The End of Termination

125 5 0
                                    

ပျောက်သောသူ ရှာရင်တွေ့
သေသောသူ ကြာရင်မေ့တဲ့
ကျွန်တော့်အတွက်တော့ သူက
ပျောက်သောသူလဲ မဟုတ်သလို
သေသောသူလဲ မမည်တာမို့
ရှာလို့လဲ မတွေ့သလို မေ့ဖို့လဲ မဖြစ်နိုင်ပါ ................
±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±

မွေးနေ့ပွဲနီးလာပြီမို့ ထုံးစံအတိုင်း Party ကျင်းပဖို့ ဆိုင်နေရာ လိုက်ရှာရပြန်တယ် ... ဒီနှစ်ကတော့ မွေးနေ့ပွဲတော့ တစ်ခါမှ မကျင်းပခဲ့ဖူးပေးမယ့်လို့ ထိုင်နေကျဆိုင်လေးက April 12 (ကျွန်တော့်မွေးနေ့)မှာ ၃နှစ်ပြည့်တာမို့ အထိမ်းအမှတ်အနေနဲ့ အဲ့နေ့မွေးတဲ့သူ ၃ယောက်ကို မဲနှိုက်ပြီး Free Party ကျင်းပခွင့်ပေးမှာဆိုလို့ ကျွန်တော်တောင် ကံစမ်းထားသေးတယ် ... ဆိုင်လေးက ဖွင့်ကာစကတော့ Café ဆန်ဆန်လေးပေမယ့် နောက်ပိုင်း Poolside bar ပုံစံ ပြောင်းဖွင့်လိုက်တော့ ကျွန်တော့် အကြိုက်ဖြစ်သွားတာပေါ့ ...

အဟွတ် !!   အဟွတ် !!
Party လုပ်ဖို့ သင့်တော်တဲ့ ဆိုင်လေးတွေ လိုက်ရှာရင်း  ဆေးလိပ်ရှိုက်လိုက်မိတော့ ရုတ်တရက်မို့ သီးသွားတာကနေ ချောင်းဆိုး မရပ်တော့ ...Ara မင်္ဂလာဆောင် မတိုင်ခင်တည်းက ချောင်းက အစပြုဆိုးလိုက် ဆေးသောက်ရင် ငြိမ်သွားလိုက် ဆေးလိပ်ပြန်သောက်ရင် ပြန်ဆိုးလိုက်နဲ့ သံသရာလည်နေခဲ့တာ ... ဆရာ၀န်က ဆေးလိပ်ဖြတ်ဖို့ ပြောပေမယ့်လဲ ကျွန်တော့်မှာ အဖော်ပြုစရာဆိုလို့ ဆေးလိပ်ပဲရှိတာရယ် ... ကို့ကို သတိရရင် ဆေးလိပ်သောက်တယ် ... တမ်းတလွမ်းဆွတ်လာရင်လဲ ဆေးလိပ်သောက်တယ် ... ဘာလို့ဆို ဆေးလိပ်မကြိုက်တဲ့ ကိုက ကျွန်တော့်ရဲ့ ကိုယ်ကနေထွက်နေတဲ့ ဆေးလိပ်နံ့ကိုတော့ အရမ်းတပ်မက်တာမလား ...........

ပြီးတော့ Ara မင်္ဂလာဆောင်တုန်းက ကောင်မလေးကရော ဘယ်သူလဲ ... သူထိုင်နေရင် ကျွန်တော်နဲ့ အရပ်က ထပ်တူနီးပါးရှည်လျားပြီး ရပ်လိုက်ရင်တော့ ဒေါက်ဖိနပ်ကြောင့် ကျွန်တော့်ကိုတောင် ကျော်တက်သွားလောက်အောင် အရပ်ရှည်လှတဲ့ မိန်းကလေးက ဘာလို့များ ကျွန်တော့်ကို ထိတွေ့လိုက်ရင် ကို့ကို သတိရစေရတာလဲ ... သူ့ရဲ့ မျက်၀န်းတွေကရော ဘာလို့များ မှိုင်းညို့နေရတာလဲ ... Suzi ရဲ့ သူငယ်ချင်းဆိုတော့ Suzi ကိုပဲ မေးရတော့မှာပဲ ..... အခုချိန်မှာတော့ အရင်လို Ara တားလဲ ဂရုစိုက်မှာ မဟုတ်တော့ဘူး တကယ်လို့ ကိုကသာ သူ့ဆီ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော် ပြေးသွားလိုက်တော့မှာပဲ ... ကိုယ်ခံစားရတာ ကိုယ်ပဲသိတယ် မိဘတွေလဲ မသိကြဘူး သူငယ်ချင်းတွေလဲ မသိနိုင်ကြဘူးရယ် ........

One Sided Love { COMPLETED }Tempat cerita menjadi hidup. Temukan sekarang