Love at First Sight

240 18 0
                                    

           ကျွန်တော့်နာမည်က Arata ... ရန်ကုန်ပညာရေးတက္ကသိုလ်ရဲ့ ပထမနှစ်ကျောင်းသားတစ်ယောက် ... ဒီကျောင်းကို စမတက်ခင်တုန်းကတော့ လုံး၀တက်ချင်စိတ်မရှိပေမယ့် ကိုယ်တိုင်က သေချာမကြိုးစားခဲ့မိလို့ ဆေးမှတ် ရေကြောင်းမှတ် ဘာဆိုဘာမှ မမီခဲ့လို့ရယ် အိမ်ကလဲ ကိုယ်ပိုင်ကျောင်းအတွက် ဦးစီးဖို့ လူရပြီဆိုပြီး ကျွန်တော့်ကို ဒီကျောင်းကို ပို့ပေးခဲ့တာ အကိုကတော့ ဆေးကျောင်းတက်နေရပြီး ကျွန်တော့်ကောင်မလေးကလဲ မန်းလေးဆေးကျောင်းမှာ တက်နေတာဆိုတော့ အတူတက်ချင်ကြတာပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ ... သူလဲ နောက်နှစ်တော့ ရန်ကုန်ကို ပြောင်းလာပေးပါ့မယ်တဲ့ ကျွန်တော်ကတော့ စစ်ကိုင်းကို မပြောင်းချင်ဘူး စစ်ကိုင်းကျောင်းက နေချင်စရာကောင်းပေမယ့် တောင်ရိုးပေါ်လိုဖြစ်နေတော့ ရန်ကုန်လို မြို့လယ်ခေါင်မဟုတ်ပဲ တောကျတယ်

            ဒီတက္ကသိုလ်က နယ်ကလူတွေများတော့ တောဆန်ကြမယ် ထင်တာ ပထမဆုံး ကျောင်း၀န်းထဲ ခြေချတဲ့နေ့မှာပဲ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲမှန်း သိလိုက်တယ် အားပါးပါး ... အမကြီးတွေ အကုန် ချစ်စရာလေးတွေ သနပ်ခါးပါးကွက်ကျားလေးတွေနဲ့ တစ်မျိုးလှသလို မိတ်ကပ်လိမ်းထားတဲ့ အမတွေကလဲ ခေတ်ဆန်ဆန်နဲ့ လှနေတာပဲ ... ကျွန်တော်တို့ ပထမနှစ်တွေသာ အူကြောင်ကြောင် ရုပ်တွေ တစ်ယောက်မှ ကြည့်မရဘူး ...

             သြော် ဒါနဲ့ အဆောင်မှာ ရောက်ရောက်ချင်း ခင်မိသွားတဲ့ အကိုတစ်ယောက်ရှိတယ် သူ့နာမည်က Zera တဲ့ ကျွန်တော့်ကို တစ်ခါတလေ Ara လို့ ခေါ်ပြီး တစ်ခါတလေတော့ ချစ် တဲ့ ... အကို အဲ့လိုခေါ်တာ အဆောင်မှာ ကျွန်တော်အပါအ၀င် ၃ယောက်တော့ရှိတယ် ထပ်ရှိရင်လဲ ရှိဦးမှာပေါ့ သူခေါ်တာက မိန်းကလေး သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် ခေါ်နေကြသလိုပဲ ပေါ့ပေါ့ပါးပါးလေး ..... ဒါပေမယ့်လဲ ကျောင်းမှာက gay တွေများတာဆိုတော့ လူကြားထဲတော့ မခေါ်နဲ့လို့ ပြောထားရတယ် အကို့ကြည့်ရတာ နည်းနည်းနွဲ့ပေမယ့် gay တော့မဟုတ်လောက်ပါဘူး

ဖုန်း !!!!! "အား ပါး ပါး "

"ဟယ် ... sorry sorry !!! Sorry နော် တကယ်တောင်းပန်ပါတယ် နာသွားလား "

One Sided Love { COMPLETED }Tempat cerita menjadi hidup. Temukan sekarang