Chapter (22-1) - သန္မာလွသည့္ ေႀကာင္ပါက္ေလး (Zawgyi+Unicode)

8.8K 1.4K 24
                                    

Chapter (22-1) - သန္မာလွသည့္ ေႀကာင္ပါက္ေလး (Zawgyi+Unicode)


ၿပိဳင္ပြဲဝင္မ်ားသည္  ေမာပန္းႏြမ္းနယ္စြာျဖင့္ သူတို႔ အေဆာင္ဆီသို႔ျပန္ေရာက္သြားေတာ့ ပထမဆုံးလုပ္သည့္အလုပ္ကေတာ့ ေလးခန္းတည္းရွိသည့္ ေရခ်ိဳးခန္းကို လုယက္ၾကျခင္းျဖစ္သည္။   Ivana က အၿမဲတမ္းႀကံ့ခိုင္ၿပီး သြက္လက္သူျဖစ္ေသာေၾကာင့္ ေကာင္ေလး ေလးေယာက္ကို တြန္းဖယ္ပစ္ၿပီး အေကာင္းဆုံး အခန္းတြင္ ငါးမိနစ္ေလာက္ အခ်ိန္ယူၿပီး ေရခ်ိဳးလိုက္သည္။ ၿပီးေတာ့ သူမရဲ႕ ရည္းစားေလးအျဖစ္ တြဲဖက္ဓါတ္ပုံ႐ိုက္ခဲ့သည့္ က်ိဳးယြင္ရွန႔္ကို ထိုအခန္းထဲ တြန္းထည့္လိုက္သည္။

က်ိဳးယြင္ရွန႔္က မႈန္ဝါးဝါးသာျမင္ရသည့္ မွန္တံခါးတပ္ထားသည့္ ေရခ်ိဳးခန္းထဲကို ဝင္သြားေတာ့ ၿပိဳင္ပြဲဝင္ေကာင္ေလးအားလုံး မ်က္လုံးေတြက်ယ္သြားၾကသည္။ က်ိဳးယြင္ရွန႔္က ေရပန္းေအာက္ရပ္လိုက္စဥ္ မွန္တံခါးနားတြင္ ေကာင္ေလးေတြ ရစ္သီရစ္သီလုပ္ေနသည္ကို သတိထားလိုက္မိၿပီး သူတို႔ေတြက သူ႔ကိုယ္ ေအာက္ပိုင္းကို စိုက္ၾကည့္ၿပီး ' Romeo က တကယ္ေယာက်ာ္းေလးဟ 'ဟု ေျပာၿပီးထြက္သြားသည္ကို ၾကားလိုက္ရသည္။

 
သူတိုက ငါ့ရဲ႕လိင္ ကို သံသယရွိေနတာလား။ ငါက မိန္းမတစ္ေယာက္လို အရမ္းလွတာေၾကာင့္ ငါ့ကို မိန္းကေလးလို႔ ထင္ေနတာလား။

က်ိဳးယြင္ရွန႔္က သူတို႔ေတြေၾကာင့္ ေဒါသထြက္သလို ရယ္လည္း ရယ္ခ်င္သြားမိသည္။

ေရခ်ိဳးၿပီးညစာစားၿပီးေနာက္  မိန္းကေလးမ်ားက  စု႐ုံးၿပီး စကားေျပာေနၾကေပမယ့္ ေယာက္်ားမ်ားကအားကစားခန္းမသို႔သြားၿပီး အားကစားလုပ္ေနၾကသည္။ ရွိေနသည္။ က်ိဳးယြင္ရွန႔္က သူ႔ကိုယ္ခႏၶာကို 007 နဲ႔  ညႇိထားၿပီးျဖစ္လို႔ ေလ့က်င့္ခန္းလုပ္စရာမလိုေတာ့ေပ။  ဒါေၾကာင့္ၿပိဳင္ပြဲစ ကတည္းက ပထမဆုံးအႀကိမ္အျဖစ္ အားကစားခန္းမထဲ က်ိဳးယြင္ရွန႔္ ဝင္လာတဲ့အခါ ေယာက္်ားေတြအံ့ၾသသြားၾကသည္။

Ivana သည္ အားကစားခန္းမထဲမွာ ခါတိုင္းလိုပဲ ေလ့က်င့္ခန္း လုပ္ေနသည္။ ဒါေၾကာင့္ သူမ ဆီမွာ ဝမ္းဗိုက္ႂကြက္သားမ်ား ရွိသလို  V လိုင္းေတြကလည္း  အမ်ိဳးသားတစ္ေယာက္နဲ႔ယွဥ္လို႔ရေအာင္ ပိုင္ဆိုင္ထားသည္။

"Romeo ဘယ္လိုလုပ္ၿပီးဒီကို ေရာက္ေနတာလဲ။"

 သူမက ေလးလံေသာ dumbbells တုံးမ်ားကို ခ်ထားၿပီးေမးလိုက္သည္။

က်ိဳးယြင္ရွန႔္က ျပန္လည္ေျဖၾကားျခင္းမရွိဘဲ ဘားတန္းသို႔ ဦးတည္းသြားခဲ့သည္။ ကစားသမားလုပ္ေနသည့္ ၿပိဳင္ပြဲဝင္ အမ်ိဳးသားတစ္ဦး က ဂုဏ္ယူစြာျဖင့္ ေမးကိုပင့္မကာ  သူ၏   လွပသည့္  လက္ေမာင္းႏွင့္ ေနာက္ေက်ာႂကြက္သားမ်ား ကိုျပသေနသည္။

