ZAWGYI
နေ့တစ်နေ့ကို အဲ့ကောင်လေးနဲ့စပြီး အဲ့ကောင်လေးနဲ့ ဆုံးချင်တယ်
ဒါက အချစ်ဆို ဟုတ်ကဲ့ ကျွန်တော်လက်ခံပါတယ်
><><><><><><><
ဒီည ကြယ်စုံတယ် ~
အိမ်ရှေ့မြက်ခင်းစိမ်းမှာ ချထားတဲ့ ကြိမ်ခုံလေးပေါ် ကုပ်လုံးလုံးလေး ကျုံ့ထိုင်ရင်း ဘာရယ်မဟုတ် ကောင်းကင်ကြီးကို မော့ငေးနေမိတယ်
အိပ်ရာပေါ်မှာ လိမ့်နေရင်း ရုတ်တရက်ကြီး Karn က အတွေးထဲ ရောက်လာလို့ စိတ်ပြေလက်ပျောက် လာထိုင်နေတာဆို ပိုမှန်မလားပဲ
အနေဝေးသွားတဲ့ အချိန်မှာမှ Karn အပေါ် Tommy ဘယ်လောက်တောင် စိတ်ယိုင်နေပြီမှန်း သိလိုက်ရတဲ့အဖြစ်
ကိုကို တဲ့ ~
စကြားကြားချင်းမှာ ပုံမှန်ဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်း အဲ့နာမ်စားလေး Karn နှုတ်ဖျားက ထွက်လာတိုင်း လူက တွင်းတူးပြီး ပုန်းချင်မိသလိုလို အငွေ့ပျံပျောက်ဆုံးချင်သလိုလိုနဲ့ ခြေလက်တွေ အလိုလို အေးစက်ကုန်တော့တာ
ဝန်မခံချင်လို့ပါ .. တကယ်ဆို သူ Karn ကို ဘယ်လောက်တောင်မှ လွမ်းနေလိုက်သလဲ
“ Sitti ~ ”
ခေါ်သံကြားလို့ ကပျာကယာ လှည့်ကြည့်လိုက်တော့ သူရှိရာ တရွေ့ရွေ့လျှောက်လာတဲ့ ဘဘ
အပြေးသွားကူတွဲပေးရင်း Tommy ဘေးနားက ခုံမှာ နေရာချပေးလိုက်တော့ ..
“ အိပ်မပျော်ဘူးလား ဒီမှာ တစ်ယောက်တည်းထိုင်နေတာ ”
“ ဒီတိုင်း ကောင်းကင်ကြီးကို မကြည့်ရတာ ကြာလို့ပါ .. ကြယ်တွေလည်းစုံနေတော့ မအိပ်ချင်သေးတာနဲ့ ”
“ အင်း ဟုတ်သားပဲ ဒီညတော်တော်လှနေတာ ”
ကောင်းကင်ကို မော့ကြည့်ပြီး ဘဘက ထောက်ခံတော့ Tommy အသက်ခိုးရှူလိုက်ရတယ် .. သူ့တူက ကလေးကလားနဲ့ လွမ်းနာကျပြီး လာထိုင်နေတာကိုများ သိသွားရင် ဘဘက ဗိုက်တနှိပ်နှိပ်နဲ့ အော်ရယ်လောက်မှာ
“ လူတွေက အလွမ်းဓာတ်ခံများတဲ့အချိန် ကောင်းကင်ကြီးကို အကြောင်းရင်းမရှိ ငေးကြည့်တတ်ကြတယ်တဲ့ .. ဖိုးလမင်းဆီ အမှာစကားပါးမိတာမျိုး စိတ်ကူးယဉ်ဆန်တဲ့ အပြုအမူတွေတောင် လုပ်လေ့ရှိကြတယ် ”
YOU ARE READING
❄️ ခင်ဗျားရှိရာဆီ 🌠
Short Storyပုံပြင်က ရိုးရိုးလေးပါပဲ .. စောင့်ဆိုင်းခြင်းနဲ့ စတင်ခဲ့သည်ပေါ့ ပုံပြင်က ရိုးရိုးလေးပါပဲ .. စောင့်ဆိုင်းခြင်းနဲ့ စတင်ခဲ့သည်ပေါ့