ZAWGYI
စာလေးတစ်စောင်တည်းနဲ့ ခင်ဗျား ကျွန်တော့်ကို ဟော့ဒီလူ့လောကကြီးအလယ်မှာ ပစ်စလက်ခတ် ထားပစ်ရက်ခဲ့လိုက် Sittichok ~~
......
မချစ်တဲ့သူက အေးဆေးနေနိုင်ပေမယ့် ချစ်ရတဲ့သူကတော့ အချစ်ဖျားတက်ပြီး လွမ်းနာကျနေတယ်
“ Moimoi က ဘာဖြစ်တာလဲ မေမေ ”
ထမင်းတစ်ဇွန်းကို တစ်မိနစ်နှုန်းဝါးနေတဲ့ Jimmy ကိုကြည့်ပြီး P' Jo က ကောက်ခါငင်ခါ ထမေးတော့ မေမေက နှုတ်ခမ်းကို လက်ညိုးကပ်ပြီး တိတ်တိတ်နေဖို့ သတိပေးတယ်
အနေအေးတဲ့ P' Ju ကတောင် Jimmy ကို မျက်တောင်မခတ်တမ်း စူးစမ်းကြည့်နေသေးတာ
“ သူကြိုက်တဲ့ငါးဟင်း မပါလို့နေမှာပေါ့ကွာ .. Jimmoi ~ ”
ထမင်းစားပွဲထိပ်မှာထိုင်နေတဲ့ ဖေဖေက ရုတ်တရက်ဝင်ဖြေလာပြီး သူ့ကိုလှမ်းခေါ်တယ်
“ ဟုတ် ”
“ စားတဲ့အချိန် တစ်ခုခုတွေးနေတာမျိုးက ထမင်းအပေါ် လေးစားမှုမရှိတာပဲလို့ ဖေဖေမပြောဖူးဘူးလား ”
“ ပြောဖူးပါတယ် ”
“ တို့တိတို့တိလုပ်မနေနဲ့ .. စားစရာရှိတာစား .. ကျောင်းအားရက်ပြန်လာတာကို ကလေးပီပီ တက်တက်ကြွကြွမရှိဘူး .. ညနေ ကြက်တူရွေးသွားကြည့်မှာ ဖေဖေနဲ့လိုက်ခဲ့ ”
“ ဟုတ်ကဲ့ ဖေဖေ ”
အနည်းဆုံးတော့ လုပ်စရာတစ်ခုခုရှိနေရင် အဲ့ထဲအာရုံနှစ်ပြီး ခဏလောက်မေ့ပျောက်နိုင်ကောင်းရဲ့လေ
Line ကနေ စာပို့လည်း seen မပြဘူး .. မနေနိုင်လို့ ဖုန်းခေါ်ကြည့်တော့လည်း စက်ပိတ်ထားတယ် .. အဆက်အသွယ်ပြတ်သွားတာလား အဆက်အသွယ်ဖြတ်သွားတာလား မသေချာတော့ ဒီကလူက စောင့်နေယုံပဲ တတ်နိုင်တော့တယ်
မြန်မြန်ဆက်သွယ်ပါ Sittichok ~
ခင်ဗျား ကျွန်တော့်ကို သနားသောအားဖြင့်ပေါ့
><><><><><><><
“ အခန်းထဲမှာ ဒေါက်တာနဲ့ ဆေးထိုးနေတယ် သား ”
ခရီးဆောင်အိတ်လေး ဘေးမှာချပြီး မေမေ့ကို တင်းနေအောင် ပွေ့ဖက်လိုက်တယ်
YOU ARE READING
❄️ ခင်ဗျားရှိရာဆီ 🌠
Short Storyပုံပြင်က ရိုးရိုးလေးပါပဲ .. စောင့်ဆိုင်းခြင်းနဲ့ စတင်ခဲ့သည်ပေါ့ ပုံပြင်က ရိုးရိုးလေးပါပဲ .. စောင့်ဆိုင်းခြင်းနဲ့ စတင်ခဲ့သည်ပေါ့