က်ိဳးယြင္ရွန႔္က  သူ႔ေဘးဘက္သို႔ သြားၿပီး ဘားတန္းကိုကိုင္ကာ ဘားဆြဲလိုက္သည္။ သူတို႔ႏွစ္ ဦး သည္ၿပိဳင္ဘက္မ်ားကဲ့သို႔ ဘားတန္းကို အျပိဳင္ခိုဆြဲႀကေသာ္လည္း ခဏၿကာေတာ့ လူမည္း ေယာက်ာ္းေလးျပိဳင္ပြဲဝင္က သူ႕ႀကြက္သားေတြ တုန္ယင္လာတယ္လို႕ ခံစားခဲ့ရျပီး သူလုပ္နုိင္တဲ့ limit အကုန္ကိုေရာက္သြားျပီဆိုတာ သိလိုက္လို႕ ဘားတန္းကေန ဆင္းလိုက္သည္။

ဒါေပမယ့္ Romeo ကေတာ့ ဆက္လက္ျပီး ဘားဆြဲေနစဲျဖစ္သည္။

၂၁၊ ၂၂၊ ၂၃ ... ...

Ivana က သူ႔ကိုေရတြက္ရာမွာ ကူညီေပးခဲ့သည္။ ဒါေပမယ့္ သူ အႀကိမ္ 70 ေရာက္တဲ့အခါ သူမစိတ္မသက္သာျဖစ္လာျပီးလွမ္းေျပာလိုက္သည္။

"Romeo ဆင္းခဲ့ေတာ့။ အရမ္းေလ့က်င့္ရင္ ေနာက္တေန႕ ကိုယ္လက္နာေန လိမ့္မယ္" 

သူမ သိေသာ အားအသန္ဆံုးပုဂၢိဳလ္သည္ပင္ တစ္ေန႔လွ်င္ အႀကိမ္ ၁၀၀  သာလုပ္ႏိုင္သည္၊ ဒါေတာင္  ၁၀ႀကိမ္စီ ခြဲျပီး လုပ္ကိုင္တာျဖစ္သည္။ ဒီလို ဘားဆြဲျပီးလွ်င္ သူက လက္ေလးတစ္ေခ်ာင္းေတာင္ မလႈပ္နုိင္ပဲ နြမ္းနယ္သြားေတာ့သည္။

အားလပ္ရက္အနားယူခ်ိန္တြင္ Romeo ဘားဆြဲတာ လုပ္ခ်င္သေလာက္ လုပ္လို႕ရသည္။ ဒါေပမယ့္ ယခု ျပိဳင္ပြဲက်င္းပခ်ိန္ ျဖစ္ေသာေႀကာင့္ သူ၏ႂကြက္သားမ်ားကို နာက်င္သည္အထိ အတင္းအက်ပ္လုပ္ျခင္းက ေနာက္ဆက္တြဲ မေကာင္းသည့္ အက်ိဳးသက္ေရာက္မႈမ်ား ျဖစ္လာနုိင္သည္။

Ivana  က Romeo ဘားဆြဲတာ အႀကိမ္ 101 ၿကိမ္ေရာက္ေတာ့  သူမနွလုံးတုန္လာၿပီး  သတိ ထပ္ေပးခဲ့သည္။

"Romeo၊ မလုပ္ပါနဲ႔၊ ဆင္းလာခဲ့ေတာ့။ ငါတို႔ၿပိဳင္ပြဲတစ္ခု ထပ္လာဦးမွာေလ။ နင့္ရဲ႕ခြန္အားကို ဆက္ထိန္းထားဖို႔လိုတယ္"

ေယာက္်ားမ်ားက ဘားတန္းပတ္လည္ကို စုေဝးလာႀကျပီး ဘားဆြဲေန သည့္ စူပါမန္းလို အားသန္ျပီး နည္းနည္းေလးမွ ေမာပန္းပံု မျပသည့္ ေကာင္ေလးကို ဝိုင္းႀကည့္ေနႀကသည္။ ေကာင္ေလး၏ ပါးလ်ေသာ ခႏၶာကိုယ္သည္ ဤမွ်အံ့ၾသဖြယ္ စြမ္းအားရွိမည္ဟု သူတုိ႕ ဘယ္တုန္းကမွ စိတ္ကူးေတာင္ မယဥ္ခဲ့ဖူးႀကေပ။

"သူ႔ကို မရပ္ခုိင္းပါနဲ႔။ မင္းေတြ႕တယ္မဟုတ္လား။ သူဆြဲတာ အႀကိမ္ 100 ေက်ာ္လာတာေတာင္ ေခြ်းေတာင္ မထြက္ဘူး။ သူက အရမ္းသန္မာ တာပဲ။" 

ျပိုင္ပြဲဝင္ ေကာင္ေလးတစ္ေယာက္က ေက်နပ္စြာႀကည့္ျပီး ေျပာလိုက္သည္။

Ivana က သူမရဲ႕ သူငယ္ခ်င္းေလးက အစကေန အဆံုးအထိ ေမာပန္းျခင္းမရွိ၊ အံႀကိတ္ျပီး အားတင္းလုပ္ရတာမ်ိဳးမရွိတာကို ေတြ႕လိုက္ရသည္။

