It's U💚
တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးရခြင်း အကြောင်းတွေ ရေးမယ်
လူတိုင်းမှာ ချစ်မြတ်နိုးရသူတွေထဲမှ ထူးထူးခြားခြား ပိုလျှံရတဲ့သူတစ်ယောက်ဆိုတာ သူတို့ရဲ့ဘဝတွေမှာ ရှိကြမယ်....
ကိုယ့်မှာလည်း ရှိတယ်...
ကိုယ့်ဘဝရဲ့ ချစ်ခြင်းမေတ္တာတွေထဲမှာမှ ထူးထူးခြားခြားသော မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်သော သူဟာ ခင်ဗျားပဲပေါ့
အစိမ်းရောင်လေးရယ်...
ဘယ်လိုလဲ...အကြောင်းအရာတိုင်းမှာ မင်းအမြဲရှိနေတယ်...
တကယ်တော့ ခင်ဗျားက က်ိုယ့်ရဲ့ နေ့ရက်တိုင်းကို စိုးမိုးထားသူပဲ..
ဒီနေ့တော့ ခင်ဗျားအကြောင်းတစ်သီးတစ်သန့်ကြီး
ရေးရတော့မယ်ဆိုတော့..တကယ်ကြည်နူးစရာပါပဲ
ကျနော်ဟာ ခင်ဗျားကိုမဟုတ်ပဲ တခြားသော
ကျနော်ချစ်ရသူတစ်စုံတစ်ယောက်အကြောင်း
ရေးခဲ့မယ်ဆိုရင်တောင် သူ့အကြောင်းရေးတဲ့
ကျနော့်စာတွေဖက်ပီး ထိုသူဟာ ပျော်ကောင်းပျော်နိုင်သေးရဲ့...
အခုတော့ ကျနော်ကိုယ်တိုင်မှလွဲပြီး ခင်ဗျားရော
တခြားသော မည်သူမျှ နားလည်နိုင်မည်မဟုတ်သော
ခင်ဗျား ကိုမြတ်နိုးရတဲ့အကြောင်းတွေရေးမည်ဆိုတော့...
ကျနော် ရူးသွပ်ခြင်းဟာ ဘယ်အတိုင်းတာထိရောက်သွားသည်လဲ
ကျနော်ကိုယ်တိုင်မခန့်မှန်းတတ်တော့ဘူး....
ဒါပေမဲ့လည်း..
ခင်ဗျားကို ချစ်တယ်ဆိုတဲ့... အကြောင်းပြချက်လေးတစ်ခုတည်းနဲ့...
တစ်စုံတစ်ယောက်ကို ချစ်တဲ့အကြောင်းရေးပါဆိုတဲ့
Title လေးကို ကျနော် မပျင်းမရိ ရေးဖြစ်တော့မယ်...မြတ်နိုးရခြင်းတွေကို အစချိီမယ်ဆိုရင်
မင်းက ကိုယ့်အရပ်မှာဖြစ်ပေါ်တဲ့
လှပတဲ့ သက်တန့်တစ်စင်းနဲ့တူတယ်...
ဘယ်အချိန်ငေးငေး နှစ်ခြိုက်စရာ အထူးကောင်းတယ်
မြတ်နိုးရတဲ့ မင်းကို နောက်တဖန် ခိုင်းနှိုင်း မိသေးတာက ကြယ်လေး တဲ့
မျှော်ငေးခြင်းနဲ့သာ ထိုက်တန်တဲ့ကိုယ့်ဘဝမှာ
မင်းက ကြယ်ဆန်တယ်...
" ဘဝနဲ့ချီပြီး ဝေးကွာလွန်းသလောက် မင်းအလင်းတွေ ကိုယ့်ဆီရောက်တယ် "
ဘာကိုမှ ဖက်တွယ်ထားချင်စိတ်မရှိတော့တဲ့ ကိုယ့်ဘဝမှာ
မင်းကကိုယ့်ဘဝအတွက် တခုတည်းသော ပိုင်ဆိုင်လိုခြင်းအကြောင်းတရားလေးဖြစ်နေတယ်
အားပါးတရ ရယ်လိုက်တိုင်း...
လုံးတက်သွားတဲ့ ပါးမို့မို့လေးတွေက
ကိုယ်ငေးမောမိတဲ့ နိဗ္ဗာန်ဘုံလေးတစ်ခုလိုပဲ
ခပ်ချေချေသွားလာတတ်တဲ့ မင်းကို
တကယ့်အကွာဝေးတွေက်ိုမေ့ပြီး
မင်း မမြင်တဲ့ ထောင့် တစ်နေရာကနေ
ချောင်းကြည့်ပြီး တိတ်တခိုး ကြွေရတဲ့သူလို တခါတလေ ခံစားရသေးတယ်
Screen ပေါ်က ခင်ဗျားရဲ့ အကြည့်စူးစူးတွေက်ိုကြည့်ပြီး
သဘောကျတာထက် ကြောက်စိတ်ကများပီး
ပုန်းကွယ်စရာ နေရာလိုအပ်နေတဲ့ ကျနော့်အဖြစ်ကို
ခင်ဗျားသာမြင်ရင် ရယ်မိမလားဘဲ...
