Day 17: Your Celebrity Crush 💚
ဒီနေ့တော့ စာတွေရေးရမှာ ကိုယ်တကယ် တတ်ကြွနေတယ်
Your Celebrity Crush တဲ့
မြင်မြင်ချင်း ခင်ဗျား ကို တန်းသတိရသွားတာပဲ
နောက်ပီး ခင်ဗျားအကြောင်း တွေပုံမှန်ထက် ပိုတွေး လာတော့တာပဲ.....
ခင်ဗျားရေ...ကျနော်မပိုင်တဲ့ စိတ္တဇနာမ်စားလေး
ဒီနေ့တော့ ခင်ဗျားအကြောင်းတွေ တစ်ဝကြီးချရေးမယ်....
Crush တယ်ဆိုတာထက် မြတ်နိုးခြင် အကြောင်းအရာတွေကို တမေ့တမော ကိုယ်ချရေးတော့မယ်......
ကိုယ်မပိုင်တဲ့ စိတ္တဇ နာမ်စားလေး နားမလည်နိုင်တဲ့ ဘာသာစာပေတွေနဲ့ ချရေးဖြစ်မဲ့စာတွေကို
ခင်ဗျားသာနားလည်ခဲ့ရင် ကျနော့်ကို ဘယ်အခြေနေအတိုင်းတာထိ ရူးသွပ်ခြင်းရယ်ပါလို့
သတ်မှတ်လေမလားကွယ်.....
ဟုတ်တယ်.. ဒီလိုပဲ ခင်ဗျားကို ကျနော်က မြတ်နိုးရပါတယ်....ကိုယ်မပိုင်တဲ့ စိတ္တဇနာမ်စားလေးက
ကိုယ်နဲ့သိပ်ဝေးလွန်းတဲ့
မြို့ပြတစ်ခုမှာ ရှင်သန်နေတယ်
လမ်းတွေလျှောက်လို့ မရောက်ဘူး
စက်ဘီးလေး စီးလည်း မရောက်ဘူး
ရထားတွေ စီးလည်း မရောက်ဘူး
ကားတွေ စီးလို့မရောက်ဘူး
ဟိုး မိုးကောင်းကင်က တိမ်တွေကြား ကူးသန်းသွားလာတဲ့ တန်ကြေးကြီးပေးပြီး
စီးရတဲ့ အရာနဲ့ သူ့ဆီရောက်နိုင်ပေမဲ့
မတတ်သာတဲ့ ကိုယ့်ဘဝရယ်မို့
တခါတလေတော့လည်း ငှက်လေးတစ်ကောင်အဖြစ်နဲ့
သူ့ဆီ အရောက်သွားချင်ကြောင်းလည်း စိတ်ကူးတွေယဥ်မိသေးတယ်....မဆုံနိုင်တဲ့ မျဥ်းပြိုင်၂ကြောင်းမို့
ကျနော်နဲ့ သူဟာ ကမ္ဘာတွေခြားနေသလို..." ကြေကွဲမူ့ဆိုတာ..
စောင့်နေတဲ့ ကိုယ့်ဆီ သူရောက်မလာတာမဟုတ်ဘူး
ကိုယ်ကိုယ်တိုင်က သူ့ကို စောင့်နေကြောင်း
သူ့ဆီအရောက် ပြောပြနိုင်စွမ်းမရှိတာ " တဲ့ဟုတ်တာပေါ့ ခင်ဗျားရယ်
မင်းနဲ့ပတ်သတ်လာရင် ကိုယ့်မှာ ပိုင်ဆိုင်ရတာ ဆိုလို့
ကြေကွဲခြင်းအကြောင်းတရားတွေက ပိုများပါတယ်မင်းကြောင့် ပျော်ရွှင်မူ့တွေ ကြည်နူးမူ့တွေ အားအင်တွေ ခံစားရပေမဲ့
အဲ့ဒီခံစားချက်တွေနဲ့အတူ နာကျင်ခြင်းတွေကပါ
ဒွန်တွဲပါလာနေရော မင်းသိနိုင်မလားပဲကွယ်.....
YOU ARE READING
From Each Side of the World
Poëzie"ခင်ဗျားတို့ မသိတဲ့ကမ္ဘာတစ်ဖက်က စိမ်းလန်းခြင်းနဲ့ ရဲရင့်ခြင်းတွေလေ ....... "💚❤" 🦁Not Fiction Only Poem 🐰