To my Dear💚
ချစ်သောရေ....
လောကကြီးက
နာကျင်ပင်ပန်းစရာတွေနဲ့ချည်းပြည့်နေတာကြီးပဲ...
ဒါကိုချစ်သောလည်း လူသားတစ်ယောက်ပေမို့ နားလည်တယ်မဟုတ်လား
ကျနော်တို့ သက်ရှိတွေမှာ အသွေးအသားအသက်ခန္ဓာနဲ့တည်ဆောက်ထားတာမို့
ခံရည်အင်အားဆိုတာကလည်း
အတိုင်းတာတစ်ခုလောက်ထိပဲ ရှိနိုင်ကြတယ်...
"ခံနိုင်ရည် မရှိတော့တဲ့ တနေ့ အရာအားလုံးကိုလွှတ်ချပီး ကျနော်ထွက်သွားတော့မှာဖြစ်ကြောင်းကိုလည်း ကျနော်စိတ်တွေ စိတ်တွေကျတိုင်း အမြဲတမ်းငြီးတွားခဲ့ဖူးတယ်.. "ချစ်သောရေ..
သေချာစဉ်းစားကြည့်ပြန်တော့
၃၁ဘုံမှာ ဘယ်သက်ရှိသတ္တဝါမျိုးတွေက
ဒုက္ခတွေ ကင်းဝေးကြပါသလဲ......
ကျနော် အရူံးပေးလိုက်ရင် အောင်ပွဲခံကျန်ခဲ့မဲ့သူမရှိသလို
ကျနော့်အရူံးကိုလည်း ငိုကြွေးပေးရုံမှအပ နှစ်သိမ့်အားပေးမူ့တွေတောင်
ကျနော် ကြားသိနိုင်မှာမဟုတ်တော့ဘူးလေ...
ဒါ့ကြောင့် တခါတခါ ကျနော် အားတင်းထားရတယ်...ချစ်သောရေ......
ကျနော့်စိတ်ပျော်ရွှင်ရခြင်း ဆိုတဲ့ အဓိကအကြောင်းအရင်းက
ခင်ဗျားဆိုတာကိုတော့ ယုံကြည်ပေးမယ်မလား
ယုံကြည်ပေးပါ...
" ကျနော့်ရဲ့ ရှင်သန်ခြင်း ဆိုတာက
ခင်ဗျားဆိုတဲ့ ဖြစ်တည်မူ့လေးပေါ်မှာမှီခိုနေတာမို့ "တကယ်ပါ..
လောကဒဏ်တွေကြောက်လို့သွေးကြောင်ပြီး
ထွက်ပြေးမယ်လုပ်တိုင်း
"ချစ်သော ကြောင့် ပြန်ဆောက်တည်ရတယ်.."ကိုယ်ပိုင်ဆိုင်တဲ့ ချစ်ခြင်းတရားတွေဆန်းစစ်ကြည့် တဲ့အခါ
မိဘ၂ပါးရဲ့ ချစ်ခြင်းမေတ္တာတွေအပြင်
"ကျနော်ပိုင်ဆိုင်ထားသော ဆိုင်သူမသိသော "ဆိုတဲ့
ခေါင်းစဥ်အောက်က ခင်ဗျားကိုချစ်တဲ့ ချစ်ခြင်းတရားလေး တစ်ခု ထပ်တွေ့လိုက်တော့
ကျနော့်မှာလေ နာကျင်ခြင်းတွေကြားထဲက တိတ်တဆိတ်လေးပြုံးမိသေးတယ်......ချစ်သောသိလား...
"ခဗျားရဲ့ အမည်နာမလေးတစ်ခုကို ကြားရုံ မြင်ရုံ ခံစားရုံ စိတ်ကူးနဲ့တွေးမိရုံလောက်နဲ့တင်...
ကျနော်စိတ်တွေလန်းဆန်းသွားရတာ....
ခွန်အားတွေရှိလာသလိုခံစားလာရတာ...
ပင်ပန်းမူ့တွေပြေလျော့ရတာ "
ဟုတ်တယ်
အမည်နာမလေးတစ်ခုနဲ့တင်
ကျနော့်အပေါ်မှာ ခင်ဗျားက အဲ့လိုလွှမ်းမိုးနိုင်တာ....
အခုဆို နပေူတကာအစ မိုးရှာတာကအဆုံး
မင်းအမည်နာမလေးကို ခပ်ဖွဖွရွတ်ရင်း ပြောပြတတ်နေပီ
YOU ARE READING
From Each Side of the World
Poesía"ခင်ဗျားတို့ မသိတဲ့ကမ္ဘာတစ်ဖက်က စိမ်းလန်းခြင်းနဲ့ ရဲရင့်ခြင်းတွေလေ ....... "💚❤" 🦁Not Fiction Only Poem 🐰