" " သမီးလေး အဆင်ပြေရဲ့လား..."
" မေမေ..မေမေဘယ်မှာလည်း..သမီးသူ့ကိုပဲတွေ့ချင်တယ်..."
ထိုအခါမှ ကြီးမေလည်းမျက်နှာပျက်သွား
ပြီး စိတ်မကောင်းစွာနှင့်ပြောသည်။" သမီး...မေမေကမနေ့ကပဲ ထွက်သွားပြီ
လေ.."
Crystal ချက်ချင်းကုတင်ပေါ်မှဆင်းပြီး
အိမ်နော်ဖေးသို့ပြေးဝင်သွားသည်။
" မေမေ...မနောက်နဲ့နော်...သမီးကိုနောက်
နေတာမှတ်လား..."" သမီးလေး စိတ်ထိန်းဦး..."
" မဟုတ်ဘူး...မာမီက ကုမ္ပဏီသွားတာမဟုတ်လား... ကြီးကြီး...ဟင်.. ဟုတ်တယ်
မလား..."ကြီးမေလည်း ဘာမှပြန်မပြောပဲ သက်ပြင်း
သာချလိုက်မိသည်။" သမီးလေး...အားရှိအောင်တစ်ခုခုစားရ
အောင်.. ကြီးကြီး ကြက်စွပ်ပြုတ် လုပ်ပေး
ထားတယ်လေ..."" ဟင့်အင်း...မစားချင်ဘူး...မေ့မေ့ကိုပြန်
ခေါ်ပေး..."" သမီး ခေါင်းမမာရဘူးလေ...ခဏနေရင်
မေမေကြီးလာတော့မှာ..သမီးစောစောမစား
ရင် ဆူလိမ့်မယ်...မေမေနဲ့ပြန်တွေ့ချင်ရင်
အစားများများစားပြီးအားရှိအောင်လုပ်မှ
ပေါ့...."." ဒါဆိုတကယ် ပြန်တွေ့ရမှာလားဟင်.."
" ဟုတ်တာပေါ့..သမီးရဲ့..လာပါ အခုပဲသွား
စားရအောင်...မဟုတ်ရင်အေးသွားလိမ့်မယ်" ဟုတ်..."
Crystal ပျော်ရွှင်စွာနှင့်ပင် ကြီးကြီးနောက်
သို့လိုက်သွားတော့သည်။ သို့သော်သူမ မကြားလိုက်သည်က..." မင်း မာမီက ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး....ha ha ha "
တစ်နေ့တွင် သူ့တို့မိသားစု မနက်စာ ထိုင်စားနေကြသည်။ ထမင်းစားပွဲပေါ်တွင် ဟင်းတွေအပြည့်အလျှံရှိနေသည်
သို့သော် သူမ မပျော် ။ဒီနေ့ဆို မာမီအိမ်ကနေထွက်သွားသည်မှာ 2 နှစ် တောင်ရှိပြီလေ
အခုဆို သူမလည်း 6 နှစ်တောင်ကျော်နေပြီ
ပေါ့...သို့သော် သူမကို...သားအကြီးနှင့် မတူ
အမြဲခွဲ ခြားဆက်ဆံခံနေရသည်ကတော့
မပြောင်းလဲခဲ့ပေ။ အမြဲတမ်းလိုလိုပင် ကောက်ကျစ်သော မယားကြီး၏ အကွက်
များကြားမှ သူမ မရုန်းထွက်နိုင်ခဲ့။
YOU ARE READING
ချစ်သောသူမ (ခ်စ္ေသာသူမ )
Romanceကျွန်မ ကြယ်တွေ ကိုချစ်တယ် ။ မေ က ကျွန်မအတွက်တော့ကြယ်တစ်လုံးလိုပဲ ။ သူတို့က သိပ်လှပေမယ့် ကျွန်မရဲ့ အဝေးဆုံးမှာပဲ ရှိနေတယ်လေ...