Chapter (6)

362 28 22
                                    

ZAWGYI

* အတူတူဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေကို လက်ချိုးရေတွက်ကြည့်တဲ့အခါ ကိုယ်နဲ့မင်းကြားက အဖြစ်အပျက်တချို့က ကိုယ်သတိမထားမိခင်မှာပဲ နောက်တစ်ခါ ပြန်မရနိုင်တော့တဲ့ အမှတ်တရတွေ ဖြစ်နေနှင့်ခဲ့ပြီ *

••••••••••••••••

“ Happy New Year ”

Rama VIII တံတားတစ်စင်းလုံး ပြည့်နှက်နေတဲ့ လူတွေဆီက မီးရှူးမီးပန်းတွေ ဖွာခနဲ လွင့်စင်ထွက်သွားသလို Chao Phraya မြစ်တစ်ခုလုံးလည်း နှစ်သစ်ကိုကြိုဆိုတဲ့ အသံတွေနဲ့ လွှမ်းသွားတယ်

“ ၂၀၂၀ ရောက်ပြီ P' Tom ”

အနားတိုးကပ်ပြောလာတဲ့ အသံသြရှရှလေးကြောင့် မော့ကြည့်မိတော့ Karn က မျက်စိမှိတ်ပြတယ်

“ အင်း နှစ်သစ်မှာ ပျော်ရွှင်ပါစေ Karn ”

“ ပျော်ရွှင်နေပြီးပါပြီ P' ကျွန်တော့်နားမှာ ၂၀၁၉ ကတည်းက ရှိနေခဲ့တာပဲလေ ”

သူနဲ့ Tommy တွေ့တာ ခုမှ ၁၅ ရက်လေးပဲ ရှိသေးတာကို ၂၀၁၉ တစ်နှစ်လုံးစာတောင် သတ်မှတ်ဖို့ လုပ်နေသေးတယ်

Karn က တစ်ခါတစ်ခါ ဘာလေးမှန်းမသိ

“ လူတိုးရမယ်ထင်တယ် ”

Tommy လက်ဖဝါးကို ထွေးဆုပ်ပြီး Karn က ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်တယ် .. နှစ်သစ်ကူးညဖြစ်တာကြောင့် လူတော်တော်များများက ဒီတံတားပေါ်မှာ ဆက်နေရင်း အပျော်တွေဆက်ဖို့ စိတ်ကူးထားကြတယ် .. Tommy တို့ တံတားအပြင်ပြန်ရောက်ဖို့ဆို လူတသီတတန်းကြီးကြား တိုးခွေ့ပြန်ရမှာ

“ လာတုန်းက လူသိပ်မရှိဘဲနဲ့ တံတားတော့ ကျိုးတော့မှာပဲ ”

ခေါင်းတယမ်းယမ်းနဲ့ ငြီးငြူနေတဲ့ Karn ကိုကြည့်ပြီး Tommy မှာ ရယ်ရမလို ငိုရမလို

“ ကျွန်တော့်လက်ကို မလွှတ်ဘူးလို့ ကတိပေး ”

ချက်ချင်း ထပ်ဆုပ်ကိုင်ထားတဲ့လက်ကနေ လက်ချောင်းချင်း ယှက်ပြီး မြဲမြံတဲ့ အနေအထားကို ကူးပြောင်းသွားတယ်

“ ကျွန်တော် ခြေလှမ်းအကျယ်ကြီး မလှမ်းမှာမို့ လမ်းမပျောက်စေနဲ့နော် ”

❄️ ခင်ဗျားရှိရာဆီ 🌠Where stories live. Discover now