Skip
ဤသို့ဖြင့် ခရစ်စတယ့်ဒယ်ဒီလည်း ကန်သာယာဆေးရုံကြီးသို့ရောက်ခဲ့ကြသည်..." ရောက်ပြီဆရာ...ကျနော်ပါကင်ထိုးနှင့်
ဦးမယ်..."" အေး.."
ဦးမြင့်မြတ်အောင် ကားပေါ်မှ အလျှင်အမြန်ဆင်းလိုက်သည်...အခုအချိန်က စိုးရိမ်
ရတဲ့အခြေအနေကိုရောက်နေပြီဆိုတာ
သူရိပ်မိသည်..ဆေးကောင်တာဘက်သို့
လျှောက်သွားပြီး.." အခန်းနံပါတ် 108 ကဘယ်မှာလဲဗျ"
" အပေါ်ထပ်မှာပါရှင့်..ညာဘက်ကိုနည်းနည်း ထပ်လျှောက်သွားမယ်ဆိုရောက်ပါ
ပြီရှင့်..."" ကျေးဇူးပါ.."
ထိုကောင်မလေးညွှန်ပြသည့် အတိုင်းသွားခဲ့ရာ အခန်း 108 ကိုတန်းတွေ့လေသည်...ထိုအနားတွင် ဆရာဝန္မ်ား နာ့စ်
များအလုပ်ရူပ်နေကြသည်..." တဆိတ်လောက်ပါ.."
ထိုအခါမွ ဒေါက်တာတစ်ဦးက
" အစ္ကို က ကလေးမလေးရဲ့အုပ်ထိန်း
သူလားဗ်.."" ဟုတ် ပါတယ်..သူအခုအခြေအနေဘယ်လိုလဲသိချင်တယ်.."
" အခုသူ့ကို အရေးပေါ်အဆောင်ရွှေ့ဖို့
ပြင်ဆင်နေကြတယ်..ပြီးရင်တော့ ခွဲခန်း
ဝင်ရလိမ့်မယ်..အခုအခန်းမအားသေးလို့
15 မိနစ်ကြာရင် အားလုံးဒီကနေထွက်
ကြလိမ့်မယ်..."" ကျနော်သူ့ကို အခုတွေ့ခွင့်ရှိမလား.."
" ကြည့်ချင်တော့အပြင်ကနေပဲ ကြည့်
လို့ရပါတယ်...အထဲကို ဆရာဝန်တွေက
လွဲလို့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုထားပါဘူး"ဦးမြင့်မြတ်အောင် တံခါးပေါက်ကနေသာလှမ်းကြည့်လိုက်သည်..သူ့ချစ်လှစွာ
သော သမီးသည် ဆေးရုံခုတင် ပေါ်တွင်
ငြိမ်သက်စွာ လှဲလျောင်းနေသည်..
တစ်ကိုယ်လုံလည်း သွေးတွေလူးပေနေ
သည်...ငါ့သမီးရယ် အဖြစ်ကလည်း ဆိုး
လှချည်လား.." ဆရာဝန်ကြီး တကယ်လို့သူခွဲစိတ် ခဲ့
မယ်ဆိုရင်ရော ပုံမှန်အတိုင်း ပြန်ဖြစ်လာ
နိုင်ပါ့မလား.."" ဒါကေတာ့ လူနာနဲ့ လူနာရှင်အပေါ်မှာမူတည်ပါတယ်..ကျနော်တို့ အတတ်
နိုင်ဆုံးကြိုးစားကြည့်ပေးပါမယ်..ပြန်ကောင်းလာရင် ကောင်းလာနိုင်သလို...
နောက်ဆုံးအကြိမ်တွေ့ရတာလည်းဖြစ်
နိုင်ပါတယ်...တစ်ဝက်တစ်ဝက်ပေါ့....
ကျနော်တို့ 50 ရာခိုင်နှန်းပဲ အာမခံနိုင်ပါ
တယ်..."
YOU ARE READING
ချစ်သောသူမ (ခ်စ္ေသာသူမ )
Romanceကျွန်မ ကြယ်တွေ ကိုချစ်တယ် ။ မေ က ကျွန်မအတွက်တော့ကြယ်တစ်လုံးလိုပဲ ။ သူတို့က သိပ်လှပေမယ့် ကျွန်မရဲ့ အဝေးဆုံးမှာပဲ ရှိနေတယ်လေ...