❤love two people at once💚

124 3 0
                                    

❤လူသားနှစ်ယောက်အား တပြိုက်နက်ချစ်မိခြင်း💚

တွေ့ဖူးလားဆိုတော့လည်း
မတွေ့ဖူးဘူး (အပြင်မှာ)

နီးလားဆိုတော့လည်း
ရေခြားမြေခြား

တူလားဆိုတော့လည်း
အသားအရောင်ကွဲပြား လူမျိုးမတူ ဘာသာခြား စကားတွေကခြား နေထိုင်မူ့တွေကွဲပြား အဆင့်တန်းတွေကခြား

ဒါနဲ့များ
ကျွန်တော့်ရဲ့နှလုံးခုန်သံတွေက
ခင်ဗျားတို့နှစ်ယောက်ကိုစွဲလမ်းတဲ့မှတ်ညာဏ်တွေ
ပျောက်ဆုံးသွားမှာစိုးလို့
ဒီ ရောက်လေရာ သံသရာဘဝလေးကိုမကုန်ဆုံးချင်သေးတာ

ကိုယ့်အသံတွေ ကိုယ့်စာတွေကို
မမြင်နိုင် မသိနိုင် မကြားနိုင် မခံစားနိုင်တဲ့
လူနှစ်ယောက်ကို
အဲဒီမသိခြင်း အကြောင်းတရားတွေကြားထဲကနေ
အထူးတလည်ထပ်ရှင်းပြချင်သေးတာက

ခင်ဗျားတို့နှစ်ယောက်ကို ချစ်တယ်
ပီးတော့....
ချစ်တယ်

သဘောကျခဲ့ဖူးတဲ့ idolပေါင်းများစွာထဲကမှ
နှစ်ဦးထဲသောလူသားမို့ .... ကျွန်တော်ရူးတယ်

ဟင့်အင်း နောက်ထပ်လည်း ဘယ်သူ့ကိုမှ သဘောမကျချင်တော့ဘူး
ဘယ်idolမှလည်း ကျွန်တော် အလိုမရှိတော့ဘူး
ခင်ဗျားတို့နှစ်ယောက်ရှိရင် အရာရာပြည့်စုံပီ

သတိရတဲ့အခါ ဝင်ကြည့်ဖြစ်တဲ့
Gallery ထဲက ပြုံးနေတဲ့ ခင်ဗျားတို့နှစ်ယောက်ရဲ့ ပုံလေးတွေက ကျွန်တော့်ရဲ့ နိဗ္ဗာန်ဘုံလေးပဲ

ခင်ဗျားတို့နှစ်ယောက်နဲ့ပတ်သတ်တဲ့မှတ်ဉာဏ်တွေကို
ထာဝရသိမ်းထားမယ်...
သတိရတဲ့အခါ recall မယ်
ပီးရင် အထီးကျန်ခြင်းတချို့ကို ကုစားမယ်

မသိခြင်းအကြောင်းတရားတွေကြားထဲကနေ
ထပ်ပြောပြအုန်းမယ်
ယုံပေးပါအုန်းကွာ
ဒီအရူးမလေးက သေသွားရင်တောင်
ခင်ဗျားတို့နှစ်ယောက်ရှိတဲ့အရပ်မှာ
လိပ်ပြာလေးအဖြစ်နဲ့ပဲဖြစ်ဖြစ် ပျံသန်းပြချင်သေးတာ......

နောက်ဆုံး ခင်ဗျားတို့မှ မဟုတ်ရင် မဖြစ်တော့လို့
ဒီအရူးမကြီးကို ကယ်တင်ပေးကြပါအုန်း... 😭

22 Match 2020 (Sun)
9:10pm





From Each Side of the WorldWhere stories live. Discover now