အႀကိမ္ ၁၅၀ ျပည့္ၿပီးတဲ့ေနာက္မွာ က်ိဳးယြင္ရွန႔္က  ဘားတန္းေပၚကေန ေျမေပၚ  ဆင္းလာခဲ့ပါသည္။ ျပိဳင္ပြဲဝင္ ေကာင္ေလးေတြက ေလခ်ြန္လိုက္ျပီး တီးတိုးခ်ီးက်ဴးလိုက္ႀကသည္။
  တစ္ဆက္တည္း ဘားဆြဲတာ အႀကိမ္ 150 လုပ္ခဲ့သည့္  Romeo ၏ ႐ုပ္ပိုင္းဆိုင္ရာခြန္အားသည္  တင္းၾကပ္သည့္ေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ရသည့္ အထူးတပ္ဖြဲ႕ဝင္စစ္သားမ်ားႏွင့္ ၿပိဳင္ဆိုင္ရန္ လုံေလာက္ေနေလျပီ။

က်ိဳးယြင္ရွန႔္ သည္ သူ၏ေ ခ်ာေမြ႕ျပီး က်စ္လစ္သည့္ လက္ေမာင္းႀကြက္သားမ်ားကို ညစ္ျပျပီး ေျပာလိုက္သည္။

" ၾကည့္.....ငါက ေယာက်ာ္းေလးကြ"

သူက ေပါ့ေပါ့ပါးပါးေလးေျပာကာ ထြက္သြားေပမယ့္ က်န္ရစ္သူမ်ားက တိတ္ဆိတ္သြားခဲ့ႀကသည္။

Ivana က သူ႕သူငယ္ခ်င္းေကာင္ေလးက ဒီကေန႕ျပိဳင္ပြဲေႀကာင့္ ဒီလိုလုပ္ျပတယ္ဆိုတာ သိလိုက္ျပီး ဗိုက္ကို နွိပ္ျပီး ရယ္ေမာလိုက္သည္။

ဘယ္ေလာက္ေတာင္ ခ်စ္ဖို႕ေကာင္းလိုက္သလဲ။

 ျပိဳင္ပြဲဝင္ ေယာက်ာ္းေလးမ်ားက ရွက္ျခင္းနွင့္ ေပ်ာ္ရြင္ျခင္းကို တျပိဳင္တည္း ခံစားလုိက္ရျပီး ေကာင္ေလးအေႀကာင္းကို သူတို႕ နည္းနည္းပိုသိလာခဲ့သည္။


"ဟုတ္တယ္၊ Romeo! မင္းက တကယ့္ ေယာက်ား္စစ္စစ္ပါကြာ!"


ျပိဳင္ပြဲဝင္တစ္ဦးက  သူေနာက္ေက်ာကိုကို လွမ္းႀကည့္ျပီး ေအာ္ေျပာလိုက္သည္။ ျပီးေတာ့ သူ႕ကင္မရာသမားကို ႀကည့္ျပီး ရိုးသားစြာ ေျပာလိုက္သည္။

" သူက  ႔႐ုပ္သြင္ပဲႀကည့္ႀကည့္ အရည္ခ်င္းပိုင္းကပဲ ႀကည့္ႀကည့္ တကယ့္ကို အံ့ႀသစရာေကာင္းတယ္္၊ ကြ်န္ေတာ္ သူ႔ကို သေဘာက်လာၿပီ"

ေနာက္တစ္ေန႔တြင္ဒိုင္လူႀကီးမ်ားက က်ိဳးယြင္ရွန႔္  ႏွင့္ Ivana တို႔က အေကာင္းဆုံး ပံုကို ရိုက္နုိင္ခဲ့ေႀကာင္း ေႀကျငာခဲ့သည္။ Emily ၏ ဒရာမာအေႀကာင္းကို မထုတ္လႊင့္ရေသးေသာေၾကာင့္ ပရိသတ္က သူမကုိ အရမ္းမုန္းတီးတာမ်ိဳး မရွိေသးသျဖင့္ သူမ၏ ပံုကို ေထာက္ခံမဲေပးခဲ့ျပီး သူမက ဒုတိယေနရာကိုရရွိခဲ့သည္။

သနားစရာေကာင္းတဲ့ Daphne ကေတာ့ အမွတ္အနည္းဆံုးျဖစ္လို႕ ဖယ္ရွားခံလိုက္ရျပီး မ်က္ရည္မ်ားနွင့္ ျပိဳင္ပြဲမွ ထြက္လိုက္ရသည္။

ဒီအပိုင္းကို ထုတ္လႊင့္ျပီးေနာက္ ႀကည့္ရႈသူ နႈန္းထားမ်ား ထိုးတက္သြားေသာေႀကာင့္ ဒီအစီစဥ္ကို တင္ဆက္ေသာ ABC က ဒီအစီအစဥ္ ၏ဘတ္ဂ်က္ အသံုးစရိတ္ကို တိုးျမႇင့္ခဲ့သည္။ Hayden၏အၾကမ္းဖက္တိုက္ခိုက္သည့္ျမင္ကြင္းမ်ားကို အနည္းငယ္ျပဳျပင္ထားေသာ္လည္း ဒီအျဖစ္ပ်က္နဲ႕ပတ္သတ္ျပီး အရာအားလံုးကို ပရိတ္သတ္မ်ား ရွင္းလင္းစြာ သိလိုက္ရျပီး Haydenကိုလည္း မုန္းတီးလာႀကသည္။ ပရိသတ္မ်ား၏ မုန္းတီးျခင္းသည္ ျမဴလိုဆုိင္းလာျပီး Emilyကိုလည္း ေဝဖန္တုိက္ခိုက္ခဲ့ၿပီး အခ်ိဳ႕က သူမကို "Black Widow" ပင့္ကူမ ဟု ေခၚခဲ့ၾကသည္။

