Start of the Beginning

174 9 2
                                    

"ကို ... မနက်ဖြန်ကျရင် ကျွန်တော့် သူငယ်ချင်း ရန်ကုန်ကို လာလည်မလို့ "

"ဟုတ်လား ... ဘယ်သူလဲ "  Game ဆော့နေရင်း Ara က လှမ်းပြောတာမို့ ပြန်မေးလိုက်မိတယ် သူ့သူငယ်ချင်းတွေဆို ပုံမှန်က မပြောပြပဲ သူ့ဟာသူပဲ သွားတွေ့တာလေ ခုကျ ထူးထူးဆန်းဆန်း

"ကို သိပါတယ် ... ဟိုကောင် Zakk လေ "

"သြော် ... ဟိုတစ်ခါ လာ add ထားတဲ့ ကလေးလေး ... သူ့ကို အဆောင်ကို ခေါ်လာမှာလား "

"အင်း ... ခေါ်လာမယ်လေ နက်ဖြန် ကျွန်တော် ကျောင်းမတက်ဘူး ၉ခွဲ ၁၀နာရီလောက် သူ့ကို သွားကြိုရမယ် "

"ဟင် ... သူက မလာတတ်ဘူးလား "

"ဟုတ်တယ် ... သူက ရန်ကုန်ကို တစ်ခါမှ မရောက်ဖူးသေးဘူး ... အခုမှ ကျွန်တော့်ဆီလာလည်ဖို့ သူ့အိမ်ကို ပြောကြည့်တာ ခွင့်ပြုလိုက်လို့ "

"ပြီးရော ... ဒါဆို သူက ဒီမှာ အိပ်မှာပေါ့ ... ကိုယ် အဲ့ရက်တွေ Swar တို့နဲ့ သွားအိပ်လိုက်မယ် "

"အင်း ... ကို အဆင်ပြေရဲ့လား "

"ပြေပါတယ် ... တစ်ခါတလေပဲဟာ "

.....
ဂိမ်းဆော့ပြီးသွားတော့ မနက်တွေ့ရမယ့် ဧည့်သည်လေးနဲ့ ရင်းနှီးမှုရအောင် Chat box ကနေ စကားသွားပြောကြည့်လိုက်တယ်
"Hello " ဆယ်နာရီ ထိုးနေတာတောင် မီးစိမ်းနေသေးတယ် ဒီကလေး

"ဟုတ်ကဲ့ဗျ "ဟော စာပြန်တာလေးက ချစ်စရာလေး ... ဖတ်ကြည့်ရင်း ပြုံးမိသွားတယ်

"မနက် ရန်ကုန်လာမလို့ဆို ..."

"ဟုတ်တယ် ... "

"မုန့်၀ယ်ခဲ့ .."

"ဟမ် .. ဆိုင်တွေ ပိတ်သွားပြီလေ "

"ဟီးဟီး ... စတာပါ ဒါနဲ့ ကိုယ့်ကို သိလား "

"အင်း ... သိတယ် "

"Ok .. မနက်မှ တွေ့မယ်" ဟီး ... friend ဖြစ်နေတာက ကြာပြီ ခုမှပဲ စကားပြောဖြစ်တော့တယ် ...

                   🤎  9. 12 .2016  🤎

အဲ့ဒီ့နေ့မှာ သူနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ကြတယ် ... ဆောင်းရာသီဖြစ်တဲ့ အတွက်ကြောင့်မို့ အဲ့ဒီနေ့မှာ မိုးရွာမနေခဲ့ဘူး ... နေသာတဲ့ နေ့လေးတစ်နေ့ပေါ့
မနက်ပိုင်း အတန်းချိန်က ဆယ်နာရီမှာ ပြီးတာမို့ ကျန်တဲ့လူတွေ အလျှိုလျှိုနဲ့ ထွက်သွားကြသလိုပဲ ကျွန်တော်လဲ canteen ကို ထွက်လာခဲ့လိုက်တယ် Swar ကတော့ Physic practical ရှိတာမို့ Prac: room ကို သွားပြီမို့ ... Canteen ထိုင်ဖို့ အဖော်ရှာနေတုန်း Pinky နဲ့ Suzi ရောက်လာခဲ့တယ်

One Sided Love { COMPLETED }Donde viven las historias. Descúbrelo ahora