✖️Start of the Beginning✖️

220 8 2
                                    

ကမ္ဘာပေါ်မှာ အိပ်စက်လို့ အကောင်းဆုံးနေရာက
ဘာလဲ သိကြလား ???
တခြားလူတွေ အတွက်တော့ မသိပေမယ့်
ကျွန်တော့်အတွက်တော့ အိပ်လို့အကောင်းဆုံးနေရာက
ကို့ရဲ့ ပခုံး ...... မဟုတ်သေးဘူး
နူးညံ့အိစက်နေတဲ့ ကို့ရဲ့ ပေါင်လုံးလေး
ဟင့်အင်း ကို့ရဲ့ လက်မောင်းအိအိလေး
တကယ်တော့ ကိုပဲ ဖြစ်မှာပါ ကိုသာလျှင် ကျွန်တော့်ရဲ့ အိပ်ရာပဲ ..... လာတော့မငှားနဲ့နော် အဲ့ဒါ ကျွန်တော် တစ်ဦးတည်း အပိုင် 😈

ဆူညံ ကြပ်ပိတ်နေတဲ့ အခန်းထဲက ထွက်လာပြီးတဲ့နောက်မှာတော့ ... ကျွန်တော်တို့ Club ရှေ့က လူမရှိတဲ့ ခုံတန်းရှည်လေးမှာ ထိုင်နေလိုက်ကြတယ် ... အစကတော့ ကို့ရဲ့ ပခုံးပေါ်မှာ မှီပြီး အိပ်နေတာကို ... ကိုက လှဲအိပ်ခိုင်းတော့ အဲ့ခုံတန်းလေးပေါ်မှာပဲ လှဲပြီး ကို့ပေါင်လုံးလေးကို ခေါင်းအုံးထားလိုက်တယ် ... အိမ်က ကျွန်တော့်ရဲ့ အိပ်ရာထက်တောင် အိပ်လို့ ကောင်းနေသေးတယ်ဗျာ ... ရုတ်တရက် ကျွန်တော့်ရဲ့ နဖူးပြင်ကို နူးညံ့နွေးထွေးတဲ့ အနမ်းလေးတစ်ခု ကျဆင်းလာတယ် ... လူတစ်ကိုယ်လုံး ကြက်သီးတွေပါ ထပြီး တုန်ချင်သွားတယ် ... မနက်တည်းက ကျွန်တော် အရမ်းလိုချင်နေတာလေး ခုတော့ ရခဲ့ပြီပေါ့ ...

ကျွန်တော့်ရဲ့ ပေါင်ပေါ်မှာ အပြစ်ကင်းစင်စွာ အိပ်စက်နေတဲ့ Zakk ကို ကြည့်ပြီး နမ်းချင်စိတ်တွေ ပေါက်လာတာမို့ နမ်းချလိုက်တယ် ... သူ အိပ်ပျော်နေတာဆိုတော့ မသိလောက်ပါဘူး ... Club အပြင်မှာ ထိုင်နားနေကြတဲ့ လူတွေရော Toilet လာကြတဲ့ လူတွေရောက ကျွန်တော်တို့ ၂ယောက်ကို ဝိုင်းကြည့်နေကြတယ် ...
ဒါပေမယ့် သူတို့ အဲ့လို ကြည့်နေတာကိုပဲ ကျွန်တော်က ခေါင်းကိုမော့ ရင်ကိုကော့ပြီး ဂုဏ်ယူနေမိတာ ...

၂နာရီထိုးတော့မှ Ara တို့ ၃ယောက် ထွက်လာကြတာမို့ ကျွန်တော် လှမ်းမေးလိုက်တယ် ...
"ဘယ်လိုလဲ ပြန်ကြတော့မလား "

"အင်း ... ပြန်မယ်လေ ပင်ပန်းနေပြီ club လဲ ပိတ်တော့မှာ "

"Ok ... Zakk! .. Zakk! ထတော့ ပြန်ကြရအောင် "

"အင် ... အင်း သွားမယ်လေ" အိပ်ချင်စိတ် မပြေသေးတာမို့ နှေးကွေးလေးလံစွာ လိုက်ပါလာတဲ့ ကျွန်တော့်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကိုက ဦးဆောင်ခေါ်သွားပေးတယ် .....

One Sided Love { COMPLETED }Wo Geschichten leben. Entdecke jetzt