Chapter (2)

421 44 15
                                    

ZAWGYI

* ကျွန်တော့်ရဲ့ ချစ်ခြင်းက ခိုနားချင်စရာ ပါးချိုင့်လေးတွေကို လှမ်းမြင်မိလိုက်ယုံနဲ့ အစပျိုးခဲ့တယ် *

~~~~~~~~~~~~~~~

၂၀၁၉ ခုနှစ်ရဲ့ ပူပြင်းလှတဲ့ နွေရက်တစ်ရက် ~

ဘန်ကောက်မြို့ရဲ့ လမ်းတွေပေါ်မှာ ပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့ ယာဉ်ကြီးယာဉ်ငယ် အသွယ်သွယ်ကြား စက်ဘီးစီးရင်း သီချင်းညည်းနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရှိတယ်

ရှုပ်ယှက်ခတ်နေတဲ့ ဒီပတ်ဝန်းကျင်ကို စိတ်ထဲထည့်မထားဘဲ သူ့ပုံစံက ပေါ့ပေါ့ပါးပါးနဲ့ အပူအပင်ကင်းလွန်းတယ်

လျော့တိလျော့ရဲ Necktie ရယ် .. တံတောင်ကွေးထိ ခေါက်တင်ထားတဲ့ ရှပ်အဖြူရယ် .. Headphone လေးတစ်ခုရယ်

Repeat လုပ်ပြီး နားထောင်နေကျ သီချင်းလေးတစ်ပုဒ်ရယ်

သူ့ရဲ့ကျောင်းပြန်ချိန်တိုင်းဟာ အမြဲ ဒီတိုင်းလေးပဲ

ထပ်တလဲလဲလုပ်ရမယ့် အရာတိုင်းကို သိပ်မနှစ်သက်ပေမယ့် သူ့ရဲ့ ဒီပုံစံလေးကိုတော့ တကယ်သဘောကျတယ်

အမှီအခိုကင်းကင်းနဲ့ ရှင်သန်ရတာ ဘယ်လောက်အဓိပ္ပာယ်ရှိလဲ

..

နွေရာသီဖြစ်တာကြောင့် ဒီရက်ပိုင်း ကျောင်းပြန်ချိန်တွေဆို အဆောင်မရောက်ခင် ကြားကာလတစ်ခုမှာ Jimmy ရေဆာသလိုလို ခပ်အေးအေး အစားအစာတစ်ခုခု စားလိုက်ချင်သလိုလို ခံစားချက်ဖြစ်နေတတ်တယ်

လွန်ခဲ့တဲ့တစ်ပတ်က ဒီလမ်းထဲကို Ice Cream Car လေးတစ်စီး ရောက်လာတယ် .. ပေါင်မုန့်တုံးပုံစံ ကားလုံးလုံးလေးရှေ့မှာ လူတွေစုရုံးစုရုံးနဲ့မို့ စူးစမ်းကြည့်ရင်း သတိထားမိသွားခဲ့တာ

သံပုရာအရသာ ရေခဲမုန့်လုံးလေးတစ်လုံး အစမ်းဝယ်စားကြည့်တော့ ဒီအရသာက Jimmy ငယ်ငယ်တုန်းက Rayong မှာ စားခဲ့ဖူးတဲ့ အရသာနဲ့ ထပ်တူပဲ

ဆိုင်ရှင်ဦးလေးကြီးရဲ့ ဖော်ရွေမှုကြောင့်ရယ် အဆောင်ပြန်တဲ့လမ်းနဲ့ အလျဉ်းသင့်နေတာရယ်ကြောင့် Jimmy နေ့စဉ်ကျောင်းဆင်းချိန်တိုင်း ဒီဆိုင်လေးမှာ ရေခဲမုန့် ဝင်ဝယ်စားဖြစ်တယ်

❄️ ခင်ဗျားရှိရာဆီ 🌠Where stories live. Discover now