Chapter (7)

308 29 11
                                    

ည ၁၁ နာရီလောက်ကြီး ဖုန်းမြည်သံကြောင့် ငွေတွက်ဖို့ တံတွေးစွတ်နေတဲ့ Tommy လက်လေး တုန်ခနဲဖြစ်သွားတယ်

ဒီအချိန်ကြီး အော်ဒါမှာရအောင်လည်း Tommy ဆိုင်က ၉ နာရီဆို ပိတ်နေကျ

ပိုက်ဆံလေးတွေကို ခေါင်းအုံးပေါ်အသာတင်ပြီး ဖုန်းအားသွင်းထားတဲ့နားဆီ အပြေးသွားကြည့်လိုက်တော့

📲 ပဲပင်ပေါက်တို့ဖူးတုံးလေးကမ်းကမ်း

ဟောဗျာ ညကြီးမင်းကြီး ဒီကလေး

ဖုန်းကိုင်ပြီး ဟယ်လိုတောင် မပြောရသေးခင်မှာပဲ ~~

“ ကိုကို့ ~~~~ !! ”

အသံသြသြနဲ့ ချွဲတဲ့ သံရှည်ဆွဲလကာင်္လေးက တစ်ဖက်က ပျံ့လွှင့်လာခဲ့တယ်

“ အွန်း Karn ~ ”

“ အိပ်နေပြီလား စိတ်အနှောင့်အယှက် ဖြစ်သွားလားဟင် ”

“ မဖြစ်ပါဘူး ပိုက်ဆံတွက်နေတာ ”

“ ကျွန်တော်လေ .. နည်းနည်းအထီးကျန်နေလို့ ”

တဟွားဟွားနဲ့ သက်ပြင်းချသံက သိပ်မကျယ်လောင်ပေမယ့် ရှင်းရှင်းလင်းလင်း ကြားနေရတယ်

“ အဲ့ဒီတော့ ကိုယ်နဲ့ ဖုန်းပြောချင်လို့လား ”

“ ခဏလောက် ဝရံတာဖက် ထွက်လာပေးပါလားဟင် ”

“ ဝရံတာ ကိုယ့်ဝရံတာလား 😮 ”

“ အင်း ကိုကို့အခန်းက ဝရံတာ ”

ခဏ ..

မဟုတ်မှလွဲရော ~~~

အခန်းတံခါးကို ဝုန်းခနဲဆွဲဖွင့်ပြီး ဝရံတာကိုပြေးထွက် တိုက်ခန်းအောက်ကို ငုံ့ကြည့်လိုက်တော့ စက်ဘီးကို မှီရပ်ရင်း မော့ကြည့်နေတဲ့ ကောင်လေးနဲ့ အကြည့်ချင်းဆုံတယ်

“ Karn .. ဘာလို့ လာခဲ့တာလဲ ”

Tommy တအံ့တသြမေးတော့ သူ့လည်ပင်းသူ အသာပွတ်ပြီး ~

“ အထီးကျန်နေလို့လို့ ပြောသားပဲ .. ရပြီ ပြန်ဝင်တော့ .. အိပ်မပျော်တာနဲ့ အရဲစွန့်ပြီး ဖုန်းခေါ်ကြည့်တာ .. ပိုက်ဆံဆက်တွက်တော့နော် ကျွန်တော်ပြန်တော့မယ် ”

“ Karn ခဏ ဖုန်းမချနဲ့ဦးနော် ကိုင်ထားဦး ပြီးတော့ တစ်လှမ်းမှ မရွေ့နဲ့ ”

❄️ ခင်ဗျားရှိရာဆီ 🌠Where stories live. Discover now