" Hayden နဲ႕  Emily တို႔က ငါျမင္ဖူးသမွ်ထဲမွာ ႐ြံစရာ အေကာင္းဆုံးစုံတြဲျဖစ္တယ္။ Black Widow က သူ႕ရဲ႕သနားစရာ လိင္ဆက္ဆံဖက္ ပင့္ကူအထီးေကာင္ကို သတ္ပစ္လိုက္သလို Hayden ကို ဖယ္ရွားပစ္လိုက္တာ တကယ္ကို ေကာင္းတယ္။ ဒီစံုတြဲကို ျမင္ရတုိင္း ငါေတာ့ အန္ခ်င္တယ္။ "

"မင္းျမင္ႀကလား။ Hayden နဲ႕  Emily က Romeo ကိုေ တာင္ ေက်းဇူးမတင္ၾကဘူး။ Romeo ေႀကာင့္ မဟုတ္ ရင္ သူတို႔က ဒီအပိုင္းကို ျပိဳင္လိုက္ရမွာေတာင္ မဟုတ္ဘူး။ ကမာၻေပၚမွာ ဒီလိုဆိုးသြမ္းတဲ့လူေတြ ဘယ္လိုမ်ားရွိေနနိုင္တာလဲ။ "

"Hayden က
ီဒီလို အဆင့္ျမင့္တဲ့ ျပိဳင္ပြဲေတြေႀကာင့္ ႐ုတ္တရက္ စိတ္႐ူးေပါက္သြားတယ္လို႕ ငါထင္တယ္။ သူက အရမ္းကို သေဘာက်ေနတဲ့ သူ႕ရည္းစားက သူ႕ထက္ 10 ဆ စက္ဆုပ္ဖုိ႕ေကာင္းလိမ့္မယ္လို႕ သူ လံုးဝ ထင္ထားမွ မဟုတ္ဘူးဆိုတာ ငါေလာင္းရဲတယ္။   တကယ္ေတာ့ သူတို႕နွစ္ေယာက္က အက်င့္မေကာင္းတာျခင္း တူတဲ့အတြက္ တကယ္ လိုက္ဖက္တဲ့ စံုတြဲေတြပဲ။ ဒါေပမယ့္ သူတို႔ျပတ္သြားတာ ကံမေကာင္းတာပဲ။ သူတို႕ႀကားက မေကာင္းမႈကို ထိ္န္းမထားနုိင္ေတာ့ဘူး ထင္တယ္။ "


ဒီလိုေလွာင္ေျပာင္မႈေတြက  "The Next Supermodel" ၏ တရားဝင္ ၀ ဘ္ဆိုဒ္ေပၚတြင္ ပလူပ်ံလို႕ေနသည္။ လူႀကိဳက္မ်ားေသာ ဘုရင္မႀကီးEmily က ေနာက္ဆံုး စင္ျမင့္ေပၚက ဆင္းေပးလိုက္ရျပီး လက္ရွိမွာ လူမုန္းအမ်ားဆံုး တစ္ေယာက္ျဖစ္လို႕ေနသည္။

Romeo ၏ပရိသတ္မ်ားက ထိတ္လန႔္တုန္လႈပ္ဖြယ္ႏႈန္းျဖင့္ ပုိမိုမ်ားျပားလာျပီး တစ္ပိုင္းထုတ္လႊင့္တုိင္း သူ႔ပရိသတ္က နွစ္ဆတိုးလာသည္။ သူ႕ပရိတ္သတ္မ်ားက အသက္ရြယ္၊ အသက္ေမြးဝမ္းေႀကာင္းမတူသည့္ အလြာအသီးသီးကျဖစ္သည္။ သူ႕ရဲ႕ခ်စ္စရာေကာင္းမႈက ျပိဳင္ဖက္ကင္းျဖစ္လို႕ေနသည္။


သူက Hayden ႏွင့္ Emily ကိုကိုယ္က်ိဳးမငဲ့ပဲ ကူညီေပးခဲ့သည္။ သူက ဘယ္လိုစိန္ေခၚမႈကိုမွ မေၾကာက္ခဲ့ပါ။ သူ႔မွာ နတ္သမီးေလးလို အလွတရားနဲ႔ နတ္သားေလးကဲ့သို႕ သာယာေသာ အသံေလးရွိသည္။ သူက နတ္ဘုရားေလးတစ္ပါးျဖစ္ေနခဲ့ျပီး လူေပါင္းမ်ားစြာ၏ နတ္သမီးေလး လည္း ျဖစ္လာခဲ့သည္။

သူက တစ္ဆက္တည္း အႀကိမ္ ၁၅၀ ဘားဆြဲနုိင္ခဲ့သည္။ သူက အရမ္းကို နုနယ္သည္ဟု ထင္လိုက္သည္နွင့္ သူက မင္းကို သန္မာသည့္အေႀကာင္းကို ခ်က္ခ်င္းျပသလာလိမ့္မည္။

