💚My Happy Reason💚

5 0 0
                                    


လူတစ်ယောက်က ပြောဖူးတယ်
လောကမှာ လူတိုင်းက ပျော်ရွှင်မူ့ကို ရှာဖွေနေကြတာတဲ့
ကိုယ်လည်း ကိုယ့်အတွက် ပျော်ရွှင်ခြင်း အကြောင်းအရာကို ရှာဖွေရင်း
အမှတ်မထင် ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း
အကြောင်းတရားလေးကိုရှာဖွေတွေ့ရှိခဲ့တယ် ထင်တယ်

ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း အကြောင်းတရားလေးက
မင်းပဲ ပေါ့ကွယ် 💚

မင်းကို ကိုယ်က တခါတလေ ကောင်းကင်ကြီးလို့သတ်မှတ်တယ်
ဘယ်ရူ့ထောင့်ကပဲ ကြည့် ကြည့်
ကောင်းကင်ကြီးက အမြဲတည် မြဲနေတာ
ဒီလိုပဲ
ကိုယ်ငေး လိုက်တဲ့အရာရာတိုင်း မှာ
မင်းကအမြဲရှင်သန်နေလို့ ....

တခါတလေ ကိုယ်က မင်းကို
ကြယ်လေးရယ်လို့သတ်မှတ်လိုက်သေးတယ်
ကိုယ်ငေးလိုက်တဲ့ မင်းက
ကိုယ်ပျော်ရွှင်ဖို့အတွက်
ဟိုး အမြင့်တနေရာမှာ
အတောက်ပဆုံး လင်းလတ်ပေးနေလို့

ကျေးဇူးတင်တယ်...
အခုဆို မင်းက ကိုယ့်ရဲ့ အရာရာ ဖြစ်ခဲ့ပီ ​ဖြစ်တဲ့အတွက်
ကိုယ် မင်းကို တကယ်ကျေးဇူးတင်ပါတယ် 💚

#su (19/Dec/2020)

From Each Side of the WorldWhere stories live. Discover now