"သားလေးဘယ်သွားမလို့လဲ"
"သား စိတ်ပြေလက်ပျောက်အပြင်ထွက်မလို့မား"
"အေအေ အပြင်မှာကောင်းကောင်းလည်ကောင်းကောင်းစားခဲ့နော်"
"ဟုတ်ကဲ့မား"
ရှောင်ကျန့် အပြင်သို့ရောက်တာနှင့်မောင်နဲ့သွားဖူးလာဖူးတဲ့နေရာများကိုတနေရာပြီးတနေရာလျှောက်သွားနေမိ၏။ဘ်ာလိုလုပ်ရမလဲမောင် နေရာတိုင်းကမောင်နဲ့ကလေးရဲ့ခြေရာတွေကြည့်ပဲ အရမ်းလွမ်းတယ်မောင် ပြီးတော့တောင်းပန်ပါတယ်မောင်
ရှောင်ကျန့် မောင်နှင့်ထိုင်ဖုးတဲ့ပန်းခြံမှခုံလေးပေါ်မှာထိုင်ကာတယောက်ထဲတိတ်တိတ်လေငိုနေမိ၏။
"ကလေးမကောင်းတာပါ မောင်တားခဲ့တာကိုကလေးနားမထောင်ခဲ့မိတာပါအားလုံးကလေးအပြစ်တွေပါမောင်ရယ်"
"က ကလေး"
"ဟင် လူ လူမှားနေတယ်"
ကလေးရယ်ကလေးရဲ့အရိပ်လေးကိုတောင်မောင်ကမှတ်မိပါတယ်ထွက်ပြေးတော့မယ့်ကလေးအားဆွဲဖက်ကာရင်ခွင်ထဲသို့ထည့်ထားမိ၏။အစကရုန်းနေပေမဲ့အနည်းငယ်အကြာမှာတော့မရုန်းတော့တဲ့ကလေးကိုယ်လေးဟာတသိမ့်သိမ့်တုန်နေ၏။
"မငိုပါနဲ့ကလေးရယ်မငိုပါနဲ့ကွာမောင် မောင်ရင်တွေအရမ်းနာလို့ပါကွာ"
"တောင်း ဟင့် တောင်းပန်ပါတယ် မောင့်စကားသာနားထောင်ခဲ့ရင်"
"ကလေးရယ် ခု ကလေးကဘယ်တုန်းကပြန်ရောက်နေတာလဲ ဘာလို့ ဘာလို့မောင်ွဆီမလာရတာလဲကလေးရယ်"
"မောင်ပျော်ပါစေနော်အိမ်ထောင်ရေးလည်းသာယာပါစေ ကလေးဆုတောင်းပေးပါတယ်မောင်"
"ဟင့်အင်း မောင်ကလေးကိုပဲချစ်တာ"
"တော်ပါတော့မောင်ရယ် ကလေးကြောင့်မောင့်ကိုအိမ်ထောင်ရေးဖောက်ပြန်သူမဖြစ်စေချင်ဘူး"
YOU ARE READING
မျက်ရည်စမ်းတဲ့ပျားရည်ခရီးလမ်း
Fantasyတောင်းပန်ပါတယ် မဖြူစင်ပေးနိုင်ခဲ့လို့ အရမ်းချစ်ခဲ့ပါတယ်အဖြူစင်ဆုံးချစ်ခံပါတယ် ခွင့်လွှတ်ပေးပါ(ရှောင်ကျန့်") အရမ်းချစ်တာမို့မထားခဲ့ပါနဲ့ကလေးငယ်ရယ် ဘာတွေဘယ်လိုပဲဖစ်နေပါစေကိုယ်မင်းကိုမစွန့်လွှတ်နိုင်ဘူးကလေးငယ်(ရိပေါ်)