Lesbians လိင္တူခ်စ္သူမိန္းကေလးမ်ားက Romeo အတြက္ သူမတို႕ မိန္းမစစ္စစ္ျဖစ္သြားနုိင္တယ္လို႕ ေျပာဆိုႀကျပီး ေယာက်ာ္းစစ္စစ္မ်ားက Romeo အတြက္  ေဂးလ္အျဖစ္ ေျပာင္းသြားႏိုင္သည္ဟုဆိုသည္။ ရွင္းရွင္းေျပာရရင္ သူတို႔က အမ်ိဳးသားပဲျဖစ္ျဖစ္အမ်ိဳးသမီးပဲျဖစ္ျဖစ္ Romeo ျဖစ္ေနသေရြ႕ သူ႔ကိုအၿမဲခ်စ္ေနမွာျဖစ္သည္။

 Ivana ရဲ႕ေခ်ာေမာခန္႕ညားမႈေႀကာင့္ ပရိတ္သတ္ေတြရဲ႕ နွစ္သက္မႈကိုလည္း ရရွိခဲ့သည္။  မိ္္န္းကေလးပရိတ္သတ္ႀကီးလည္း စုရံုးလာျပီး သူမအေပၚထားတဲ့ ခ်စ္ျခင္းကို ျပသဖို႕ အေတာ္ေတာ္က်ယ္ျပန႔္စြာလုပ္ေဆာင္လာႀကသည္။

=====================
Chapter (22-1) - သန်မာလှသည့် ကြောင်ပါက်လေး (Zawgyi+Unicode)


ပြိုင်ပွဲဝင်များသည်  မောပန်းနွမ်းနယ်စွာဖြင့် သူတို့ အဆောင်ဆီသို့ပြန်ရောက်သွားတော့ ပထမဆုံးလုပ်သည့်အလုပ်ကတော့ လေးခန်းတည်းရှိသည့် ရေချိုးခန်းကို လုယက်ကြခြင်းဖြစ်သည်။   Ivana က အမြဲတမ်းကြံ့ခိုင်ပြီး သွက်လက်သူဖြစ်သောကြောင့် ကောင်လေး လေးယောက်ကို တွန်းဖယ်ပစ်ပြီး အကောင်းဆုံး အခန်းတွင် ငါးမိနစ်လောက် အချိန်ယူပြီး ရေချိုးလိုက်သည်။ ပြီးတော့ သူမရဲ့ ရည်းစားလေးအဖြစ် တွဲဖက်ဓါတ်ပုံရိုက်ခဲ့သည့် ကျိုးယွင်ရှန့်ကို ထိုအခန်းထဲ တွန်းထည့်လိုက်သည်။

ကျိုးယွင်ရှန့်က မှုန်ဝါးဝါးသာမြင်ရသည့် မှန်တံခါးတပ်ထားသည့် ရေချိုးခန်းထဲကို ဝင်သွားတော့ ပြိုင်ပွဲဝင်ကောင်လေးအားလုံး မျက်လုံးတွေကျယ်သွားကြသည်။ ကျိုးယွင်ရှန့်က ရေပန်းအောက်ရပ်လိုက်စဉ် မှန်တံခါးနားတွင် ကောင်လေးတွေ ရစ်သီရစ်သီလုပ်နေသည်ကို သတိထားလိုက်မိပြီး သူတို့တွေက သူ့ကိုယ် အောက်ပိုင်းကို စိုက်ကြည့်ပြီး ' Romeo က တကယ်ယောကျာ်းလေးဟ 'ဟု ပြောပြီးထွက်သွားသည်ကို ကြားလိုက်ရသည်။

 
သူတိုက ငါ့ရဲ့လိင် ကို သံသယရှိနေတာလား။ ငါက မိန်းမတစ်ယောက်လို အရမ်းလှတာကြောင့် ငါ့ကို မိန်းကလေးလို့ ထင်နေတာလား။

ကျိုးယွင်ရှန့်က သူတို့တွေကြောင့် ဒေါသထွက်သလို ရယ်လည်း ရယ်ချင်သွားမိသည်။

ရေချိုးပြီးညစာစားပြီးနောက်  မိန်းကလေးများက  စုရုံးပြီး စကားပြောနေကြပေမယ့် ယောက်ျားများကအားကစားခန်းမသို့သွားပြီး အားကစားလုပ်နေကြသည်။ ရှိနေသည်။ ကျိုးယွင်ရှန့်က သူ့ကိုယ်ခန္ဓာကို 007 နဲ့  ညှိထားပြီးဖြစ်လို့ လေ့ကျင့်ခန်းလုပ်စရာမလိုတော့ပေ။  ဒါကြောင့်ပြိုင်ပွဲစ ကတည်းက ပထမဆုံးအကြိမ်အဖြစ် အားကစားခန်းမထဲ ကျိုးယွင်ရှန့် ဝင်လာတဲ့အခါ ယောက်ျားတွေအံ့သြသွားကြသည်။

Ivana သည် အားကစားခန်းမထဲမှာ ခါတိုင်းလိုပဲ လေ့ကျင့်ခန်း လုပ်နေသည်။ ဒါကြောင့် သူမ ဆီမှာ ဝမ်းဗိုက်ကြွက်သားများ ရှိသလို  V လိုင်းတွေကလည်း  အမျိုးသားတစ်ယောက်နဲ့ယှဉ်လို့ရအောင် ပိုင်ဆိုင်ထားသည်။

