Chapter (5)

344 33 35
                                    

Zawgyi

တစ်ရက် ~~

Meteor Shower ကော်ဖီဆိုင်လေး ဒီနေ့ပိတ်တယ် .. ဘာလို့ဆို အဲ့ဆိုင်ပိုင်ရှင်လေးကိုက မနက်လင်းကတည်းက လက်လက်ထနေလို့ 🤦

ok စရအောင် ~~

စောစောစီးစီး Jimmy မနိုးသေးခင်တည်းက အဆောင်ကို ရောက်ချလာပြီး Jimmy သူ့ကိုပေးထားတဲ့ သော့အပိုနဲ့ဖွင့်ဝင်လာတယ် .. ပြီးတော့ Jimmy စားဖို့အတွက် တကုပ်ကုပ်နဲ့ မနက်စာပြင်ပေးနေလေရဲ့

Jimmy လည်း တဝါးဝါးသန်းရင်း နိုးလာရော ပူတင်းပူပူရဲ့ အနံ့သင်းသင်းလေးက နှာဖျားဝကို လာကျီစယ်တော့တယ်

ပြတင်းပေါက်ဘေးက ဆိုဖာပေါ်မှာ လုံးလုံးလေးထိုင်ပြီး ဂိမ်းဆော့နေတဲ့ သူ့ကိုမြင်တော့မှ သူရောက်နေမှန်း သတိထားမိတာ

ဘယ်အချိန်လာလာ လာလို့ရတယ်လို့ ပြောထားပေမယ့် အိပ်ရာထစအချိန်တော့ မဟုတ်ဘူးလေ

ရှုပ်ပွပွဆံပင်တွေရယ် မပွင့်တပွင့် မျက်လုံးတွေရယ်နဲ့ .. တစ်ညလုံးအိပ်ထားတော့ အနံ့အသက်တချို့ မကောင်းမှာလည်း စိုးရိမ်တယ် .. အဲ့ဒီပုံစံမျိုးကြီးနဲ့တော့ တကယ်မမြင်စေချင်မိတာ အမှန်ပဲရယ်

ရှက်ပေမယ့်လည်း ဘယ်တတ်နိုင်မှာလဲ .. သူရောက်တာကြာပြီ လို့ပြောလာကတည်းက ကုတင်ပေါ်မှာ ပြောင်းပြန်ကြီး ဖြဲကားအိပ်နေတဲ့ Jimmy ကို မှတ်ဉာဏ်ထဲ စွဲထင်နေအောင် အလွတ်ရလုနီးပါး မြင်ပြီးသွားလောက်ပြီ

ကုတင်ပေါ်က ဝရုန်းသုန်းကားဆင်းပြေးပြီး ရေချိုးခန်းထဲ ပြေးဝင်တော့ နောက်ကလှမ်းအော်တယ်

“ ရေမြန်မြန်ချိုးခဲ့ .. နွားနို့ပြန်နွှေးပေးထားမယ် ”

တဲ့ ~

ပြီးတော့ တခစ်ခစ်နဲ့ ကြိတ်ရယ်နေတော့တာ

လုပ်ထားဦးပေါ့ .. နောက်ကျမှ သူ့အခန်းရှေ့ သူအိပ်ယာထစ အချိန်ကို အရောက်သွားပြီး အိပ်မှုံစုံမွှားနဲ့ တံခါးလာဖွင့်မယ့် ပုံစံလေးကို အကျယ်ကြီး အော်ဟားပစ်မယ်

.....

.....

မနက်စာအတူတူစားကြရင်းနဲ့မှ သူရောက်လာတဲ့ အကြောင်းရင်းကို သိရတော့တယ် .. တခြားသူတွေနဲ့ Jimmy ချိန်းထားတာရှိမှာစိုးလို့ မသွားဖို့ လာတားတာတဲ့

❄️ ခင်ဗျားရှိရာဆီ 🌠Where stories live. Discover now