The End of Termination

104 6 0
                                    

       ~•>>>   ၇ နှစ်ခန့် ကြာပြီးနောက်   <<<•~

အစပိုင်း ၁နှစ် ၂နှစ်လောက်တော့ ရုန်းကန်ခဲ့ရပေမယ့် အခြေအနေတွေက အရမ်းခက်ခဲခဲ့တယ်ရယ်လို့မရှိ ... မြတ်စွာဘုရားရဲ့ စောင်မကြည့်ရှုမှုကြောင့်ပဲလား ဘာလား မသိပေမယ့်လို့ပေါ့ ... အခုဆို Luna ကလဲ သူဖြစ်ချင်ခဲ့တဲ့ အောင်မြင်ကျော်ကြားတဲ့ Tourist Guide ဖြစ်ခဲ့ပြီ ... အစက M.Ed. ဆက်တက်ဖို့ ရည်ရွယ်ခဲ့ပေမယ့်လဲ UFL မှာပဲ ညကျောင်းတက် Diploma ရအောင်ယူဖြစ်ခဲ့ပြီး သူ ဝါသနာပါရာ လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့တာပင် ...

Zaxes ကတော့ လောလောဆယ်မှာ ဆယ့်နှစ်ရာသီ အားလပ်ရက်မရှိ ... Zera n Zaxes Studio ထောင်ထားပြီးတဲ့နောက် နှစ်ယောက်လုံးမှာ ပိုပြီး အောင်မြင်လာတာ... အမှန်အတိုင်း ၀န်ခံရရင်တော့ ဟိုးအစပိုင်း နေ့ရက်တွေမှာ ငွေကြေးပြတ်လပ်မှုမရှိရအောင် ကူညီပေးခဲ့တာကတော့ ကျွန်တော် အရမ်း အထင်သေးခဲ့တဲ့ စာသင်ခြင်းအတတ်ပညာပါပဲလေ ... ရန်ကုန်မြို့ရဲ့ လူနေမှုစားရိတ်ကို ပါလာတဲ့ ပိုက်ဆံလေး သိန်းနှစ်ဆယ်လောက်က ​ရက်ရှည်မထောက်ပံ့နိုင်ခဲ့တာမို့ ၂နှစ်လောက်ကတော့ ဂိုက်လိုက်သင်လိုက် သင်တန်းတက်လိုက်နဲ့ပဲ လုံးလည်ချာလည်လိုက်နေခဲ့ကြတာ ...

ဒီကြားထဲမှာ အိမ်ကလဲ တစ်စက်မှ မဆက်သွယ်ခဲ့သလို ကျွန်တော့်ဘက်ကလဲ ဆက်သွယ်ဖို့ မပြောနဲ့ သတိတောင် ရမိရဲ့လားမသိ ... တစ်ခါတလေ စိတ်ပင်ပန်းလာရင်လဲ တမ်းတမိတာက Zakk ပဲ ... ပျော်ရွှင်နေတဲ့ချိန် သတိရမိတာလဲ Zakk ပဲ ... တစ်ခါတလေတော့ ရင်ထဲ အသည်းထဲ စွဲနေတဲ့ ဖုန်းနံပါတ်လေး တစ်ခုကို လက်က အလိုလို ရိုက်မိခဲ့ပေမယ့် Call ကို နှိပ်ဖို့ရာထိ မရဲစွမ်းခဲ့ ...

ဒီနှစ်ထဲမှာပဲ Swar နဲ့ Ara တို့ရဲ့ မင်္ဂလာပွဲတွေ ရှိနေတာမို့ ကျွန်တော်တို့ Studio က အလုပ်လက်ခံတာကို တပည့်တွေနဲ့ လွှဲထားလိုက်တော့တယ် Swar က ရန်ကုန်မှာပဲ ဆောင်မှာဆိုတော့ သိပ်တော့ မပင်ပန်းရဘူး ...Ara ကတော့ သူတို့ရဲ့ မွေးရပ်မြေ တောင်ငူမှာပဲ ဆောင်မှာဆိုတော့ သူ့ မင်္ဂလာဆောင်ကို သွားရင်းနဲ့ တောင်ငူကဆိုင်လေးကို တစ်ချက်၀င်ပြီး စစ်ဆေးရဦးမယ် ........

One Sided Love { COMPLETED }Where stories live. Discover now