💚⭐Star⭐💚

9 0 0
                                    

" နာကျင် ပင်ပန်းတာတွေရှိလာတဲ့အခါ ကျနော့်ရဲ့ကြယ်လေး မျက်ရည်ကျတတ်ပါသလား ....?

Sorry ပါ ကျနော့်ရဲ့ ဒီလူသားမဆန်တဲ့မေးခွန်းကြောင့်...

ခံစားချက်တွေဆိုတာ လူတွေနဲ့အလိုက်ဖက်ဆုံးအရာပဲတဲ့

ခင်ဗျားလည်း လူသားပေမို့ ဒိီခံစားချက်တွေအတွက်

ငိုလိုက်ပါ.....တခါတလေ အရူံးပေးလိုက်ပါ တခါတလေစီးမျောပေးလိုက်ပါ

သိလားခလေး" မျက်ရည်ဆိုတာ စိတ်လွတ်ခြင်းရဲ့ တခါးပေါက်တစ်ခုပဲမို့...."

ခင်ဗျားငိုချလိုက်ပါ.....

နာကျင်ပင်ပန်းတာတွေအကုန်လုံး အတွက်

ခင်ဗျား​ဖြေလျော့ကြည့်ပါ...

လောကဓံဆိုတာ အကောင်းကြီးလာတာ မဟုတ်ဘူး

အဆိုးတွေလည်းဆက်တိုက်ကြုံရတဲ့အခါတွေလည်းရှိသေးတယ်....
...........

ကြယ်လေး...

ခင်ဗျားက လူတွေအားလုံး အမြဲ ပြုံးပျော်ရအောင်

လောင်ကျွမ်းခြင်းဆိုတာကြီးကိုမေ့ပြီး..ထွန်းတောက်ပေးနေရတာ....

မင်းနဲ့ပတ်သတ်ပြီး ပျော်စရာတွေ ဆို ကိုယ်ခံစား ဂုဏ်ယူတတ်ခဲ့ပေမဲ့

မင်း နာကျင်ပင်ပန်းနေတဲ့ အချိန်ကျ

နွေးထွေးခွင့် မပေးနိုင်တဲ့ ကိုယ့် အဖြစ်ကိုယ် ရင်နာရပြန်တယ်..

မျက်ရည်တွေလား...

မင်းရဲ့နာကျင်နေတဲ့ပုံရိပ်ကြောင့် မင်းနဲ့ထပ်တူ ကျဆင်းနေတဲ့
မျက်ရည် ဒါ...ကိုယ့်ရဲ့မျက်ရည်တွေတဲ့လား...
နဲနဲတော့ရယ်ရသားပဲ ခင်ဗျားရယ်
screen တဖက်ခြားက ကောင်မလေးက
မျက်ရည်ခြူနေတဲ့ screenပေါ်က မင်းဓာက်ပုံလေးကို ပါးလေးကပ်ပီး ပြောနေခဲ့တယ်

Sorry ပါ ကောင်လေးရယ် ငါအရမ်းပျော်ရွှင်နေခဲ့တယ်လို့ ထင်တဲ့ နေ့တစ်နေ့က မင်းလေးသိပ်ကိုနာကျင်နေခဲ့တာ..... သိပ်ကိုဝမ်းနည်းနေခဲ့တာပေါ့........(050820)

အကြောင်းပြချက်မလိုပါဘူးခလေးငယ်....
မင်းကို ကိုယ်မြတ်နိုးတယ်....
နာကျင်ပီးရင် ဒီ့ထက်ပိုတောက်ပနေပေးပါ....
ဒိ့ထက်ပိုလင်းလတ်နေပေးပါ....
ခင်ဗျားက ကျနော်မျှော်ငေး ရာ တစ်ခုတည်းသော ရပ်ဝန်းလေးမို့....
နောက်ပီး ကျနော်ရှင်သန်ဖို့အတွက် တခုတည်းသော အကြောင်ပြချက်လေးမို့....

#su 💚.
#wyb_BAH

From Each Side of the WorldWhere stories live. Discover now