The End of Termination

577 8 2
                                    

ဖောက်ဖွင့်လိုက်တဲ့ အထုပ်လေးထဲက ထွက်ပေါ်လာတဲ့ အနီရဲရဲ စာအုပ်လေးရဲ့ ပထမဆုံးစာမျက်နှာက 'ကို' ဆိုတဲ့ စကားလုံးလေးနဲ့ အစပြုတယ် ...

Diary ရေးလေ့ရေးထ မရှိပါပဲ ခုမှ စရေးတဲ့ Zakk ရဲ့ နောက်ဆုံး လက်ရေးမူကိုတော့ ဖျောက်ဖျက်ပစ်ဖို့ အင်အားမရှိသလို ဖတ်ဖြစ်ဖို့လဲ အားမွေးနေရတယ် ... Diary လေးနဲ့အတူ ပါလာခဲ့တဲ့ Bank စာအုပ်လေးကတော့ ဘာအတွက်လဲ နားမလည်နိုင်သေး ... ရှေ့ဆက်ပြီး ဖတ်ဖို့ ကြိုးစားလိုက်တဲ့နောက် ... ငိုရလွန်းလို့ ခန်းခြောက်နေတဲ့ မျက်လုံးအစုံက ပြန်လည်စိုစွတ်လာပြန်တယ် ..........

ကို

               ဒီစာကို ဖတ်နေချိန်မှာ ကျွန်တော်ကတော့ မရှိလောက်တော့ဘူး ထင်ပါရဲ့ဗျာ ... အခု ဒီစာကို ရေးနေချိန်မှာ ကို့ကို အရမ်း သတိရတယ် ... နာကျင်မှုတွေ ခံစားရတိုင်း ကို့ ကိုပဲ တမ်းတနေမိတာ ... အဲ့ညက ကိုနဲ့တွေ့ပြီး နောက်တစ်နေ့မှာပဲ ကျွန်တော့်ရဲ့ ဆေးစစ်ချက် အဖြေ ရလာခဲ့တယ် ... အဆုတ်ကင်ဆာ အဆင့်၃တဲ့ ...   ကို သိလား ... အဲ့အဖြေကို သိသိချင်းမှာ ကျွန်တော်လန့်သွားတယ်  ပြီးတော့ ကို့မျက်နှာကိုပဲ အရင်မြင်ယောင်လာတယ်
ကြောက်တယ် ကို ကျွန်တော် အရမ်းကြောက်နေခဲ့တာ ကိုနဲ့ ဝေးရတော့မှာကို ... ကို သိလား ကို့ကို စ ရှစ်မိတည်းက ကျွန်တော် ကိုနဲ့ မဝေးချင်ခဲ့တာ ... အခုတော့ တကယ်ပဲ ဝေးရတော့မယ် ထင်တယ်နော် ... ဆရာ၀န်က ပြောတယ် အများဆုံး ၆လလောက်တော့ ခံမယ်တဲ့ ကွက်တိပဲနော် အချိန်က ... ကိုနဲ့ ကျွန်တော် ပြန်တွေ့မှာကလဲ နောက်၆လကြာရင်ဆိုတော့ ... ကျွန်တော် တကယ် မသေရဲသေးဘူး ကိုရယ် ....

စာတစ်မျက်နှာဆုံးသွားတဲ့ နောက်မှာ နောက်တစ်မျက်နှာကို ဘယ်လိုအင်အားနဲ့ ဆက်ဖတ်ရပါ့မလဲ ... မသေရဲသေးဘူးတဲ့လား Zakk ရယ် ... ဘာကြောင့်များ စောစောစီးစီး ကို့ကို အသိမပေးခဲ့ရတာလဲ ... ကို အစွမ်းကုန် ကြိုးစားပြီး ကယ်တင်ပေးမှာပေါ့ ... နောက်ဆုံး အဆုတ်ကို အစားထိုးလို့ရမယ်ဆိုရင်တောင် ကို့ အဆုတ်ကို ပေးလိုက်နိုင်တယ် ... ကိုနဲ့ Zakk က အရာအားလုံးနီးပါး တူညီကြတယ်မလား

ကို သိလား ... ဒီနေ့ ပထမဆုံးအကြိမ် ဓာတ်ကင်ရတယ် ... တစ်ခါမှ မတွေ့ကြုံဖူးသလို ဘယ်သူ့ကိုမှ ဒီအကြောင်းလဲ မပြောပြခဲ့ဖူးတာမို့ ခု အနားမှာ ဘယ်သူမှ မရှိဘူးဗျာ ... ဒါနဲ့ ကျွန်တော် ဒီနေ့ ကို့ အိမ်ရှေ့ကို ရောက်ခဲ့သေးတယ် ... ကိုက အပြင်တောင် သိပ်မထွက်ဘူးလား မသိဘူးနော် ကုသမှု မခံယူခင် အားရှိနေချင်လို့ ကို့မျက်နှာလေး မြင်ရမလားလို့ လာခဲ့တာ ... ခုတော့  အိမ်ရှေ့က စေ့ပိတ်ထားတဲ့ တံခါးက တစ်ချက်လေးတောင် ရွေ့မလာလို့ ချိန်းထားတဲ့ အချိန်လဲ နီးနေပြီမို့ ကျွန်တော် လက်လျှော့လိုက်ရတယ် ... အခုမှ ကြောက်နေတယ်ဆိုလို့ ဘုရားကများ ကျွန်တော့်ကို ရယ်နေမလား မသိဘူးနော် ... ကို့ကို လွမ်းတိုင်း ဆေးလိပ်တွေပဲ လှိမ့်သောက်နေခဲ့တဲ့ ဒီကောင့်ကို ဘုရားက ဒဏ်ခတ်လိုက်တာလေ ... အခုလဲ လွမ်းနေမိတယ်ဗျာ .....

One Sided Love { COMPLETED }Où les histoires vivent. Découvrez maintenant