ivana.. ငါ အခု ငါ့ခံစားချက်တွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေတယ်လို့ ငါ အခိုင်အမာပြောဝံ့တယ်.. ဒါကြောင့် ကျေးဇူးပြုပြီး Mr.Acheson နဲ့ငါ့ကို အတင်းမလှော်ပါနဲ့ကွာ.. သူက.. သူက.. တောက်ပတဲ့နေမင်းကြီးပါ.. ငါက မြေကြီးပေါ်က ဖုန်မှုန့်လေးတစ်မှုန့်လိုပါ.. ငါတို့နှစ်ယောက် အတူမရှိနိုင်ပါဘူး.. ဒါ့အပြင် သူက ယောက်ျားစစ်စစ်ကြီးပါ.. သူက မိန်းကလေးတွေကိုပဲ လိုချင်မှာပေါ့.."
Ivana က ကျိုးယွင်ရှန့်ရဲ့ပုခုံးကို အသာပုတ်နှစ်သိမ့်လိုက်ပြီး သူ့ကို Mr.Acheson နဲ့ ထပ်မစတော့ဘူး။ သူမသူငယ်ချင်းလေးက Mr.Acheson ရဲ့ချစ်သူ မဖြစ်လာနိုင်ဘူးဆိုတာ သိနေသောကြောင့်ဖြစ်သည်။
ဒီဗီဒီယိုကိုကြည့်ပြီးတော့ Gustav က ဒူးထောက်ပြီး အော်ဟစ်လိုက်မိတော့သည်။
"ကိုယ့်အချစ်လေး.. ကိုယ်ကမှ မင်းရဲ့ခြေဖဝါးအောက်က ဖုန်မှုန့်လေးပါကွာ.. မင်းက ကိုယ့်ဘဝရဲ့ နေမင်းကြီးပါ.. ကိုယ့်ကိုယ်ကိုယ် ဒီလောက်မနှိမ်ချပါနဲ့လား ကလေးရာ.. မင်းရဲ့အချစ်တွေ ကိုယ့်အပေါ်ဖြာကျနေမယ်ဆိုရင် ဆူနာမီလှိုင်းလုံးကြီးလို အချစ်တွေအများကြီးနဲ့ ကိုယ် မင်းကို လွှမ်းခြုံထားမှာပါ.. ကိုယ်က Gay ပါ.. ဒါပေမယ့် မင်းတစ်ယောက်ကိုပဲ ချစ်မိတဲ့သူပါ.."
Hayden ရဲ့ fashion ဓာတ်ပုံရိုက်ခြင်းနဲ့ ရေကူးဝတ်စုံနဲ့ရိုက်ကူးခြင်း နှစ်ခုက အမူအယာ အတော်လေးကို ကွာခြားလှတယ်။ Hayden က ဖက်ရှင်ပုံကို ခပ်မိုက်မိုက်ပုံစံ အေးဆေးရိုက်ကူးပေမယ့် ရေကူးဝတ်စုံနဲ့ရိုက်တော့ သူ့ဗလတွေကို အသားပေးနိုင်ဖို့ မတော်မတည့်ပုံစံတွေပါ လျှောက်လုပ်တော့သည်။ သူက သန်မာကြောင်းပြဖို့ Bonnie ကိုတောင် ပွေ့ချီမြှောက်လိုက်လို့ Bonnie ခမျာ ငယ်သံပါအောင် အော်မိလိုက်သေးသည်။ ဒါကို Hayden က ကြံဖန်ဂုဏ်ယူပြီး Bonnie က သူ့ခွန်အားကိုသဘောကျသွားပြီး သူ့ရဲ့နံပါတ်တစ်ဖန် ဖြစ်နိုင်တယ်ဆိုပြီး လျှောက်ကြွားနေသေးသည်။
"သူမက ငါ့လို သန်စွမ်းပြီး ချစ်စရာကောင်းတဲ့လူကို မတွေ့ဖူးလောက်ဘူး.. ဓာတ်ပုံရိုက်နေတုန်း သူမက ငါ့ကြွက်သားတွေကို စိုက်ကြည့်နေတာ မင်းမသိပါဘူးကွာ.. သူမက ဓာတ်ပုံရိုက်ပြီးတော့ ဓာတ်ပုံဆရာဆီသွားပြီး ငါဘယ်လောက်တော်တယ်ဆိုတာ သွားပြောနေတယ်လို့ ငါကြားလိုက်မိသလိုပဲ.. ငါက အလားအလာ အကောင်းဆုံးပဲလို့ ပြောနေတယ်တဲ့ကွာ.. သူမက ဒီ studio ကထွက်မသွားခင် ငါ့ကို နှစ်ခါပြန်တောင် စိုက်ကြည့်လိုက်သေးတယ်ကွာ.. သူမက ငါ့ကို အပြင်မှာချိန်းတွေ့ဖို့ ပြောမယ်ဆိုတာ ငါလောင်းရဲတယ်.."
အဆောင်ကိုပြန်လာတဲ့လမ်းတလျှောက် Bus ကားပေါ်မှာ Hayden က မဆင်မခြင်ကြွားဝါလို့ Emily အပါအဝင် အခြားပြိုင်ပွဲဝင်အတော်များများကို ဒေါသထွက်စေသည်။ Emily နဲ့ Hayden လည်း တစ်လမ်းလုံး စကားများ ရန်ဖြစ်လာကြသည်။
Ivana က ကျိုးယွင်ရှန့်ကိုကြည့်လိုက်တော့ သူက ပြတင်းပေါက်အပြင်ဘက်ကို ခါးသီးစွာနဲ့ ငေးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
======================
ESTÁS LEYENDO
စူပါ မော်ဒယ်
Romanceအက်ဥ္းခ်ဳပ္ - ထိပ္တန္းဟက္ကာတစ္ေယာက္ကိုဘဝမ်ားစြာျပန္လည္ေမြးဖြားဖုိ႕ Lod God System ကေ႐ြးခ်ယ္ခဲ့သည္။ ကမာၻႀကီးအဆုံးသတ္သြားေတာ့ အရာအားလံုးက ပ်က္စီးသြားျပီး ဝမ္းနည္းစရာေတြျဖစ္လာခဲ့တယ္။ ေနာက္ဆုံး က်ိဳးယြင္ရွန္႕ သည္ဗီလိန္စနစ္၏ထိန္းခ်ဳပ္မႈမွလြတ္ေျမာက္ခဲ့ျပ...