"Romeo ဘယ်လိုလုပ်ပြီးဒီကို ရောက်နေတာလဲ။"

 သူမက လေးလံသော dumbbells တုံးများကို ချထားပြီးမေးလိုက်သည်။

ကျိုးယွင်ရှန့်က ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဘားတန်းသို့ ဦးတည်းသွားခဲ့သည်။ ကစားသမားလုပ်နေသည့် ပြိုင်ပွဲဝင် အမျိုးသားတစ်ဦး က ဂုဏ်ယူစွာဖြင့် မေးကိုပင့်မကာ  သူ၏   လှပသည့်  လက်မောင်းနှင့် နောက်ကျောကြွက်သားများ ကိုပြသနေသည်။

ကျိုးယွင်ရှန့်က  သူ့ဘေးဘက်သို့ သွားပြီး ဘားတန်းကိုကိုင်ကာ ဘားဆွဲလိုက်သည်။ သူတို့နှစ် ဦး သည်ပြိုင်ဘက်များကဲ့သို့ ဘားတန်းကို အပြိုင်ခိုဆွဲကြသော်လည်း ခဏကြာတော့ လူမည်း ယောကျာ်းလေးပြိုင်ပွဲဝင်က သူ့ကြွက်သားတွေ တုန်ယင်လာတယ်လို့ ခံစားခဲ့ရပြီး သူလုပ်နိုင်တဲ့ limit အကုန်ကိုရောက်သွားပြီဆိုတာ သိလိုက်လို့ ဘားတန်းကနေ ဆင်းလိုက်သည်။

ဒါပေမယ့် Romeo ကတော့ ဆက်လက်ပြီး ဘားဆွဲနေစဲဖြစ်သည်။

၂၁၊ ၂၂၊ ၂၃ ... ...

Ivana က သူ့ကိုရေတွက်ရာမှာ ကူညီပေးခဲ့သည်။ ဒါပေမယ့် သူ အကြိမ် 70 ရောက်တဲ့အခါ သူမစိတ်မသက်သာဖြစ်လာပြီးလှမ်းပြောလိုက်သည်။

"Romeo ဆင်းခဲ့တော့။ အရမ်းလေ့ကျင့်ရင် နောက်တနေ့ ကိုယ်လက်နာနေ လိမ့်မယ်"

သူမ သိသော အားအသန်ဆုံးပုဂ္ဂိုလ်သည်ပင် တစ်နေ့လျှင် အကြိမ် ၁၀၀  သာလုပ်နိုင်သည်၊ ဒါတောင်  ၁၀ကြိမ်စီ ခွဲပြီး လုပ်ကိုင်တာဖြစ်သည်။ ဒီလို ဘားဆွဲပြီးလျှင် သူက လက်လေးတစ်ချောင်းတောင် မလှုပ်နိုင်ပဲ နွမ်းနယ်သွားတော့သည်။

အားလပ်ရက်အနားယူချိန်တွင် Romeo ဘားဆွဲတာ လုပ်ချင်သလောက် လုပ်လို့ရသည်။ ဒါပေမယ့် ယခု ပြိုင်ပွဲကျင်းပချိန် ဖြစ်သောကြောင့် သူ၏ကြွက်သားများကို နာကျင်သည်အထိ အတင်းအကျပ်လုပ်ခြင်းက နောက်ဆက်တွဲ မကောင်းသည့် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သည်။

Ivana  က Romeo ဘားဆွဲတာ အကြိမ် 101 ကြိမ်ရောက်တော့  သူမနှလုံးတုန်လာပြီး  သတိ ထပ်ပေးခဲ့သည်။

"Romeo၊ မလုပ်ပါနဲ့၊ ဆင်းလာခဲ့တော့။ ငါတို့ပြိုင်ပွဲတစ်ခု ထပ်လာဦးမှာလေ။ နင့်ရဲ့ခွန်အားကို ဆက်ထိန်းထားဖို့လိုတယ်"

ယောက်ျားများက ဘားတန်းပတ်လည်ကို စုဝေးလာကြပြီး ဘားဆွဲနေ သည့် စူပါမန်းလို အားသန်ပြီး နည်းနည်းလေးမှ မောပန်းပုံ မပြသည့် ကောင်လေးကို ဝိုင်းကြည့်နေကြသည်။ ကောင်လေး၏ ပါးလျသော ခန္ဓာကိုယ်သည် ဤမျှအံ့သြဖွယ် စွမ်းအားရှိမည်ဟု သူတို့ ဘယ်တုန်းကမှ စိတ်ကူးတောင် မယဉ်ခဲ့ဖူးကြပေ။

"သူ့ကို မရပ်ခိုင်းပါနဲ့။ မင်းတွေ့တယ်မဟုတ်လား။ သူဆွဲတာ အကြိမ် 100 ကျော်လာတာတောင် ချွေးတောင် မထွက်ဘူး။ သူက အရမ်းသန်မာ တာပဲ။"

ပြိုင်ပွဲဝင် ကောင်လေးတစ်ယောက်က ကျေနပ်စွာကြည့်ပြီး ပြောလိုက်သည်။

Ivana က သူမရဲ့ သူငယ်ချင်းလေးက အစကနေ အဆုံးအထိ မောပန်းခြင်းမရှိ၊ အံကြိတ်ပြီး အားတင်းလုပ်ရတာမျိုးမရှိတာကို တွေ့လိုက်ရသည်။

