Author pov
Chapter 1 ကနေ 20 အထိဖတ်ပြီး ဒီအပိုင်းကျော်သွားရင်တော့ တစ်ကယ် နောင်တရလိမ့်မယ်..😆 နောင်တမရချင်ရင်တော့ဖတ်ပေါ့.......................
" မင်း ငါနဲ့ဝေးရာ နေရာကိုသွားနိုင်တယ်...
ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့....ဒါပေမယ့် တစ်ခု တော့မှတ်ထား...မင်းဘယ်နေရာသွားသွား ငါ့ဆီပဲပြန်ရောက်လာလိမ့်မယ်...ဘာလို့လဲဆိုတော့ ငါက မင်းရဲ့.." ကမ္ဘာဖြစ်နေလို့..."
.....................................................................
အလုံးစုံကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရသော Justin သည် ထိုနေမှပြေးထွက်ရန် ကြံလေတော့သည်။ သို့သော် အမြင်အာရုံတွင်သူ့ထက်သာသူ နှစ်ယောက်မရှိသော သူမသည် မြင်ဖြစ်အောင်မြင်လိုက်ပါသည်။
" နေဦး....မင်းဘယ်သွားမလို့လဲ..."
ဟာ...သွားပါပြီ သူ့ဘဝကတော့ ထွက်ပြေးဖို့ ကြံပါတယ် ဆိုကာမှ... စပ်ဖြီးဖြီး မျက်နှာပေးနှင့် တံခါးကိုတွန်းဖွင့်ကာ ဝင်လာခဲ့သည်။
" ပြော...မင်းဘာလို့ထွက်ပြေးသွားတာလဲ.."
Crystal ကသူ့အားခပ်တည်တည်စိုက်ကြည့် ရင်းတစ်လုံးချင်းမေးသည်။
" ဪ...အဲ့တာက..နင်သတိရသွားပြီဆိုတော့ ဆရာဝန်သွားခေါ်ပေးမလို့လေ..."
သူခေါင်းကို လက်ဖြင့် ကုတ်ရင်း ဖြေသည်။
" မင်း..လက်ကဘာဖြစ်တာလဲ..."
သူ့လက်ကိုပြန်ကြည့်လိုက်မိသည်။ သူ့လက်မှာ ပတ်တီးအဖွေးသားနှင့်...၊
" ဪ....အဲ့တာက ဒီလို ဒီလို ရှိတယ်ဟာ "
Justin ကသူတို့နှစ်ယောက်လုံး၏ ကယ်တင်ခြင်းလုပ်ငန်းစဉ်ကိုတစ်ခုခြင်း ရှင်းပြပြီးနောက် မောဟိုက်စွာဖြင့် လေပူများကို မူတ်ထုတ်လိုက်သည်။ ထိုအခါမှ Crystal လည်း
ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် သူတို့ကိုပဲ ကျေးဇူး တင်သလိုလို...သနားသလို လို အကြည့် နှင့်
ကြည့် နေသည်။ ထို့နောက် စိတ်မပါတပါနှင့်
စကားလုံးနှစ်လုံးကို ပြောလိုက်သည်။" ကျေးဇူး..."
Justin အနည်းငယ်အံ့သြသွားပြီး ပြုံးသာ ပြုံးပြလိုက်သည်။ ဘာလို့လဲဆိုတော့ Crystal ဟူသော သူမသည် ကျေးဇူးတင်စကားနှင့် တောင်းပန်စကားကိုဘယ်တော့
မှမဆိုဘူးခဲ့ချေ။ သူနဲ့စတွေ့ကတည်းက အခု အချိန်ထိပေါ့... ဒါကအားလုံး သိပြီးသားလို့ထင်ပါသည်..။
YOU ARE READING
ချစ်သောသူမ (ခ်စ္ေသာသူမ )
Romanceကျွန်မ ကြယ်တွေ ကိုချစ်တယ် ။ မေ က ကျွန်မအတွက်တော့ကြယ်တစ်လုံးလိုပဲ ။ သူတို့က သိပ်လှပေမယ့် ကျွန်မရဲ့ အဝေးဆုံးမှာပဲ ရှိနေတယ်လေ...