Part 8 🐰🐯 ( zawgyi+unicode)

6.6K 724 87
                                    

#zawgyi

ကံကြမ္မာဆိုတဲ့ အရာကြီးက အားနည်းနေတဲ့ လူသားတွေကိုမှ ရွေးပြီးရက်စက်တတ်တာလား။

ကျွန်တော်ချစ်ရသူတွေနဲ့ကျွန်တော်ကို သူကွေကွင်းအောင် အမျိုးမျိုးဖန်တီးနေလေတော့သည်။

အခုဆို Taeမေမေဆုံးတာလဲ ကြာပြီဖြစ်သည်။

Tae စိတ်လဲ အနည်ထိုင်ခဲ့ပြီ။ အရင်လိုကျွန်တော့်အပေါ်မဆိုးနွဲ့တော့တာကလွဲလို့ပေါ့။

Tae တစ်ယောက် တစ်ဖက်က ကုမ္ပဏီနဲ့ပတ်သက်ပြီး
လိုအပ်တဲ့ စာရွက်စာတန်းတွေကို အစီအစဉ် ကျစေရန် စီရီနေစဉ်

မျက်စိအရှေ့သို့ ရောက်လာလေသော နီနီရဲရဲ ဒေါက်ဖိနပ်တစ်စုံ

Tae မော့ကြည့်မိတော့ အမျိုးသမီးတစ်ဦး ဝတ်ဆင်ထားတဲ့အဝတ်အစားတို့မှာလဲ club သွားမည့်သူ အလား ရင်ကိုဟိုက်ကျအောင်အထိဝတ်ဆင်ကာ လွန်စွာ သရုပ်ပျက်လှသည်။

ကျွန်တော်ကြည့်နေတာကို အလိုမကျသည်ထင် ထိုမိန်းကလေးမျက်နှာက တင်းမာနေပြီး

" ဒီမှာ ကျွန်မ Jungkook ဆီကိုလာတာ Jungkook ရှိတယ်မို့လား"

ထိုမိန်းကလေးက Jeon ဆီလာတယ်ဆိုပါလား။

Jeon နဲ့ဘယ်လိုများပတ်သက်နေခဲ့တာလဲ။

ပူပန်မှုတို့ဖြစ်ခဲ့ပါသော်လည်း သူJeon ကိုယုံကြည်သောကြောင့်

"ဟုတ်ကဲ့ CEO Jeon ရှိပါတယ် ဘယ်သူလို့ပြောပေးရမလဲခင်ဗျ"

"နေတော့ နေတော့ ကျွန်မဘာသာ ဝင်သွားလိုက်မယ်"
ဟုဆိုကာ ဒေါက်ဖိနပ်သံ တဂွပ်ဂွပ်နှင့် အရှေ့မှဝင်သွားလေသည်။

Tae လဲ Jeon ကိုတင်ပြရမည့် အချက်အလက်တို့ကို ကိုင်ကာ ထိုမိန်းကလေးနဲ့အတူ လိုက်ဝင်လာမိသည်။

" Hello Jungkook ငါအပြင်သွားရင် လိုက်ပို့မယ်ပြောထားတယ်နော်

အခုသွားချင်လို့လိုက်ပို့~~~"

ထိုမိန်းကလေးက Jeon လက်မောင်းကို ချိတ်ဆွဲကာ ညုတုတုအသံနှင့်ဆိုလေသည်။

" Go HanNa shii ကျွန်တော်မအားသေးဘူး။
တကယ်လိုသွားချင်ရင် ကျွန်တော့်မန်နေဂျာကို ပို့ခိုင်းပါ့မယ်"

အတိတ်ရဲ့နှောင်ကြိုး { TAEKOOK }Where stories live. Discover now