အကြိမ် ၁၅၀ ပြည့်ပြီးတဲ့နောက်မှာ ကျိုးယွင်ရှန့်က  ဘားတန်းပေါ်ကနေ မြေပေါ်  ဆင်းလာခဲ့ပါသည်။ ပြိုင်ပွဲဝင် ကောင်လေးတွေက လေချွန်လိုက်ပြီး တီးတိုးချီးကျူးလိုက်ကြသည်။
  တစ်ဆက်တည်း ဘားဆွဲတာ အကြိမ် 150 လုပ်ခဲ့သည့်  Romeo ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားသည်  တင်းကြပ်သည့်လေ့ကျင့်ခန်းများ လုပ်ဆောင်ရသည့် အထူးတပ်ဖွဲ့ဝင်စစ်သားများနှင့် ပြိုင်ဆိုင်ရန် လုံလောက်နေလေပြီ။

ကျိုးယွင်ရှန့် သည် သူ၏ေ ချာမွေ့ပြီး ကျစ်လစ်သည့် လက်မောင်းကြွက်သားများကို ညစ်ပြပြီး ပြောလိုက်သည်။

" ကြည့်.....ငါက ယောကျာ်းလေးကွ"

သူက ပေါ့ပေါ့ပါးပါးလေးပြောကာ ထွက်သွားပေမယ့် ကျန်ရစ်သူများက တိတ်ဆိတ်သွားခဲ့ကြသည်။

Ivana က သူ့သူငယ်ချင်းကောင်လေးက ဒီကနေ့ပြိုင်ပွဲကြောင့် ဒီလိုလုပ်ပြတယ်ဆိုတာ သိလိုက်ပြီး ဗိုက်ကို နှိပ်ပြီး ရယ်မောလိုက်သည်။

ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ။

 ပြိုင်ပွဲဝင် ယောကျာ်းလေးများက ရှက်ခြင်းနှင့် ပျော်ရွင်ခြင်းကို တပြိုင်တည်း ခံစားလိုက်ရပြီး ကောင်လေးအကြောင်းကို သူတို့ နည်းနည်းပိုသိလာခဲ့သည်။


"ဟုတ်တယ်၊ Romeo! မင်းက တကယ့် ယောကျာ်းစစ်စစ်ပါကွာ!"


ပြိုင်ပွဲဝင်တစ်ဦးက  သူနောက်ကျောကိုကို လှမ်းကြည့်ပြီး အော်ပြောလိုက်သည်။ ပြီးတော့ သူ့ကင်မရာသမားကို ကြည့်ပြီး ရိုးသားစွာ ပြောလိုက်သည်။

" သူက ့ရုပ်သွင်ပဲကြည့်ကြည့် အရည်ချင်းပိုင်းကပဲ ကြည့်ကြည့် တကယ့်ကို အံ့သြစရာကောင်းတယ်၊ ကျွန်တော် သူ့ကို သဘောကျလာပြီ"

နောက်တစ်နေ့တွင်ဒိုင်လူကြီးများက ကျိုးယွင်ရှန့်  နှင့် Ivana တို့က အကောင်းဆုံး ပုံကို ရိုက်နိုင်ခဲ့ကြောင်း ကြေငြာခဲ့သည်။ Emily ၏ ဒရာမာအကြောင်းကို မထုတ်လွှင့်ရသေးသောကြောင့် ပရိသတ်က သူမကို အရမ်းမုန်းတီးတာမျိုး မရှိသေးသဖြင့် သူမ၏ ပုံကို ထောက်ခံမဲပေးခဲ့ပြီး သူမက ဒုတိယနေရာကိုရရှိခဲ့သည်။

သနားစရာကောင်းတဲ့ Daphne ကတော့ အမှတ်အနည်းဆုံးဖြစ်လို့ ဖယ်ရှားခံလိုက်ရပြီး မျက်ရည်များနှင့် ပြိုင်ပွဲမှ ထွက်လိုက်ရသည်။

ဒီအပိုင်းကို ထုတ်လွှင့်ပြီးနောက် ကြည့်ရှုသူ နှုန်းထားများ ထိုးတက်သွားသောကြောင့် ဒီအစီစဉ်ကို တင်ဆက်သော ABC က ဒီအစီအစဉ် ၏ဘတ်ဂျက် အသုံးစရိတ်ကို တိုးမြှင့်ခဲ့သည်။ Hayden၏အကြမ်းဖက်တိုက်ခိုက်သည့်မြင်ကွင်းများကို အနည်းငယ်ပြုပြင်ထားသော်လည်း ဒီအဖြစ်ပျက်နဲ့ပတ်သတ်ပြီး အရာအားလုံးကို ပရိတ်သတ်များ ရှင်းလင်းစွာ သိလိုက်ရပြီး Haydenကိုလည်း မုန်းတီးလာကြသည်။ ပရိသတ်များ၏ မုန်းတီးခြင်းသည် မြူလိုဆိုင်းလာပြီး Emilyကိုလည်း ဝေဖန်တိုက်ခိုက်ခဲ့ပြီး အချို့က သူမကို "Black Widow" ပင့်ကူမ ဟု ခေါ်ခဲ့ကြသည်။