ခင်ဗျား လက်ချောင်းသွယ်သွယ်လေးတွေနဲ့ တွေ့ထိလိုက်တဲ့ အရာရာတိုင်း မနာလိုဖြစ်ရတဲ့အထိ ကျနော်က ခင်ဗျားကို ချစ်တယ်
ခင်ဗျား မသိတဲ့ ဒီအရူးမလေးက အဲ့လိုရူးရပါတယ်...
ရူးတယ်လို့ ပြောကြပါစေကွာ
ခင်ဗျားကိုချစ်တာ ရူးနေတာပဲလို့ ကိုယ့်ကိုသတ်မှတ်ရင်
ကျနော်က အဲ့ဒီ့အရူးဘွဲ့ က်ိုကျေကျေနပ်နပ်ကြီး
လက်ခံပီး... ဆက်ရူးနေရအုန်းမှာပဲ...
ဘာလို့လဲ....
ကျနော်က ခင်ဗျားကိုချစ််တယ်လေ
" ကမ္ဘာမြေနှစ်ခြမ်းကွဲ မင်းရှိတဲ့အရပ်ဆီရောက်အောင်လာမယ် "
ဘယ်သူသိမလဲ...
ကျနော်လေ အဲ့သီချင်းကြားတိုင်း ခင်ဗျားကို အရမ်းသတိရတာ...
ခင်ဗျားဆီရောက်အောင်ပြေးလာချင်တယ်...
အသုံးမကျလိုက်တာအရူးမလေးရယ်လို့ ပြောချင်ပြောပါ
ဒီနေ့ထက် မနက်ဖြန်မသေချာတဲ့ ဘဝမှာ
တနေ့တော့ရောက်အောင်လာပါ့မယ်လို့တော့ ကျနော်ကတိမပေးနိုင်ဘူး....
ဒါပေမဲ့ ဒီနေ့ထက် မနက်ဖြန် ပိုချစ်သွားမှာ လို့တော့
ကျနော် ကတိကဝတ်ပြုပါတယ်....
ခင်ဗျားဆီကိုလေ.... ကျနော်က
မကြားနိုင်မှန်းသိလျက်နဲ့ စကားတွေပြောမယ်
မရောက်နိုင်မှန်းသိလျက်နဲ့ message တွေပို့မယ်
မတွေ့နိုင်မဖက်နိုင်မှန်းသိလျက်နဲ့ စာတွေရေးမယ်
ဘာမှမဟုတ်ရင်တော့....
ခင်ဗျားအတွက်စိတ်အနှောင့်ယှတ်ကင်းတယ်မဟုတ်လား....
ကျနော်ကလေ...ချစ်သော ခင်ဗျားရဲ့
စိတ်လေးငြိုငြင်ပီး နုတ်ခမ်းလေးထော်နေတာကိုမြတ်နိုးပေမဲ့
တကယ်တမ်း...ခံစားရတာကြီးက
ခင်ဗျားကို တစ်စွန်းတစ်စမှ စိတ်ညစ်ညူး မဖြစ်စေချင်တာပဲ
ခင်ဗျားကို မြင်တဲ့အချိန်တိုင်း ပြုံးပျော်နေစေချင်တာ
မင်းအကြောင်းတွေဟာ တကယ်တော့စာဖွဲ့ရေးလို့ မမှီလောက်ပါဘူး...
မြတ်နိုးရခြင်း ချစ်ခြင်း အကြောင်းတရားများပြောတဲ့အခါ...
ခင်ဗျားသိပ်ချစ်ရတဲ့ ခင်ဗျားချစ်သူ ယုန်ကြီး မသိပါစေနဲ့....
ခင်ဗျားဘဝလေး သာယာနေရင်
ကျနော့်စိတ်လေးအဆင်ပြေပီမို့
အကောင်းဆုံး ရွေးချယ်မူ့တွေနဲ့ အကောင်းဆုံး ကံကောင်းမူ့တွေနဲ့ ခင်ဗျားအနာဂတ်လေးဒီ့ထက်ပိုပီးတောတ်ပနေဖို့ပဲ
💚❤
ကျနော် တကယ်မျှော်လင့်မိပါတယ်.......💚Idolနဲ့ fan girlဆိုတဲ့ မျဥ်းပြိုင်၂ခုပေါ်က
Fan girl ဆိုတဲ့ ပြိုင်မျဥ်းတစ်ကြောင်းက ကျနော့်က
ခင်ဗျားရှိရာ အရပ်ကိုပဲ မျက်နှာမူပြီး
မဆုံနိုင်တဲ့ လမ်းဆုံးထိကိုမျှော်ငေးသွားဖို့ ဆန္ဒရှိပါတယ်....🖤ခင်ဗျားကိုချစ်တယ် 💔
#su_thet_htar
12 Dec 2020
9: 31 pm 😴💚note::fan girl life ဆိုတာ ကြေကွဲဖို့သက်သက်ကြီးပဲ မွေးဖွားလာတာ 💔
YOU ARE READING
From Each Side of the World
Poesía"ခင်ဗျားတို့ မသိတဲ့ကမ္ဘာတစ်ဖက်က စိမ်းလန်းခြင်းနဲ့ ရဲရင့်ခြင်းတွေလေ ....... "💚❤" 🦁Not Fiction Only Poem 🐰