" Hayden နဲ့  Emily တို့က ငါမြင်ဖူးသမျှထဲမှာ ရွံစရာ အကောင်းဆုံးစုံတွဲဖြစ်တယ်။ Black Widow က သူ့ရဲ့သနားစရာ လိင်ဆက်ဆံဖက် ပင့်ကူအထီးကောင်ကို သတ်ပစ်လိုက်သလို Hayden ကို ဖယ်ရှားပစ်လိုက်တာ တကယ်ကို ကောင်းတယ်။ ဒီစုံတွဲကို မြင်ရတိုင်း ငါတော့ အန်ချင်တယ်။ "

"မင်းမြင်ကြလား။ Hayden နဲ့  Emily က Romeo ကိုေ တာင် ကျေးဇူးမတင်ကြဘူး။ Romeo ကြောင့် မဟုတ် ရင် သူတို့က ဒီအပိုင်းကို ပြိုင်လိုက်ရမှာတောင် မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ ဒီလိုဆိုးသွမ်းတဲ့လူတွေ ဘယ်လိုများရှိနေနိုင်တာလဲ။ "

"Hayden က
ီဒီလို အဆင့်မြင့်တဲ့ ပြိုင်ပွဲတွေကြောင့် ရုတ်တရက် စိတ်ရူးပေါက်သွားတယ်လို့ ငါထင်တယ်။ သူက အရမ်းကို သဘောကျနေတဲ့ သူ့ရည်းစားက သူ့ထက် 10 ဆ စက်ဆုပ်ဖို့ကောင်းလိမ့်မယ်လို့ သူ လုံးဝ ထင်ထားမှ မဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်။   တကယ်တော့ သူတို့နှစ်ယောက်က အကျင့်မကောင်းတာခြင်း တူတဲ့အတွက် တကယ် လိုက်ဖက်တဲ့ စုံတွဲတွေပဲ။ ဒါပေမယ့် သူတို့ပြတ်သွားတာ ကံမကောင်းတာပဲ။ သူတို့ကြားက မကောင်းမှုကို ထိန်းမထားနိုင်တော့ဘူး ထင်တယ်။ "


ဒီလိုလှောင်ပြောင်မှုတွေက  "The Next Supermodel" ၏ တရားဝင် ၀ ဘ်ဆိုဒ်ပေါ်တွင် ပလူပျံလို့နေသည်။ လူကြိုက်များသော ဘုရင်မကြီးEmily က နောက်ဆုံး စင်မြင့်ပေါ်က ဆင်းပေးလိုက်ရပြီး လက်ရှိမှာ လူမုန်းအများဆုံး တစ်ယောက်ဖြစ်လို့နေသည်။

Romeo ၏ပရိသတ်များက ထိတ်လန့်တုန်လှုပ်ဖွယ်နှုန်းဖြင့် ပိုမိုများပြားလာပြီး တစ်ပိုင်းထုတ်လွှင့်တိုင်း သူ့ပရိသတ်က နှစ်ဆတိုးလာသည်။ သူ့ပရိတ်သတ်များက အသက်ရွယ်၊ အသက်မွေးဝမ်းကြောင်းမတူသည့် အလွာအသီးသီးကဖြစ်သည်။ သူ့ရဲ့ချစ်စရာကောင်းမှုက ပြိုင်ဖက်ကင်းဖြစ်လို့နေသည်။


သူက Hayden နှင့် Emily ကိုကိုယ်ကျိုးမငဲ့ပဲ ကူညီပေးခဲ့သည်။ သူက ဘယ်လိုစိန်ခေါ်မှုကိုမှ မကြောက်ခဲ့ပါ။ သူ့မှာ နတ်သမီးလေးလို အလှတရားနဲ့ နတ်သားလေးကဲ့သို့ သာယာသော အသံလေးရှိသည်။ သူက နတ်ဘုရားလေးတစ်ပါးဖြစ်နေခဲ့ပြီး လူပေါင်းများစွာ၏ နတ်သမီးလေး လည်း ဖြစ်လာခဲ့သည်။

သူက တစ်ဆက်တည်း အကြိမ် ၁၅၀ ဘားဆွဲနိုင်ခဲ့သည်။ သူက အရမ်းကို နုနယ်သည်ဟု ထင်လိုက်သည်နှင့် သူက မင်းကို သန်မာသည့်အကြောင်းကို ချက်ချင်းပြသလာလိမ့်မည်။

Lesbians လိင်တူချစ်သူမိန်းကလေးများက Romeo အတွက် သူမတို့ မိန်းမစစ်စစ်ဖြစ်သွားနိုင်တယ်လို့ ပြောဆိုကြပြီး ယောကျာ်းစစ်စစ်များက Romeo အတွက်  ဂေးလ်အဖြစ် ပြောင်းသွားနိုင်သည်ဟုဆိုသည်။ ရှင်းရှင်းပြောရရင် သူတို့က အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ် Romeo ဖြစ်နေသရွေ့ သူ့ကိုအမြဲချစ်နေမှာဖြစ်သည်။

 Ivana ရဲ့ချောမောခန့်ညားမှုကြောင့် ပရိတ်သတ်တွေရဲ့ နှစ်သက်မှုကိုလည်း ရရှိခဲ့သည်။  မိ်န်းကလေးပရိတ်သတ်ကြီးလည်း စုရုံးလာပြီး သူမအပေါ်ထားတဲ့ ချစ်ခြင်းကို ပြသဖို့ အတော်တော်ကျယ်ပြန့်စွာလုပ်ဆောင်လာကြသည်။

=====================

စူပါ မော်ဒယ်Donde viven las historias. Descúbrelo ahora